Wednesday 30 April 2014

အိုဘားမားက ဖိလစ်ပိုင်ကို အကာအကွယ်ပေးခဲ့ပြီး တရုတ်ကို သတိပေး

Photo: အိုဘားမားက ဖိလစ်ပိုင်ကို အကာအကွယ်ပေးခဲ့ပြီး တရုတ်ကို သတိပေး
Wednesday, April 30, 2014

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖိလစ်ပိုင်ကို စစ်ရေးအရ အခိုင်အမာ ထောက်ပံ့မည်ဟု ကတိပြုခဲ့ပြီး နယ်မြေအငြင်းပွားမှုကို ဖြေရှင်းရာ၌ အင်အားသုံးခြင်း မပြုရန် ဧပြီ ၂၉ ရက်တွင် တရုတ်ကို သတိပေးချက် အသစ်တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။

လေးနိုင်ငံ အာရှခရီးစဉ် နောက်ဆုံးနေ့တွင် မနီလာမြို့၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို အိုဘားမားက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာတွင် ဒေသတွင်း၌ တရုတ်နှင့်အမေရိကန်၏ မဟာမိတ်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံတို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာသည့်အပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတွေနဲ့ ပြည်သူတွေမှာ လုံခြုံစွာနဲ့ ငြိမ်းချမ်းစွာ နေထိုင်ရဖို့ သူတို့ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်ဆိုင်မှုကို လေးစားခံရဖို့ အခွင့်အလမ်းရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နိုင်ငံတကာဥပဒေကို လိုက်နာရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ထိန်းသိမ်းပြီး ကူးသန်းရောင်းဝယ်မှုကို နှောင့်ယှက်မှု မပြုလုပ်ရပါဘူး။ အငြင်းပွားမှုတွေကို အင်အားမသုံးဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းငယ်လေးများ၊ သန္တာကျောက်တန်းများ၊ ကျောက်ဆောင်များနှင့် ပတ်သက်၍ တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ အများအပြား ရှိနေသည်ဟု ယုံကြည်ရသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောကြားခဲ့ရာ အိမ်နီးချင်းနိုင်ငံများနှင့်  နီးကပ်စွာတည်ရှိသော ရေပြင်များနှင့် အခြားအရာများလည်း ပါဝင်သည်။ ဖိလစ်ပိုင်သည် ဒေသတွင်း၌ စစ်ရေးအရ အားအနည်းဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်သည် ဖိလစ်ပိုင်နှင့် အငြင်းပွားနေသော နယ်မြေများကို ထိန်းချုပ်ရန်အတွက် စစ်ရေးအရနှင့် သံတမန်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်လာနေသောကြောင့် ဖိလစ်ပိုင်က သူ၏ရေရှည် မဟာမိတ် အမေရိကန်ကို အကူအညီ တောင်းခံထားသည်။

Ref:AFP
Eleven Media Group 

ဧပြီ ၂၉ ရက်တွင် မနီလာမြို့ရှိ ဖို့ဒ်ဘော်နီဖာဆီယိုစခန်း၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောနေသော အမေရိကန်သမ္မတ အိုဘားမား (Photo:AFP)
ဧပြီ ၂၉ ရက်တွင် မနီလာမြို့ရှိ ဖို့ဒ်ဘော်နီဖာဆီယိုစခန်း၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောနေသော အမေရိကန် သမ္မတ အိုဘားမား (Photo:AFP)

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ဖိလစ်ပိုင်ကို စစ်ရေးအရ အခိုင်အမာ ထောက်ပံ့မည်ဟု ကတိပြုခဲ့ပြီး နယ်မြေအငြင်းပွားမှုကို ဖြေရှင်းရာ၌ အင်အားသုံးခြင်း မပြုရန် ဧပြီ ၂၉ ရက်တွင် တရုတ်ကို သတိပေးချက် အသစ်တစ်ရပ် ထပ်မံပြုလုပ်ခဲ့သည်။
လေးနိုင်ငံ အာရှခရီးစဉ် နောက်ဆုံးနေ့တွင် မနီလာမြို့၌ အမေရိကန်နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များကို အိုဘားမားက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာတွင် ဒေသတွင်း၌ တရုတ်နှင့်အမေရိကန်၏ မဟာ မိတ်ဖြစ်သော ဖိလစ်ပိုင်နိုင်ငံတို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းနှင့် ပတ်သက်၍ တင်းမာမှု များ မြင့်တက်လာသည့်အပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတွေနဲ့ ပြည်သူတွေမှာ လုံခြုံစွာနဲ့ ငြိမ်းချမ်းစွာ နေထိုင်ရဖို့ သူတို့ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင် ဆိုင်မှု ကို လေးစားခံရဖို့ အခွင့်အလမ်းရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ နိုင်ငံတကာဥပဒေကို လိုက်နာရ မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ထိန်းသိမ်းပြီး ကူး သန်းရောင်းဝယ်မှုကို နှောင့်ယှက်မှု မပြုလုပ်ရပါဘူး။ အငြင်းပွားမှုတွေကို အင်အားမသုံးဘဲ ငြိမ်းချမ်း စွာ ဖြေရှင်း ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းငယ်လေးများ၊ သန္တာကျောက်တန်း များ၊ ကျောက်ဆောင် များနှင့် ပတ်သက်၍ တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ အများအပြား ရှိနေသည်ဟု ယုံကြည်ရသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က ၎င်းတို့ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောကြားခဲ့ရာ အိမ်နီးချင်းနိုင်ငံများနှင့်  နီးကပ်စွာတည်ရှိသော ရေပြင်များနှင့် အခြားအရာများလည်း ပါဝင်သည်။ ဖိလစ်ပိုင်သည် ဒေသတွင်း၌ စစ်ရေးအရ အားအနည်းဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်သည် ဖိလစ်ပိုင်နှင့် အငြင်းပွားနေသော နယ်မြေ များကို ထိန်းချုပ်ရန်အတွက် စစ်ရေးအရနှင့် သံတမန်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်လာနေသောကြောင့် ဖိလစ်ပိုင်က သူ၏ရေရှည် မဟာမိတ် အမေရိကန်ကို အကူအညီ တောင်းခံထားသည်။

Ref:AFP
Eleven Media Group

No comments:

Post a Comment