Tuesday 29 April 2014

ယူနတီသတင်းဂျာနယ်၏ (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် ပေါက်မြို့မ ရဲစခန်း စခန်းမှူးအပါအ၀င် လိုပြသက်သေနှစ်ဦးအား စစ်ဆေး

Photo: ယူနတီသတင်းဂျာနယ်၏ (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် ပေါက်မြို့မ ရဲစခန်း စခန်းမှူးအပါအ၀င် လိုပြသက်သေနှစ်ဦးအား စစ်ဆေး
Tuesday, April 29, 2014

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီအမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ ၏ ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လိုပြသက်သေအဖြစ် ပခုက္ကူ ခရိုင်တရားရုံးသို့ လာရောက်ထွက်ဆို အစစ်ဆေးခံခဲ့သည့် ယူနတီဂျာနယ်ရုံး အဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ကိုလူမော်နိုင်ပေးပို့လိုက်သည့် သတင်းအချက်အလက်များကို ဂျာနယ်တွင် သတင်းအဖြစ်သာဖော်ပြခဲ့ပြီးအခြားမည်သည့်နိုင်ငံကိုမှ ပေးပို့ထားခြင်းမရှိကြောင်းနှင့်  ပေါက်မြို့မစခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေ ဦးဝါ၀င်းမောင်က က.ပ.စ (၂၄)စက်ရုံအား တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါသလားဟု မေးမြန်းရာ ၎င်းက နိုင်ငံတော်သမ္မတ အမိန့်ထုတ်ပြန်ထားသည်ကို ကြားဖူးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
    
ပေါက်မြို့မရဲစခန်းမှူး ငွေထွန်း၏ ထွက်ဆိုချက်မှာ မတ် ၁၇ ရက်က ပြုလုပ်ခဲ့သည့် စတုတ္ထရုံးချိန်းတွင် တရားလို ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးအား စွပ်စွဲခံရသူများ၏ ရှေ့နေများက တားမြစ်နယ်မြေနှင့် ပက်သက်သော ကြော်ငြာချက်များချိတ်ဆွဲရာတွင် ထိုအမိန့်ကြော်ငြာစာကို သက်ဆိုင်ရာစက်ရုံမှူးက ထုတ်ထားပါသလား သို့မဟုတ် ပြည်ထောင်စုအဆင့်ဝန်ကြီးတစ်ဦးဦးက ထုတ်ထားပါသလားမေးရာ စက်ရုံးမှူးက ထုတ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုချက်နှင့် ကွဲလွဲနေသည်။
    
လိုပြသက်သေ ပေါက်မြို့မရဲစခန်းမှူး ငွေထွန်းမှလည်း ၃၀.၁.၂၀၁၄ တွင် က.ပ.စ ၂၄ စက်ရုံမှူး ဒုတိယဗိုလ်မှုးကြီး ကျော်ကျော်ဦးက ယူနတီတွင် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းဖော်ပြခြင်းသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်အား ပေါက်ကြားစေခြင်းဖြစ်သည့်အတွက် ဂျာနယ်တိုက် တာဝန်ရှိသူတို့အား အရေးယူပေးပါရန် တိုင်ကြားစာပေးပို့ခဲ့ကြောင်း၊ ထိုနေ့မှာပင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁) (က) ။၉ ဖြင့် အမှုဖွင့်ဆောင်ရွက်၍ တရားလိုအား စစ်ဆေးခဲ့ကြောင်း၊ ၁.၂.၂၀၁၄ ရက်နေ့တွင် ကိုလူမော်နိုင်အား စစ်ဆေးဖမ်းဆီးပြီး ပေါက်မြို့နယ်တရားရုံးတွင် ၁.၂.၂၀၁၄ ရက်မှ ၁၄.၂.၂၀၁၄ ရက်အထိ ချုပ်မိန့်တောင်းခံရယူခဲ့ပြီး သတင်းတပ်ဖွဲ့မှ ဒုရဲမှူး မောင်မောင်သန်းထံ အမှုကို လွှဲပြောင်းပေးခဲ့ကြောင်း ပခုက္ကူခရိုင်တရားရုံးသို့ ထွက်ဆိုခဲ့သည်။
    
စွပ်စွဲခံရသူများ၏ ရှေ့နေများက တိုင်ကြားစာပို့ရာတွင် မည်သည့်ဥပဒေဖြင့် အရေးယူပါဟု ပါသလားမေးရာ တိုင်စာကိုကြည့်ပြီး နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေပုဒ်မ ၃၊ ၁ (က) ခေါင်းစီးတွင် သူလျှိုများအတွက် အပြစ်ပေးခြင်းဟု အင်္ဂလိပ်စာဖြင့် ရေးသားထားသည်ကို တွေ့ရှိပါသလားဆိုလျှင် တွေ့ရှိကြောင်း၊ သတင်းရေးသားသူများမှာ သတင်းထောက်များဖြစ်သည်ကို သိပါသလားဆိုလျှင် အမှုဖွင့်စဉ်က မသိပါ၊ ရှာဖွေပစ္စည်းများ သိမ်းဆည်းရာတွင် တရားသူကြီးတစ်ဦးထံမှ ခွင့်ပြုမိန့်ရယူပြီးမှ ရှာဖွေဝရမ်းပါသလားဆိုလျှင် ရဲအရေးပိုင်အမှုဖြစ်သည့်အတွက် ပြစ်။ ကျင့် ပုဒ်မ ၁၀၃ အရ ရှာဖွေခြင်းဖြစ်ကြောင်း၊ အမှုဖွင့်သည့် အရာရှိဖြစ်သည့်အတွက် စက်ရုံသို့ရောက်ဖူးပါသလားမေးရာ မရောက်ဘူးကြောင်း၊  က.ပ.စ (၂၄) စက်ရုံ တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါသလားမေးရာ ကြားဖူးကြောင်း၊ မည်သည့်အချိန်တွင် ထုတ်ပြန်ထားသည်ကို ကြားဖူးခြင်းဖြစ်သည်ကို
မှတ်မိသလားမေးရာ မမှတ်မိကြောင်းနှင့် က.ပ.စ ၂၄ စက်ရုံမှ ပေါက်မြို့နယ်အတွင်းရှိသည်မှာ မှန်ကြောင်းတို့ကိုလည်း ထွက်ဆိုခဲ့သည်။
    
ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လိုပြသက်သေ ပေါက်မြို့မရဲစခန်း စခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေများက မေးခွန်းမေးမြန်းစဉ်တွင် ခရိုင်ဥပဒေအရာရှိက မေးခွန်းကို ရှင်းလင်းစွာမေးရန်နှင့် မေးခွန်းမဟုတ်သော ဥပဒေနှင့် ပက်သက်သည်များကိုမမေးရန် ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး ခရိုင်တရားသူကြီး၊ ခရိုင်ဥပဒေအရာရှိနှင့် စွပ်စွဲခံရသူများ၏ရှေ့နေများကြား မေးခွန်းမေးမြန်းမှုနှင့် ပက်သက်၍ အချေအတင် ပြောဆိုမှုများလည်း ရှိခဲ့သည်။

အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အဆိုပါစက်ရုံ စီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ယခုနှစ် ဇန်န၀ါရီ ၃၀ ရက်၌ ပေါက်မြို့မရဲစခန်းတွင် (ပ)၈။၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁) (က)။၉ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁၄ ရက်မှ အမှုအား စတင်စစ်ဆေးခဲ့ရာ ဧပြီ ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်း ပထမနေ့ပြီးသည်အထိ လိုပြသက် သေ ၂၀ ဦးထိ စစ်ဆေးခဲ့ပြီး ဒုတိယနေ့၌ လိုပြသက်သေ ငါးဦး စစ်ဆေးမည်ဟု သိရသည်။

Eleven Media Group 

တရားစွဲခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားရုံးတွင် ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်၌ လာရောက်သူများနှင့်အတူ တွေ့ရစဉ်
တရားစွဲခံထားရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ပခုက္ကူခရိုင်တရားရုံးတွင် ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်၌ လာရောက်သူများနှင့်အတူ တွေ့ရစဉ်

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားဖော်ပြ မှုကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည့် ယူနတီ အမှုဆောင် အရာရှိ ချုပ်နှင့် သတင်းထောက်လေးဦးတို့ ၏ ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့ တွင် လိုပြသက်သေအဖြစ် ပခုက္ကူ ခရိုင်တရားရုံးသို့ လာရောက်ထွက်ဆို အစစ်ဆေးခံခဲ့သည့် ယူနတီ ဂျာနယ်ရုံး အဖွဲ့မှူး ကိုအောင်ဝင်းထွန်းက ကိုလူမော်နိုင်ပေးပို့လိုက်သည့် သတင်းအချက်အလက်များကို ဂျာနယ်တွင် သတင်းအဖြစ်သာဖော်ပြခဲ့ပြီးအခြားမည်သည့်နိုင်ငံကိုမှ ပေးပို့ထားခြင်း မရှိကြော င်းနှင့်  ပေါက်မြို့မစခန်းမှူး ငွေထွန်းအား စွပ်စွဲခံရသူများ၏ရှေ့နေ ဦးဝါ၀င်းမောင်က က.ပ.စ (၂၄) စက်ရုံ အား တားမြစ်နယ်အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါ သလားဟု မေးမြန်းရာ ၎င်းက နိုင်ငံတော်သမ္မတ အမိန့်ထုတ်ပြန်ထားသည်ကို ကြားဖူးကြောင်း ပြန် လည်ဖြေကြားခဲ့သည်။
ပေါက်မြို့မရဲစခန်းမှူး ငွေထွန်း၏ ထွက်ဆိုချက်မှာ မတ် ၁၇ ရက်က ပြုလုပ်ခဲ့သည့် စတုတ္ထရုံးချိန်းတွင် တရားလို ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးအား စွပ်စွဲခံရသူများ၏ ရှေ့နေများက တားမြစ်နယ်မြေနှင့် ပက်သက်သော ကြော်ငြာချက်များချိတ်ဆွဲရာတွင် ထိုအမိန့်ကြော်ငြာစာကို သက်ဆိုင်ရာစက်ရုံမှူးက ထုတ်ထားပါသလား သို့မဟုတ် ပြည်ထောင်စုအဆင့်ဝန်ကြီးတစ်ဦးဦးက ထုတ်ထားပါသလားမေးရာ စက်ရုံးမှူးက ထုတ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုချက်နှင့် ကွဲလွဲနေသည်။
   
လိုပြသက်သေ ပေါက်မြို့မရဲစခန်းမှူး ငွေထွန်းမှလည်း ၃၀.၁.၂၀၁၄ တွင် က.ပ.စ ၂၄ စက်ရုံမှူး ဒုတိယ ဗိုလ်မှုးကြီး ကျော်ကျော်ဦးက ယူနတီတွင် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းဖော်ပြခြင်း သည် နိုင်ငံတော်၏ လျှို့ဝှက်ချက်အား ပေါက်ကြားစေခြင်းဖြစ်သည့်အတွက် ဂျာနယ်တိုက် တာဝန် ရှိသူတို့အား အရေးယူပေးပါရန် တိုင်ကြားစာပေးပို့ခဲ့ကြောင်း၊ ထိုနေ့မှာပင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ၃(၁) (က) ။၉ ဖြင့် အမှုဖွင့်ဆောင်ရွက်၍ တရားလိုအား စစ်ဆေးခဲ့ကြောင်း၊ ၁.၂.၂၀၁၄ ရက်နေ့တွင် ကိုလူမော်နိုင်အား စစ်ဆေးဖမ်းဆီးပြီး ပေါက်မြို့နယ်တရားရုံးတွင် ၁.၂.၂၀၁၄ ရက်မှ ၁၄.၂.၂၀၁၄ ရက်အထိ ချုပ်မိန့်တောင်းခံရယူခဲ့ပြီး သတင်းတပ်ဖွဲ့မှ ဒုရဲမှူး မောင်မောင်သန်းထံ အမှုကို လွှဲပြောင်းပေးခဲ့ကြောင်း ပခုက္ကူခရိုင်တရားရုံးသို့ ထွက်ဆိုခဲ့သည်။
   
စွပ်စွဲခံရသူများ၏ ရှေ့နေများက တိုင်ကြားစာပို့ရာတွင် မည်သည့်ဥပဒေဖြင့် အရေးယူပါဟု ပါသလားမေးရာ တိုင်စာကိုကြည့်ပြီး နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေပုဒ်မ ၃၊ ၁ (က) ခေါင်းစီးတွင် သူလျှိုများအတွက် အပြစ်ပေးခြင်းဟု အင်္ဂလိပ်စာဖြင့် ရေးသား ထားသည် ကို တွေ့ရှိပါသလားဆိုလျှင် တွေ့ရှိကြောင်း၊ သတင်းရေးသားသူများမှာ သတင်းထောက် များဖြစ်သည်ကို သိပါသလားဆိုလျှင် အမှုဖွင့်စဉ်က မသိပါ၊ ရှာဖွေပစ္စည်းများ သိမ်းဆည်းရာတွင် တရားသူကြီး တစ်ဦးထံမှ ခွင့်ပြုမိန့်ရယူပြီးမှ ရှာဖွေဝရမ်းပါသလားဆိုလျှင် ရဲအရေးပိုင်အမှုဖြစ်သည့် အတွက် ပြစ်။ ကျင့် ပုဒ်မ ၁၀၃ အရ ရှာဖွေခြင်းဖြစ်ကြောင်း၊ အမှုဖွင့်သည့် အရာရှိဖြစ်သည့်အတွက် စက်ရုံသို့ရောက် ဖူးပါသလားမေးရာ မရောက်ဘူးကြောင်း၊  က.ပ.စ (၂၄) စက်ရုံ တားမြစ်နယ် အဖြစ် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ထုတ်ပြန်ထားသည်ကို ကြားဖူး၊ မြင်ဖူး၊ တွေ့ဖူးပါသလားမေးရာ ကြားဖူးကြောင်း၊ မည်သည့်အချိန်တွင် ထုတ်ပြန်ထားသည်ကို ကြားဖူးခြင်းဖြစ်သည်ကို မှတ်မိသလားမေးရာ မမှတ်မိကြောင်းနှင့် က.ပ.စ ၂၄ စက်ရုံမှ ပေါက်မြို့နယ်အတွင်းရှိသည်မှာ မှန်ကြောင်းတို့ကိုလည်း ထွက်ဆိုခဲ့သည်။
   
ဧပြီ ၂၈ ရက် (၈) ကြိမ်မြောက်ရုံးချိန်း ပထမနေ့တွင် လိုပြသက်သေ ပေါက်မြို့မရဲစခန်း စခန်းမှူး ငွေထွန်း အား စွပ်စွဲခံရသူများ၏ရှေ့နေများက မေးခွန်းမေးမြန်းစဉ်တွင် ခရိုင်ဥပဒေအရာရှိက မေးခွန်းကို ရှင်းလင်း စွာမေးရန်နှင့် မေးခွန်းမဟုတ်သော ဥပဒေနှင့် ပက်သက်သည်များကိုမမေးရန် ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး ခရိုင်တရားသူကြီး၊ ခရိုင်ဥပဒေအရာရှိနှင့် စွပ်စွဲခံရသူများ၏ရှေ့နေများကြား မေးခွန်းမေးမြန်းမှုနှင့် ပက်သက်၍ အချေအတင် ပြောဆိုမှုများလည်း ရှိခဲ့သည်။

အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြမှုကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိ ချုပ်နှင့် သတင်းထောက်လေးဦးတို့အား အဆိုပါစက်ရုံ စီမံဌာနမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက ယခုနှစ် ဇန်န၀ါရီ ၃၀ ရက်၌ ပေါက်မြို့မရဲစခန်းတွင် (ပ)၈။၂၀၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁) (က)။၉ ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား ဖမ်းဆီး၍ ဖေဖော်ဝါရီ ၁၄ ရက်မှ အမှုအား စတင်စစ်ဆေးခဲ့ရာ ဧပြီ ၂၈ ရက် ရှစ်ကြိမ်မြောက်ရုံးချိန်း ပထမနေ့ပြီးသည်အထိ လိုပြသက် သေ ၂၀ ဦးထိ စစ်ဆေးခဲ့ပြီး ဒုတိယနေ့၌ လိုပြသက်သေ ငါးဦး စစ်ဆေးမည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment