Tuesday 29 April 2014

တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု ပါဆာကျေးရွာ အနီးတွင် ၈၁ မမ ဗုံးသီးများ သိမ်းဆည်း ရမိ


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု ပါဆာကျေးရွာရှိ လွန်းလိန် ဘုန်း ကြီးကျောင်း၏ အနောက်မြောက်ဘက် ဟွေဖလန်းချောင်းအနီး မူးယစ်တရားခံပြေး စိုင်းနော်ခမ်း (သေဆုံး) က မသေဆုံးမီ ဗုံးသီးများ မြှုပ်နှံထားကြောင်း သတင်း ရရှိသဖြင့် ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းတွင် တပ်မတော် သားများက သွားရောက်ရှင်းလင်းခဲ့ရာ မြေကြီးအနက် ၁ ပေခန့်၌ အနက်ရောင် ပလတ်စတစ်ပုံး တစ်လုံး အား တွေ့ရှိရပြီး ၎င်းပလတ်စတစ်ပုံး အတွင်းမှ ၈၁ မမ ဗုံးသီးအလုံး ၂ဝ အား သိမ်းဆည်းရမိခဲ့သည်။




အဆိုပါ သိမ်းဆည်းရမိ ဗုံးသီးများအား လုပ်ထုံးလုပ်နည်းနှင့် အညီ စစ်ဆေး အပ်နှံနိုင်ရေး စီစဉ် ဆောင် ရွက် လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment