Tuesday 29 April 2014

ကချင်ပြည်နယ်တွင် လေးလအတွင်း တရားမ၀င်တရုတ်နိုင်ငံသား ၉၃ ဦးဖမ်းဆီး

Photo: ကချင်ပြည်နယ်တွင် လေးလအတွင်း တရားမ၀င်တရုတ်နိုင်ငံသား ၉၃ ဦးဖမ်းဆီး
Tuesday, April 29, 2014

ကချင်ပြည်နယ်တွင် ၂၀၁၄ နှစ်ဆန်းမှ ယခုအချိန်ထိ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၉၃ ဦးကို ဖမ်း ဆီးအရေးယူ ခဲ့ကြောင်း ကချင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘အများစုက လ၀က အက် နှင့် ဖမ်းအရေး ယူတာ များတယ်။ တချို့က သစ်လုပ်ငန်းနဲ့ ရွှေကိစ္စလည်းပါတယ်’’ဟု ကချင်ပြည်နယ် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇန်န၀ါရီလမှ ဧပြီအထိ တရုတ်နိုင်ငံသား ၉၃ ဦးကို ကချင် ပြည်နယ်တွင်းရှိ ၀ိုင်းမော်၊ ဆဒုံ၊ ချီဗွေ၊ လွယ်ဂျယ်နှင့် တနိုင်းမြို့ နယ်များတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ် သည်။

ဖမ်းဆီးရမိသည့် တရုတ် နိုင်ငံသားများသည် တရားမ၀င် ၀င်ရာက်လာပြီး ရွှေ၊ သစ်မှောင်ခို လုပ်ငန်းများ လုပ်ကိုင်မှုများပြား ကြောင်းလည်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်က လည်း ချီဗွေမြို့နယ်ခွဲတွင် တရုတ် နိုင်ငံသား ၁၉ ဦးကို တပ်က ဖမ်း ဆီးထားပြီး ထိုတရုတ်နိုင်ငံသား များအားယခုအချိန်အထိ အမှုမ ဖွင့်ရသေးကြောင်း လ၀က တာ ၀န်ရှိသူမှဆိုသည်။

မတ်လအတွင်းက မေခမြစ် တစ်လျှောက်ရွှေကျင်နေချိန် ဖမ်း မိသည့် တရုတ်နိုင်ငံသား ၄၁ ဦး ကို လည်း ယခုအချိန်ထိ အမှုစစ် ဆေးနေဆဲဖြစ်ကြောင်းလည်း ဆို သည်။

တရုတ်နိုင်ငံသားများအများဆုံးဖမ်းဆီးရမိသည်မှာ စစ် တပ်မှ နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Author: မရန်

7Day Daily
ကချင်ပြည်နယ်တွင် ၂၀၁၄ နှစ်ဆန်းမှ ယခုအချိန်ထိ တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား ၉၃ ဦးကို ဖမ်း ဆီးအရေးယူ ခဲ့ကြောင်း ကချင် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သ တင်းရရှိသည်။
‘‘အများစုကလ၀က အက် နှင့် ဖမ်းအရေးယူတာများတယ်။ တချို့ကသစ်လုပ်ငန်းနဲ့ ရွှေ ကိစ္စလည်း ပါတယ်’’ ဟု ကချင်ပြည်နယ် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇန်န၀ါရီလမှ ဧပြီအထိ တရုတ်နိုင်ငံသား ၉၃ ဦးကို ကချင် ပြည်နယ်တွင်းရှိ ၀ိုင်းမော်၊ ဆဒုံ၊ ချီဗွေ၊ လွယ်ဂျယ်နှင့် တနိုင်းမြို့ နယ်များတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ် သည်။

ဖမ်းဆီးရမိသည့် တရုတ် နိုင်ငံသားများသည် တရားမ၀င် ၀င်ရာက်လာပြီး ရွှေ၊ သစ်မှောင်ခို လုပ်ငန်းများ လုပ်ကိုင်မှုများပြား ကြောင်းလည်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဧပြီ ၂၄ ရက်က လည်း ချီဗွေမြို့နယ်ခွဲတွင် တရုတ် နိုင်ငံသား ၁၉ ဦးကို တပ်က ဖမ်းဆီး ထားပြီး ထိုတရုတ်နိုင်ငံသား များအားယခုအချိန်အထိ အမှုမ ဖွင့်ရသေးကြောင်း လ၀က တာဝန်ရှိသူမှ ဆိုသည်။

မတ်လအတွင်းက မေခမြစ် တစ်လျှောက်ရွှေကျင်နေချိန် ဖမ်း မိသည့် တရုတ်နိုင်ငံသား ၄၁ ဦး ကို လည်း ယခု အချိန် ထိ အမှုစစ် ဆေးနေဆဲဖြစ်ကြောင်းလည်း ဆို သည်။

တရုတ်နိုင်ငံသားများအများဆုံးဖမ်းဆီးရမိသည်မှာ စစ် တပ်မှ နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရရှိခြင်းဖြစ်ကြော င်း သတင်းရရှိသည်။

Author: မရန်

7Day Daily

No comments:

Post a Comment