Tuesday 29 April 2014

'ဦးတည်ချက်မဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်မှု နည်းနေ' ဟု စီးပွားရေးဆိုင်ရာ သမ္မတအကြံပေး ဦးမြင့် သတိပေး

Photo: 'ဦးတည်ချက်မဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် အကျိုးသက်ရောက်မှု နည်းနေ' ဟု စီးပွားရေးဆိုင်ရာ သမ္မတအကြံပေး ဦးမြင့် သတိပေး
Tuesday, April 29, 2014

'အစိုးရ၏ စီးပွားရေးအကောင်အထည် ဖော်ဆောင်မှု အရှိန်အဟုန် မြန်ဆန်လွန်းကာ တိကျသော ဦးတည် ချက် မရှိသဖြင့် အကျိုးသက်ရာက်မူ နည်းပါးလျက်ရှိနေသည်' 

ဟု နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင်ဒေါက်တာဦးမြင့်က ယင်း၏အမြင်ကို မီဒီယာများအားထုတ်ဖော် ပြောကြားလိုက်သည်။

အစိုးရသစ် တာဝန်ယူဆောင်ရွက်ပြီးနောက် ပုဂ္ဂလိကဏ္ဍများပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေး ပြုပြင်ပြောင်းလဲများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန် တကယ် ဖြစ်ပေါ်လာခြင်း မရှိသေးသည့်အပေါ် ရည်ညွှန်းကာ မတ်လ ၁၉ရက် က ရန်ကုန်မြို့ရှိ နိုင်ငံတော် သမ္မတ အကြံပေးရုံးတွင် မီဒီယာများနှင့်တွေ့ဆုံကာ ပြောခဲ့ခြင်း ဖြစ်သည်။

သမ္မတအကြံပေး ဒေါက်တာဦးမြင့် က “အစိုးရရဲ့ စီးပွားပြုပြင်မှုပုံစံက အရမ်းကိုမြန်လွန်းနေတယ်။ နှစ် ၅၀ လောက်နီးပါး အဆင်မပြေခဲ့တဲ့ မြန်မာ့စီးပွားရေး အခြေအနေက အချိန်တိုအတွင်းပြန်ပြီး ပြုပြင်လုပ်ဖို့ ဆို တာဖြစ်မှ မဖြစ်နိုင်တာ။ ပြီးတော့ အကောင်အထည်ဖော်တဲ့ပုံစံတွေ ကလဲ Focus ( အဓိက ဦးတည်ချက်) သိပ်မရှိပဲ ရှိသမျှအားလုံးကို လိုက်လုပ်နေတော့ အဲဒါကပြဿနာ ဖြစ်နေတယ်” ဟု ထောက်ပြ ပြောသည်။

အစိုးရသစ်တက်လာပြီးနောက် ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့ပေးခြင်း၊ ဗဟိုဘဏ်အား သီးခြားလွတ် လပ်သည့် အဖွဲ့အစည်းအဖြစ် ပေးခြင်းများ ရှိခဲ့သော်လည်း စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည့် အနေ အထား တစ်ရပ်အဖြစ် လက်တွေ့ခံစားနိုင်သည့် အခြေအနေများ ဖြစ်မလာသေးကြောင်း လုပ်ငန်းရှင်များ ကမကြာခဏ ပြောဆိုနေကြခြင်းဖြစ်ပြီး အစိုးရ၏စီးပွားရေး အကောင်အထည် ဖော်ဆောင်မှုများသည် အားနည်းချက် များစွာရှိနေသည်ဟု နိုင်ငံတော် သမ္မတကိုယ်တိုင်က ပြောဆိုထားသည်။.

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံတော်က ရွေးချယ်အကောင်
အထည်ဖော် ချမှတ်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးပုံစံချမှု
ဖြစ်စဉ်များကိုကြည့်ရင် နိုင်ငံအတွက် စီးပွားရေးအောင်မြင်မှုနှင့် နိုင်ငံဖွံ့ဖြိုး တိုး တက်မှုကို ဖော်ဆောင်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပဲခဲ့သည့် နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်း များတွေ့ဆုံပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များအား ၀န်ခံပြောကြားထားသည်။

သို့ဖြစ်ရာ မြန်မာ့စီးပွားရေး တိုးတက်လာရေးအတွက် အစိုးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အတူတကွပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဟု ဆက်လက် တိုက်တွန်းပြောခဲ့သည်။.

လက်ရှိတွင် အစိုးရလုပ်ငန်းတချို့အား ပုဂ္ဂလိကဏ္ဍသို့ လွဲပေးခြင်း၊ နိုင်ငံရင်းနှီးမြှုပ်နှံမှု ခေါ်ယူခြင်းများနှင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှု Public Private Partnership (PPP) ဆောင်ရွက်ချက်များ ရှိနေသော်လည်း ပုဂ္ဂလိကနှင့် အစိုးရအကြား စီးပွားရေးလုပ်ကိုင်မှု ပိုမိုအဆင်ပြေရန်မှာ ပုဂ္ဂလိကပိုင်ပြု လုပ်ခြင်း ဥပဒေ (Privatization Law) တစ်ရပ် လိုအပ်နေသေးခြင်းဖြစ်သည်ဟု သမ္မတ အကြံပေးဦးမြင့် က ဆက်လက် ပြောသည်။

ဦးမြင့်က “ပုဂ္ဂလိကလုပ်တယ်ဆိုပေမယ့် တချို့စီးပွားရေးလုပ်ငန်းတွေကို အစိုးရကပဲ လုပ်ကိုင်ရတာမျိုး တွေရှိတယ်။ ပေးတဲ့ နေရာမှာလဲ၊ ဘယ်လိုလူမျိုးတွေကို ဘယ်လိုပေးမလဲဆိုတာမျိုးတွေက သေသေချာ ချာ ရှိဖို့လိုတယ်။ ဥပမာ အစိုးရနဲ့နီးစပ်တဲ့ လူတစ်စုသာရသွားရင် ပြည်သူတွေ နစ်နာသွားတာမျိုး ရှိတဲ့ အတွက် အမှန်တကယ် စီးပွားရေးဖွံ့ဖြိုးဖို့ဆိုရင် Privatization Law ဆိုတာလဲ အရေးတကြီး လိုအပ်နေ သေးတယ်။ အခုအဲဒါမှမရှိသေးပဲ လုပ်နေတာတွေက မြန်လွန်းနေတယ်” ဟုပြောသည်။

ယခု ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌနေရာအား တာဝန်ယူဆောင်ရွက်ခြင်းနှင့် ၂၀၁၅ ခုနှစ်တွင် ရောက်ရှိလာမည့် ရွေးကောက်ပွဲ ဆောင်ရွက်အပေါ် အစိုးရအနေဖြင့် အာရုံစူးစိုက်မှုများနေခြင်း ဖြစ်ရာ စီးပွားရေး အကောင်အထည်ဖော်ဆောင်မှုများ အရှိန်အဟုန် လျော့ကျမသွားစေရန် အစိုးရအနေဖြင့် ထိန်းညှိ လုပ်ကိုင်သွားရန် လိုအပ်မည်ဖြစ်သည်ဟု ဆက်လက်သတိပေးပြောသည်။

လက်ရှိတွင် နိုင်ငံ၏အဓိကပို့ကုန်ကဏ္ဍ စီးပွားရေးလုပ်ငန်းများဖြစ်သော ဆန်စပါး ကဏ္ဍ၊ ပဲနှမ်းကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှာ စီးပွားရေးလုပ်ကိုင်ရန် အခက်အခဲများ ရှိနေသည့်အပြင် အစိုးရ အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော်လည်း ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း ၊

ကျောက်ဖြူအထူး စီးပွားဇုန်စီမံကိန်း၊ ဟံသာဝတီလေဆိပ် စီမံကိန်းများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး စီမံချက်များမှာ အကောင်အထည်ပေါ်လာမှု အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အာဆီယံဥက္ကဋ္ဌနေရာနှင့် ရွေးကောက်ပွဲများအပေါ် အာရုံရောက်နေခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ တိုးတက်မှု နှောက်နှေးမှုမရှိစေရန် လိုအပ်မည်ဟု ဆိုသည်။

မဇ္ဈိမနေ့စဉ်ထုတ်သတင်းစာ (မတ်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်)

Posted From Mdy Boy
'အစိုးရ၏ စီးပွားရေးအကောင်အထည် ဖော်ဆောင်မှု အရှိန်အဟုန် မြန်ဆန်လွန်းကာ တိကျသော ဦးတည် ချက် မရှိသဖြင့် အကျိုးသက်ရာက်မူ နည်းပါးလျက်ရှိနေသည်' ဟု နိုင်ငံတော်သမ္မတ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင်ဒေါက်တာဦးမြင့်က ယင်း၏အမြင်ကို မီဒီယာများအားထုတ်ဖော် ပြောကြားလိုက်သည်။
အစိုးရသစ် တာဝန်ယူဆောင်ရွက်ပြီးနောက် ပုဂ္ဂလိကဏ္ဍများပေးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီး ပွားရေး ပြုပြင်ပြောင်းလဲများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့သော်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန် တကယ် ဖြစ်ပေါ်လာခြင်း မရှိသေးသည့်အပေါ် ရည်ညွှန်းကာ မတ်လ ၁၉ရက် က ရန်ကုန်မြို့ရှိ နိုင်ငံတော် သမ္မတ အကြံပေးရုံးတွင် မီဒီယာများနှင့်တွေ့ဆုံကာ ပြောခဲ့ခြင်း ဖြစ်သည်။

သမ္မတအကြံပေး ဒေါက်တာဦးမြင့် က “အစိုးရရဲ့ စီးပွားပြုပြင်မှုပုံစံက အရမ်းကိုမြန်လွန်းနေတယ်။ နှစ် ၅၀ လောက်နီးပါး အဆင်မပြေခဲ့တဲ့ မြန်မာ့စီးပွားရေး အခြေအနေက အချိန်တိုအတွင်းပြန်ပြီး ပြုပြင်လုပ်ဖို့ ဆို တာဖြစ်မှ မဖြစ်နိုင်တာ။ ပြီးတော့ အကောင်အထည်ဖော်တဲ့ပုံစံတွေ ကလဲ Focus ( အဓိက ဦးတည် ချက်) သိပ်မရှိပဲ ရှိသမျှအားလုံးကို လိုက်လုပ်နေတော့ အဲဒါကပြဿနာ ဖြစ်နေတယ်” ဟု ထောက်ပြ ပြော သည်။

အစိုးရသစ်တက်လာပြီးနောက် ကုန်သွယ်ရေးဆိုင်ရာ ဖြေလျှော့ပေးခြင်း၊ ဗဟိုဘဏ်အား သီးခြားလွတ် လပ်သည့် အဖွဲ့အစည်းအဖြစ် ပေးခြင်းများ ရှိခဲ့သော်လည်း စီးပွားရေးလုပ်ကိုင်ရ လွယ်ကူသည့် အနေ အထား တစ်ရပ်အဖြစ် လက်တွေ့ခံစားနိုင်သည့် အခြေအနေများ ဖြစ်မလာသေးကြောင်း လုပ်ငန်းရှင်များ ကမကြာခဏ ပြောဆိုနေကြခြင်းဖြစ်ပြီး အစိုးရ၏စီးပွားရေး အကောင်အထည် ဖော်ဆောင်မှုများသည် အားနည်းချက် များစွာရှိနေသည်ဟု နိုင်ငံတော် သမ္မတကိုယ်တိုင်က ပြောဆိုထားသည်။.

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “နိုင်ငံတော်က ရွေးချယ်အကောင်အထည်ဖော် ချမှတ်ခဲ့တဲ့ စီး ပွားရေး ပြုပြင်ပြော င်း လဲရေးပုံစံချမှုဖြစ်စဉ်များကိုကြည့်ရင် နိုင်ငံအတွက် စီးပွားရေးအောင်မြင် မှုနှင့် နိုင်ငံဖွံ့ဖြိုး တိုး တက်မှုကို ဖော်ဆောင်ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ကျင်းပဲခဲ့သည့် နိုင်ငံတော်သမ္မတနှင့် စီးပွားရေးလုပ်ငန်း များတွေ့ဆုံပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များအား ၀န်ခံပြောကြားထားသည်။

သို့ဖြစ်ရာ မြန်မာ့စီးပွားရေး တိုးတက်လာရေးအတွက် အစိုးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဟု ဆက်လက် တိုက်တွန်းပြောခဲ့သည်။.

လက်ရှိတွင် အစိုးရလုပ်ငန်းတချို့အား ပုဂ္ဂလိကဏ္ဍသို့ လွဲပေးခြင်း၊ နိုင်ငံရင်းနှီးမြှုပ်နှံမှု ခေါ်ယူခြင်းများနှင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍပူးပေါင်းဆောင်ရွက်မှု Public Private Partnership (PPP) ဆောင်ရွက်ချက်များ ရှိနေသော်လည်း ပုဂ္ဂလိကနှင့် အစိုးရအကြား စီးပွားရေးလုပ်ကိုင်မှု ပိုမိုအဆင်ပြေရန်မှာ ပုဂ္ဂလိကပိုင်ပြု လုပ်ခြင်း ဥပဒေ (Privatization Law) တစ်ရပ် လိုအပ်နေသေးခြင်းဖြစ်သည်ဟု သမ္မတ အကြံပေးဦးမြင့် က ဆက်လက် ပြောသည်။

ဦးမြင့်က “ပုဂ္ဂလိကလုပ်တယ်ဆိုပေမယ့် တချို့စီးပွားရေးလုပ်ငန်းတွေကို အစိုးရကပဲ လုပ်ကိုင်ရတာ မျိုး တွေရှိတယ်။ ပေးတဲ့ နေရာမှာလဲ၊ ဘယ်လိုလူမျိုးတွေကို ဘယ်လိုပေးမလဲဆိုတာမျိုးတွေက သေသေချာ ချာ ရှိဖို့လိုတယ်။ ဥပမာ အစိုးရနဲ့နီးစပ်တဲ့ လူတစ်စုသာရသွားရင် ပြည်သူတွေ နစ်နာသွားတာမျိုး ရှိတဲ့ အတွက် အမှန်တကယ် စီးပွားရေးဖွံ့ဖြိုးဖို့ဆိုရင် Privatization Law ဆိုတာလဲ အရေးတကြီး လိုအပ်နေ သေးတယ်။ အခုအဲဒါမှမရှိသေးပဲ လုပ်နေတာတွေက မြန်လွန်းနေတယ်” ဟုပြောသည်။

ယခု ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌနေရာအား တာဝန်ယူဆောင်ရွက်ခြင်းနှင့် ၂၀၁၅ ခုနှစ်တွင် ရောက်ရှိလာမည့် ရွေးကောက်ပွဲ ဆောင်ရွက်အပေါ် အစိုးရအနေဖြင့် အာရုံစူးစိုက်မှု များနေခြင်း ဖြစ်ရာ စီးပွားရေး အကောင်အထည်ဖော်ဆောင်မှုများ အရှိန်အဟုန် လျော့ကျမသွားစေရန် အစိုးရအနေဖြင့် ထိန်းညှိ လုပ်ကိုင်သွားရန် လိုအပ်မည်ဖြစ်သည်ဟု ဆက်လက်သတိပေးပြောသည်။

လက်ရှိတွင် နိုင်ငံ၏အဓိကပို့ကုန်ကဏ္ဍ စီးပွားရေးလုပ်ငန်းများဖြစ်သော ဆန်စပါး ကဏ္ဍ၊ ပဲနှမ်း ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများမှာ စီးပွားရေးလုပ်ကိုင်ရန် အခက်အခဲများ ရှိနေသည့်အပြင် အစိုးရ အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသော်လည်း ထားဝယ်အထူး စီးပွားရေးဇုန်စီမံကိန်း
ကျောက်ဖြူအထူး စီးပွားဇုန်စီမံကိန်း၊ ဟံသာဝတီလေဆိပ် စီမံကိန်းများနှင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး စီမံချက်များမှာ အကောင်အထည်ပေါ်လာမှု အားနည်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အာဆီယံဥက္ကဋ္ဌနေရာနှင့် ရွေးကောက်ပွဲများအပေါ် အာရုံရောက်နေခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ တိုးတက်မှု နှောက်နှေးမှုမရှိစေရန် လိုအပ်မည်ဟု ဆိုသည်။

မဇ္ဈိမနေ့စဉ်ထုတ်သတင်းစာ (မတ်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်)

Posted From Mdy Boy

No comments:

Post a Comment