Wednesday 30 April 2014

ပြင်ဦးလွင်မြို့၌ ၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲ ကျင်းပ

Photo: ပြင်ဦးလွင်မြို့၌ ၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲ ကျင်းပ
Wednesday, April 30, 2014

၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး ဥယျာဉ် မျှော်စင်ကျွန်း၌

ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ် အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၄၈၉ ဦး၊ အုပ်ချုပ်သူ ခြောက်ဦး ကြီးကြပ်ဆရာ၊ ဆရာမ ၇၈ ဦးနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အမျိုးသား ကင်းထောက်အလံနှင့် အမျိုးသမီး ကင်းထောက် အလံများကို လွှင့်တင်ကြပြီး ကင်းထောက် မောင်မယ်များက ကင်းထောက် ကတိ(၃)ပါးကို ရွတ်ဆို ကတိပြုကြသည်။

ဆက်လက်ပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ''ယနေ့လူငယ် နောင်ဝယ်လူကြီး'' ဆိုသည့် စကားနှင့်အညီ အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်တည်တံ့ နိုင်ရေးအတွက် လူငယ်များကို ပြုစု ပျိုးထောင်ပေးခြင်း လုပ်ငန်းထက် ပို၍ အရေးကြီးသော လုပ်ငန်းမရှိနိုင်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကင်းထောက်မောင်မယ်များ က ဂါရဝပြု လက်ဆောင် ပေးအပ်ပြီး ''ပြည်သူ့ အတွက် အစဉ်အသင့်'' သီချင်းဖြင့် သီဆို ဖျော်ဖြေသည်။ ယင်းနောက် ဝန်ကြီးချုပ်က ကင်းထောက်မောင်မယ် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ကင်းထောက်မောင်မယ် များသည် ပြင်ဦးလွင်တွင် စခန်းချ နေထိုင်နေစဉ် အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ အဖြစ် အုပ်စုများခွဲ၍ မဟာအံ့ထူးကံသာ ဘုရား ပရဝုဏ်သန့် ရှင်းရေး ဆောင်ရွက်ခြင်း၊ ဘိုးဘွားရိပ်သာ အတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဘိုးဘွားများ အား ပြုစုခြင်း၊ မျက်မမြင် ကျောင်းအတွင်း အပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေငယ်ကျေးရွာ အ.လ.က ကျောင်း တွင် သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း၊ ရေငယ်ကျေးရွာ အတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း ပြုလုပ်ကြ မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
၂ဝ၁၄ ခုနှစ် ကင်းထောက် မောင်မယ်များ တွေ့ဆုံပွဲနှင့် ကတိခံယူပွဲကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး ဥယျာဉ် မျှော်စင်ကျွန်း၌ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကင်းထောက်ကြီးများ၊ ကင်းထောက် မောင်မယ် အမျိုးသား ၂၄၄ ဦး၊ အမျိုးသမီး ၂၄၅ ဦး စုစုပေါင်း ၄၈၉ ဦး၊ အုပ်ချုပ်သူ ခြောက်ဦး ကြီးကြပ်ဆရာ၊ ဆရာမ ၇၈ ဦးနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အမျိုးသား ကင်းထောက်အလံနှင့် အမျိုးသမီး ကင်းထောက် အလံများကို လွှင့်တင်ကြပြီး ကင်းထောက် မောင်မယ်များက ကင်းထောက် ကတိ(၃)ပါးကို ရွတ်ဆို ကတိပြုကြသည်။

ဆက်လက်ပြီး မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ''ယနေ့ လူငယ် နောင် ဝယ်လူကြီး'' ဆိုသည့် စကားနှင့်အညီ အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်တည် တံ့ နိုင်ရေးအတွက် လူငယ်များကို ပြုစု ပျိုးထောင်ပေးခြင်း လုပ်ငန်းထက် ပို၍ အရေးကြီးသော လုပ်ငန်းမရှိနိုင်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကင်းထောက်မောင်မယ်များ က ဂါရဝပြု လက်ဆောင် ပေးအပ်ပြီး ''ပြည်သူ့ အတွက် အစဉ် အသင့်'' သီချင်းဖြင့် သီဆို ဖျော်ဖြေသည်။ ယင်းနောက် ဝန်ကြီးချုပ်က ကင်းထောက်မောင်မယ် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။

ကင်းထောက်မောင်မယ် များသည် ပြင်ဦးလွင်တွင် စခန်းချ နေထိုင်နေစဉ် အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်း များ အဖြစ် အုပ်စုများခွဲ၍ မဟာအံ့ထူးကံသာ ဘုရား ပရဝုဏ်သန့် ရှင်းရေး ဆောင်ရွက်ခြင်း၊ ဘိုးဘွားရိပ်သာ အတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဘိုးဘွားများ အား ပြုစုခြင်း၊ မျက်မမြင် ကျောင်းအတွင်း အပြင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေငယ်ကျေးရွာ အ.လ.က ကျောင်း တွင် သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း၊ ရေငယ်ကျေးရွာ အတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အကျိုးပြု လုပ်ငန်းများ ဆောင် ရွက်ခြင်း ပြုလုပ်ကြ မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment