Wednesday 30 April 2014

အရှိန်မထိန်းနိုင်သောယာဉ် ချောက်ထဲသို့ထိုးကျတိမ်းမှောက်၍ ၁၃ ဦးသေ၊ ၂၂ ဦးဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူ-မုံးကျွတ်- မုံးထသွား ကားလမ်းပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နေ ဖိုးဇော် (၂၉)နှစ်မောင်းနှင်လာသော ၈ဌ/xxxxxလေးလုံးထိုး ထော်လာဂျီယာဉ်သည် မုံးထ-မုံးကျွတ်မှ နားကောင်းမူ သို့ပြန်လာစဉ် ရေပူစမ်းအနီး၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အနက်(၁၅)ပေရှိ ချောက် အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သည်။
ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသူများအနက် မြင့်ဌေး(ခ)ဖိုးထောင်ပါ ကျား ၆ ဦး၊ မ ၇ ဦး၊ စုစုပေါင်း(၁၃)ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး မအေးအေးပါ ကျား ၁၁ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း (၂၂)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် မိုင်းတုံဆေးရုံသို့တင်ပို့ကုသခဲ့ကာ ယာဉ် မဆင် မခြင်မောင်းနှင်သူ ဖိုးဇော်အား ပုံပါကျင်နယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment