Thursday 23 August 2012

"တယ်လီဖုန်းကိုင်ပါဦး" ကို တမူထူးခြားအောင် ရိုက်ထားတယ်ဆိုတဲ့ ဘန်နီဖြိုး


"ချစ်တယ်ဟုတ်" VCD ရိုက်ကူးရာတွင် 'တယ်လီဖုန်းကိုင်ပါဦး' သီချင်းကို တမူထူးခြားအောင် ရိုက်ကူးထားပြီး မည်သို့ရိုက်ကူးထားသည်ကို အခွေထွက်လာတဲ့အထိ စောင့်ကြည့်ပေးပါဟု ဘန်နီဖြိုးကပြောသည်။ "ရိုက်ထားတာတော့ အကုန်လုံးကို ထူးထူးခြားခြားဖြစ်အောင် ရိုက်ထား တာပဲဗျ။ 'တယ်လီဖုန်းကိုင်ပါဦး' ကတော့ အားလုံးထဲမှာ အထူးခြားဆုံြး ဖစ်လိမ့်မယ်ဗျ။ အဲဒါလည်း အခွေထွက်လာမှ ကြည့်ပေးပါလို့။ ဘယ်လိုပြောရမလဲ။ အမြည်းသဘောအနေနဲ့ ပြောပြလို့မရဘူးဗျ။ အဲဒီလိုမျိုး Music Video တစ်ခုမှ မရှိဘူးဗျ" ဟု ဘန်နီဖြိုးကပြောသည်။ ဘန်နီဖြိုးက သူ၏ VCD အတွက် ၎င်းနှင့်ပရိသတ်များ တွဲရိုက်ထားသော ဓာတ်ပုံများကို ဘန်နီဖြိုးဖေ့စ်ဘွတ်ခ်အကောင့်သို့ ထပ်မံပို့ပေးရန် ပရိသတ်များကို တောင်းဆိုထားပြီး ဓာတ်ပုံပေးပို့ထားသူများလည်းရှိကြောင်း ပြောကြားသည်။ "ထူးထူးဆန်းဆန်းတစ်ခုတော့ လုပ်ချင်တယ်ဗျ။ အမှတ်တရလေးလည်း ဖြစ်မယ့်ဟာ။ နောက်ပြီးတော့ အကုန်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့။ ကျွန်တော်တို့ငယ်ငယ်တုန်းကလည်း ကျွန်တော်တို့ကြိုက်တဲ့ အဆိုတော်တွေဗျာ။ သူတို့နဲ့တွဲပြီး ဓာတ်ပုံရိုက်ခွင့်ရရင် ကျွန်တော်တို့ပျော်တယ်ဗျာ။ အမှတ်တရလေးတစ်ခု ဖြစ်နေရင် ၀မ်းသာတယ်။ ကျွန်တော့်ပရိသတ်ကို အဲဒီလိုခံစားချက်ကို ပြန်ပေးချင်တယ်ဗျ။ ကျွန်တော့်ပရိသတ်တွေနဲ့ ဓာတ်ပုံကို အဲဒီလိုပြန်သုံးမှာဗျ" ဟု ပိုစတာအတွက် စိတ်ကူးများကို ဘန်နီဖြိုးကပြောသည်။ 'ချစ်တယ်ဟုတ်' VCD ကို စက်တင်ဘာလကုန်တွင် ထွက်နိုင်ရန် ပြင်ဆင်နေပြီး ဒါရိုက်တာအဖြစ် အောင်မြတ်သူ၊ ရဲမြင့်သူ၊ ၀င်းလွင်ထက်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုးကိုယ်တိုင် ရိုက်ကူးထားကာ ပါဝင်သည့်သရုပ်ဆောင်များကို အခွေထွက်ခါနီးကျမှ ပြောလိုကြောင်း ဘန်နီဖြိုးကပြောသည်။

1 comment:

  1. emcလွှမ်းပိုင်...သဘောကျသော...ဘန်နီဖြိုး
    ဘန်နီဖြိုး...သဘောကျသော...emcလွှမ်းပိုင်

    ReplyDelete