Thursday 23 August 2012

ကျွန်းပိုင်ဆိုင်မှုအရေး ဂျပန်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးတင်းမာ

ကျွန်းပိုင်ဆိုင်မှုအရေး ဂျပန်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးတင်းမာ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းနှင့်ပတ်သက်ပြီး ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးသည် ဆက်လက် တင်မားနေဆဲဟု သိရှိရသည်။ ဂျပန်သည် တောင်ကိုရီးယားနိုင်ငံ ဆိုင်ရာ သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့သော်လည်း ယခုအခါတွင်မူ ဆိုးလ်သို့ ပြန်လည် ပို့ဆောင်ထားပြီဟု သိရှိရသည်။ မည်သို့ ပင်ဖြစ်စေ နှစ်နိုင်ငံ ဆက်ဆံရေးသည် လက်ရှိအချိန်ထိ နွေးထွေး မှု ပြန်လည် မရရှိသေးချေ။

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းနှင့်ပတ်သက်ပြီး ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးသည် ဆက်လက် တင်မားနေဆဲဟု သိရှိရသည်။
 ဂျပန်သည် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့သော်လည်း ယခုအခါတွင်မူ ဆိုးလ်သို့ ပြန်လည် ပို့ဆောင်ထားပြီဟု သိရှိရသည်။ မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံ ဆက်ဆံရေးသည် လက်ရှိအချိန်ထိ နွေးထွေးမှု ပြန်လည် မရရှိသေးချေ။



(ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြေပုံနှင့်တကွ ရှင်းလင်းပြောကြားစဉ်)


ဂျပန်ပင်လယ် အတွင်းရှိ အဆိုပါ ကျွန်းသို့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်ခ် သွားရောက် လည်ပတ်မှုကို အကြောင်းပြုပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ သံခင်းတမန်ခင်းထိ အရေးယူရလောက်အောင် ဆိုးရွားသွားခဲ့သည်။ ယင်းကျွန်းကို ဂျပန်တွင် တာကာရှီမာဟု အမည်ပေးထားပြီး တောင်ကိုရီးယား တို့က ဒေါ့ခ်ဒိုဟု ခေါ်လေ့ရှိသည်။ ဂျပန်အစိုးရသည် တောင်ကိုရီးယားထံ စာတစ်စောင် ရေးသားပေးပို့ကာ ပိုင်ဆိုင်မှု ကိစ္စတွင် နိုင်ငံတကာ တရားရေး ခုံရုံး၌ ရင်ဆိုင်ရန် တောင်းဆိုခဲ့သော်လည်း တောင်ကိုရီးယားက ယင်းစာကို ဂျပန်ထံ ပြန်ပို့ခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။



(ဂျပန်နှင့် တောင်ကိုရီးယားတို့ကြား ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းစု)


ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်ကိုရီးယားသည် အတိတ်ကလည်း အလားတူ ကမ်းလှမ်း တောင်းဆိုမှု နှစ်ကြိမ်ကို ပယ်ချခဲ့ကြောင်း ပြောကြားသွားသည်။ သို့သော်လည်း ဆိုးလ်အနေဖြင့် တစ်ချိန်ချိန်တွင် ယင်းအဆုံးအဖြတ် ခံယူမှုကို လက်ခံလာမည်ဟု မျှော်လင့်ထားကြောင်းလည်း ဆိုသည်။ "ကိစ္စတွေက ပြောင်းလဲလာပြီ။ ကိုရီးယားဟာ ခုချိန်မှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်ခုရဲ့ ရပ်တည်မှုအတိုင်း တည်ငြိမ်တဲ့ တရားရေး ဖြေရှင်းမှုကို လိုလားမယ်လို့ မျှော်လင့်ပါတယ်။ ဂျပန်ရဲ့ မျှတတဲ့ တောင်းဆိုမှုကို သူတို့ လက်ခံပေးသင့်ပါတယ်"ဟု ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြား သွားသည်။
သမိုင်းကြောင်းအရ (၁၇)ရာစုလယ်တွင် ဂျပန်သည် တာကာရှီးမားကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်း အထောက်အထားများ ရှိနေသလို (၁၉၀၅)တွင် ကျွန်းပေါ်၌ စီရင်စုမှူး ခန့်အပ်ခဲ့ကြောင်း ဂျပန်ဘက်က ပြောကြားထားသည်။ အမေရိကန် ပြည်ထောင်စုသည် ဒုတိယ ကမ္ဘာစစ် အပြီးတွင် ယင်းကျွန်းကို ဂျပန်ပိုင်အဖြစ် အသိအမှတ်ပြုပေးပြီး တောင်ကိုရီးယား၏ တောင်းဆိုမှု ကို ငြင်းပယ်ခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment