Thursday 23 August 2012

ရေထဲက NLD ရုံး နဲ့ သာပေါင်း

~
သာပေါင်းမြို့ NLD ရုံးရှေ့မြင်ကွင်း (ဓာတ်ပုံများ - ဖြိုးဝေသာ/ဧရာဝတီ)

မြန်မာပြည်မှာ ဒီနှစ် ရေဘေးဒဏ်ကို အဆိုးဆုံးခံရတဲ့ ဒေသတခုဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာ သွားရောက် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။
ဓာတ်ပုံမှာ မြင်ရတဲ့ အနေအထားအရ NLD ရုံးပေါ်ကိုတော့ ရေတက်ဟန် မတူပါဘူး။
သို့သော်လည်း သာပေါင်းက လူနေအိမ်တချို့၊ အစိုးရအဆောက်အအုံတချို့ထဲ ရေ၀င်နေတာကိုတော့ ဓာတ်ပုံတွေထဲ မြင်ကြရမှာပါ။
ဧရာဝတီတိုင်းဟာ မြန်မာပြည်ရဲ့ စပါးကျီတည်ရှိတဲ့နေရာပါ။
အဲဒီမှာ မိုးသည်းနေတာ တလပြည့်တော့မယ်လို့ သိရပါတယ်။
မြို့တချို့ ရေကြီးတာကြောင့် စပါးခင်းတွေလည်း ရေမြှုပ်တဲ့ထဲ ပါခဲ့ပါတယ်။
စာသင်ကျောင်းများလည်း ပိတ်ထားရပါတယ်။
ဒီနေ့ အစိုးရသတင်းစာ ကြေးမုံမှာတော့ ပဲခူးတိုင်းအတွင်း ပျက်စီးမှုစာရင်းတချို့ကို ထည့်သွင်းလာပါတယ်။
ညောင်လေးပင်မှာ လမ်း၊ တံတားတွေ ပျက်တယ်။ ရွှေကျင်မှာတော့ စိုက်ပျိုးပြီးလယ် ၄၀,၇၄၉ ဧက ရှိတာ အဲဒီထဲက ရှစ်ပုံတပုံ ရေနစ်မြုပ်ခဲ့တယ်၊ လူဦးရေ နှစ်သောင်း ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း ရေဘေးဒဏ်ကြောင့် ပျက်စီးမှုသတင်းကို အစိုးရက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။




No comments:

Post a Comment