Thursday 23 August 2012

ချစ်သူနှင့်စေ့စပ်လိုက်သည့် အက်ဗရာ လက်ဂ်ဗင်း

ကနေဒါ နိုင်ငံသူ နာမည်ကြီး Popဂီတ အဆိုတော် အက်ဗရာ လက်ဂ်ဗင်းသည် အိမ်ထောင်ရှင်မ ဘဝကို နောက်တစ်ကြိမ် ခံယူတော့မည်ဟု သိရသည်။ Nickleback အဖွဲ့မှ အဆိုတော် ချက်ကရိုဂါနှင့် အက်ဗရာတို့သည် ယခုအခါ စေ့စပ်လိုက်ပြီဟု သတင်းများက ဖော်ပြခဲ့သည်။ အက်ဗရာနှင့် ချက်တို့သည် (၆)လမျှ အတူလက်တွဲခဲ့ပြီးနောက် ဆက်ဆံရေးကို တစ်ဆင့်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကနေဒါ နိုင်ငံသား တစ်ဦးပင်ဖြစ်သော ချက်က အက်ဗရာအား လက်ထပ်ခွင့် တောင်းခဲ့သည့်နောက် အဆိုတော်မလေးကလည်း လက်ခံလိုက်ခြင်းဟု သတင်းများက ဆိုသည်။ အသက်(၂၇)နှစ်ရှိ အက်ဗရာနှင့် အသက်(၃၇)နှစ်ရှိ ချက်တို့သည် ဖေဖော်ဝါရီလက စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ချက်သည် အက်ဗရာ၏ ပဉ္စမမြောက် စတူဒီယို အယ်လ်ဘမ်အတွက် သီချင်းကူရေးပေးရင်း နှစ်ယောက်သား စတင် ရင်းနှီးလာခြင်းဟု သိရသည်။ အက်ဗရာသည် ယခင်က ဒါရက်ခ် ဝှစ်ဘလေနှင့် အိမ်ထောင်ကျဖူးပြီး ကွာရှင်းပြတ်စဲဖြစ်ခဲ့သည်။

Sum 41အဖွဲ့မှ ဒါရက်ခ်နှင့် လမ်းခွဲပြီးနောက် အက်ဗရာသည် ဘရိုဒီဂျန်နာနှင့် ခေတ္တတွဲခဲ့သေးသော်လည်း ချက်နှင့်မူ လက်ထပ်ရန်ထိ စဉ်းစားခဲ့ခြင်း ဖြစ်သည်။ "ချက်ကြောင့် အက်ဗရာ အရမ်းပျော်ခဲ့ရပါတယ်။ ခုဆိုရင် နှစ်ဖက် မိသားစုကလည်း လက်ထပ်ပွဲအတွက် စိတ်လှုပ်ရှားနေကြပါပြီ"ဟု အက်ဗရာ၏ သူငယ်ချင်း တစ်ဦးက ဆိုသည်။ ချက်သည် (၁၄)ကာရက်ရှိသော စိန်လက်စွပ်ကို အက်ဗရာအတွက် လက်ဆောင်ပေးကာ လက်ထပ်ရန် ခွင့်ပန်ခဲ့ခြင်းဟု သိရှိရသည်။

No comments:

Post a Comment