Thursday 23 August 2012

မဟုတ်မမှန်ဝါဒဖြန့်နေမှုများကြောင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအလှမ်းဝေးနေ

မြန်မာအစိုးရတပ်ရင်း()ရင်းက ကချင်ပြ ည်နယ်အရှေ့ မြောက် ပိုင်းရှိ ချီဖွေမြို့နယ် ပန်းဝါဒေသ၊ တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ် မတော် (KIA)ရဲ့ တပ်မဟာ ()စခန်းတ စ်ခုကို ယနေ့ မနက်ပိုင်း၌ စခန်းသိမ်းရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ တယ်လို့ KIA ပြောရေးဆိုခွင့် ရှိသူ ဆလန်ကဘာလ နန်း ကပြော ခဲ့ပါတယ် အစချီပြီး သြဂုတ်လ ၂၀ ရက်နေ့က အင်တာန က်စာမျက်နှာမှာ သတင်း တစ်ပုဒ်ဖတ် လိုက်ရပါတယ်။
၂နာရီလောက် အပြင်းအထန်ဖြစ်တယ်။ အစိုးရဖက်က အလောင်း () လောင်း ကျန်ခဲ့တယ်။ သူတို့က တပ်ရင်း () ရင်းနဲ့ လာပြီး ထိုးစစ်ဆင်တယ်။ အင်အားကတော့ (၄၀၀) ကျော်နဲ့ ပန်းဝါဒေသကို စစ်ဆင်နေတာ ဖြစ်တယ်။ မနိုင်လို့ သူတို့ ပြန်ဆုတ် သွားတယ်။ အစိုးရ ဖက်က အထိအခိုက် အကျအဆုံး များပုံရတယ်။ စစ် ဆင်လာတဲ့ တပ်ရင်းကတော့ ခလရ (၇၇) နဲ့ ခလရ (၄၇) တပ်ရင်း တွေဖြစ်တယ်လို့ ဦးလနန်းကပြောခဲ့ပါတယ်။
ဒီလိုမျိုးဖော်ပြထားတဲ့ သတင်းနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့အတွက် ဒေသခံတွေကနေ တဆင့် အမှန်တကယ်အခြေအနေကို လှမ်းပြီးစုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ သူတို့ပြောတဲ့ဒေသမှာ အစိုးရတပ်တွေ မရှိတဲ့အပြင် တိုက်ပွဲလည်း အမှန်တကယ်ဖြစ်ပွားခြင်း မရှိပါဘူးတဲ့။ ပန်ဝါဒေသဆိုတာနဂိုရ်ကထဲက ငြိမ်းချမ်းရေးယူထားတဲ့ နယ်မြေဖြစ်လို့ ဒီဒေသကိုထိုးစစ်ဆင်တိုက်ခိုက်တာဆိုလို့ KIA တပ်ဖွဲ့တွေကပဲ ဦးဇခုန် တိန်ယိန်းရဲ့ နယ်ခြားစောင့်တပ်တွေကို သွားပြီးတိုက်ခိုက်နေတာဘဲဖြစ်ပါတယ်။ ဒါဟာအဖြစ်မှန်ပဲ။
ဒီလိုမျိုး မဟုတ်မမှန်သတင်းတွေလွှင့်နေတာဟာ ကချင်ပြည်နယ်လူထုအတွက် အမှန်တကယ် ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ ဒီသတင်းရဲ့ အခြေအမြစ်ကိုက ကချင်တပ်မတော်နဲ့ မြန်မာ့တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားအောင်လုပ်နေတာမှန်း ထင်ရှားလှပါတယ်။ နှစ်ဘက်ဆွေးနွေးပွဲတွေရဲ့ ထုံးစံအရ ပြောရရင် ပထမဆွေးနွေးပွဲမှာ ကချင်တပ်မတော်ဘက်ကရွေးတဲ့နေရာကို မြန်မာအစိုးရဘက်က သဘော တူဆွေးနွေးခဲ့တယ်။ အခြုမန်မာအစိုးရဘက်က ရွေးချယ်တဲ့နေရာကို ကချင်တပ်မတော်ဘက်က လက်ခံနိုင်ရမှာပေါ့။ နှစ်ဦးနှစ်ဖက်စလုံးအတွက် ကိုယ့်နိုင်ငံထဲကမြို့မှာ ဆွေးနွေးတာဖြစ်လို့ သဘော မတူစရာ အကြောင်းမရှိဘူလို့ ထင်ပါတယ်။
ဒ့ါအပြင် ကချင်တပ်မတော်မှ လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်နေတယ်ဆိုတာကလည်း ငြိမ်းချမ်းရေးကို အာသာငမ်းငမ်း မျှော်လင့်တောင့်တနေကြတဲ့ ဒေသခံ ပြည်နယ်သူ/ ပြည်နယ်သားတွေရဲ့ ဆန္ဒကို မလိုက်လျောနိုင်ဘူးဆိုတဲ့ သဘောပါဘဲ။ ကချင်လူမျိုးကောင်းစားရေးလို့ ပါးစပ်ကကြွေးကြော်ပြီး ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်ကာ စီးပွားရှာချင်နေတဲ့ ကချင်တပ်မတော် ခေါင်းဆောင်ကြီးတွေ ဟာ လက်နက်နဲ့ငြိမ်းချမ်းရေးဆိုတာထက် အာဏာဆက်လက်စွဲကိုင်နိုင်ရေးအတွက်သာ စဉ်းစားနေခြင်းပဲ ဆိုတာ ထင်ရှားနေပါတယ်။
အခုဖြစ်ပျက်နေတာက နေရာတကာမှာ မြန်မာစစ်တပ်၊ မြန်မာအစိုးရကြောင့်ဆိုပြီး ဆွေးနွေးပွဲ မ ပျက်ပျက်အောင် လုပ်ဆောင်နေတယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေပါတယ်။ ဒီလို မျိုးသာ ကချင်တပ်မတော်ဘက်က မဟုတ်မမှန်ဝါဒဖြန့်တာတွေ အဆက်မပြတ် လုပ်နေသရွေ့တော့ ကချင်ပြည် နယ်မှာ ငြိမ်းချမ်းရေးနဲ့ သေနတ်သံ၊ဗုံးသံဆိတ်သုဉ်းဖို့ဆိုတာ အလှမ်းဝေးနေအုန်းမှာ အမှန်ပဲ ဖြစ်ပါတော့ တယ်။

1 comment:

  1. အမှန်ပါပဲဗျာ...
    ကချင်ပြည်နယ်ကို ဒုက္ခရောက်အောင်လုပ်နေတာ
    KIA ပါပဲ။
    KIA ကို Back ပေးထားတာ တရုတ်ပါပဲ။
    တရုတ်က မြန်မာနိုင်ငံ ကမ္ဘာ့အလည်မှာ ထင်ပေါ်မှာကို မလိုလားဘူးလေ။
    စီးပွါးရေး ကိုလိုနီစနစ် ထူထောင်နေတာပါ...
    အဓိက တရားခံက KIA ခေါင်းဆောင်တစ်ချို့ပါပဲ။

    ReplyDelete