Thursday 23 August 2012

Burmese Shadows’ စာအုပ် မိတ်ဆက်ပွဲ ဘန်ကောက်တွင် လုပ်မည်

မဇ္ဈိမသတင်းဌာန ။       ။ ဝါရင့် သတင်းစာဆရာ Thierry Falise ရေးသားထားသော Burmese Shadows ဟု အမည်ရသည့် မြန်မာပြည်အကြောင်း စာအုပ် မိတ်ဆက်ပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက် များ ကလပ်၌ စက်တင်္ဘာလ ၆ ရက်နေတွင် ကျင်းပမည် ဖြစ်သည်။


ဘယ်လ်ဂျီယံ ဇာတိဖြစ်သူ Falise သည် မြန်မာ့အရေးတွင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများနှင့် ဒုက္ခသည်ရေးရာများတွင် အထူးလေ့လာထားသူ ဖြစ်သည်။

သူသည် ၁၉၉၁ ခုနှစ် ကတည်းက ဘန်ကောက်မြို့တွင်
Burmese-Shadows-3s
ပလတ်စတစ်သေနတ်များ ကိုင်ဆောင်ထားသော
 ကောင်လေးနှစ်ယောက်နှင့် ကိုရင်လေး
တပါး ကြွချီနေပုံဖြစ်သည်။
 (Photo :: Thierry Falise)
အခြေချ နေထိုင်ခဲ့ပြီး AP ၊ Times ၊ Newsweek ၊ New
York Times The Sunday Express၊ The Sunday
Times၊ Far Eastern Economic Review ၊ South China
Morning Post ၊ Asiaweek ၊ L’Express ၊ Le Point ၊
Le Monde ၊ Marie Claire ၊ Der Spiegel ၊ Die Welt
အပါအဝင် သတင်းစာ ဂျာနယ် များစွာအတွက် သတင်းများ ရေးသားပေးပို့နေသူ ဖြစ်သည်။ ဓါတ်ပုံ အေဂျင် စီ နှစ်ခုဖြစ်သည့် ပဲရစ် ရှိ Gamma နှင့် ဘန်ကောက်အခြေစိုက်OnAsia တို့ကို ကိုယ်စားပြု၍လည်း လုပ်ကိုင်နေသူဖြစ်သည်။

သူ၏ အခြား လက်ရာတခုမှာ ပြင်သစ်ဘာသာဖြင့်ထုတ်ဝေခဲ့သော ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ
Le Jasmin ou la Lune စာအုပ် ဖြစ်သည်။ သူသည် ၂ဝ၁ဝ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသည့် လူမျိုးစု
ပြဿနာများ အကြောင်းကို ဥရောပ ပါလီမန်တွင် ထွက်ဆိုပေးခဲ့ဖူးသည်။

ယခု ထုတ်ဝေမည့် စာအုပ်မှာ ၂၅ နှစ်အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဖြစ်စဉ်များကို အခြေခံ ရေးသားထားပြီး ယခု ကြုံတွေ့နေသည့် အပြောင်းအလဲ ဖြစ်စဉ်များနှင့် ပြည်သူများအပေါ် အကျိုးသက်ရောက်မှုကိုလည်း သရုပ်ဖော်ရေးသားထားသည်။
Burmese-Shadows-1
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခုထဲမှ ကလေးစစ်သားတဦး။ (ဓါတ်ပုံ - Thierry Falise)
အရှိအတိုင်းဖြစ်သည့် သရုပ်မှန် အဖြစ်အပျက်များအား ရိုးရိုးရှင်းရှင်း အခိုက်အတန့်များနှင့် ယှဉ်တွဲကာ ပေါ်လွင်အောင် ဖော်ပြထားပြီး
 ပြည်သူများ၏ သတ္တိနှင့် စိတ်ဓါတ် အတိမ်အနက် ကိုလည်း ထုတ်ဖော်ရေးသားထားသည်။

ထို့ပြင် စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် ဓါတ်ပုံများတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၊ တိုင်းရင်းသား တပ်ဖွဲ့ခေါင်းဆောင်များ၏ ခံစားချက်များ ထပ်ဟပ်နေသည့်အပြင် အစိုးရစစ်တပ်က တွေ့သည်နှင့် ပစ်ခတ်နိုင်သည့် မူဝါဒ ကျင့်သုံးနေခဲ့သော ဒေသများတွင် စွန့်စွန့်စားစား လုပ်ကိုင်နေသည့် လူမှုကူညီရေး လုပ်သားများ၏ စိတ်ဓါတ်များ၊တောတွင်း စာသင်ကျောင်းများ၏ ပုံရိပ်များနှင့် မြန်မာ့ လူ့အဖွဲ့အစည်းတွင် ဗုဒ္ဓဝါဒက အရေးပါသော အခန်းကဏ္ဍ တွင် ပါဝင်နေကြောင်းလည်း ပုံရိပ်များတွင် ထင်ဟပ်နေပေသည်။

စာအုပ်ဖွင့်ပွဲတွင် Falise က သူ၏ စာအုပ်အကြောင်း အကျဉ်းချုပ် တင်ဆက်မည် ဖြစ်ပြီး ထို့နောက်တွင် အမေးအဖြေ ကဏ္ဍလည်း ပါဝင်မည်ဖြစ်ကာ ထုတ်ဝေသူ McNidder & Grace စာအုပ်တိုက်မှ Burmese Shadows စာအုပ်များအားလျှော့ဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

တွဲဘက်ဓါတ်ပုံပြပွဲကိုလည်း စက်တင်္ဘာလထဲတွင်ပင် ပြုလုပ်သွားမည် ဖြစ်သည်။

No comments:

Post a Comment