Thursday 23 August 2012

အောင်မြင်ခြင်းနည်းလမ်းကို နာကာတာ မျှဝေ

အောင်မြင်ခြင်းနည်းလမ်းကို နာကာတာ မျှဝေ
ကိုယ်တိုင်ကြိုးစားအားထုတ်မှုနှင့် လေ့လာမှုမရှိပါက ကမ္ဘာကျော်နည်းပြ များ လာရောက်သင်ကြားပြသသော်လည်း တိုးတက်လာမည်မဟုတ်ေ ကြာင်း ကမ္ဘာကျော် ဂျပန်လက်ရွေးစင် ဘောလုံးသမားဟောင်း နာကာတာက မြန်မာယူ-၁၉ အသင်း ကစားသမားများနှင့်တွေ့ဆုံ စဉ် ပြောကြားသွားသည်။ "တတ်နိုင်လို့ ဂျပန်၊ ဂျာမနီနည်းပြတွေခေါ်ပြီး သင်ပေးလည်း ကိုယ်တိုင်က ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ဘာမှ မဖြစ်နိုင်ဘူး။ ကိုယ်တိုင်က ခံယူချက်နဲ့ ကြိုးစားအားထုတ်မှုက အရေးကြီးဆုံးပဲ။ ကိုယ်ကိုယ်တိုင် က တွေးခေါ်ပြီးတော့ ကစားတတ်တဲ့စိတ်၊ ကိုယ်တိုင်လေ့လာဖို့လည်း လိုအပ်တယ်" ဟု ရန်ကုန်ကို ဒုတိယအကြိမ်လာရောက်သည့် နာကာတာကပြောသည်။ သြဂုတ်လ ၁၉ ရက်က ရန်ကုန်သို့ ရောက်ရှိခဲ့သည့် နာမည်ကျော် ဂျပန်ဘောလုံးသမားဟောင်းသည် သြဂုတ်လ ၂၀ ရက်နေ့ နေ့လည်ပိုင်း တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၎င်းသည် ညနေ ၃ နာရီခွဲခန့်တွင် ရန်ကုန်ယူနိုက်တက် မြက်ခင်းတုကွင်းသို့လာရောက်၍ မြန်မာယူ-၁၉ အသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းများ၏ လေ့ကျင့်မှုများအား လာရောက်ကြည့်ရှုခဲ့သည်။ နာကာတာနှင့်တွေ့ဆုံစဉ် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အဓိကဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း၊ ကမ္ဘာကျော်ဘောလုံးသမား လေးငါးယောက်အပါအ၀င် ဂျပန်နာမည်ကြီး ဘောလုံး သမားများပါဝင်သည့် အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ လာမည့်နှစ်တွင် ရန်ပုံငွေဘောလုံးပွဲ တစ်ရပ် ဖြစ်မြောက်ရန်ကြိုးပမ်းနေကြောင်း ဦးဇော်ဇော်ကပြောသည်။ ဂျပန်လက်ရွေးစင်ဘောလုံး သမားဟောင်းသည် ၎င်း၏ သုံးရက်ခရီးစဉ်အတွင်း ရန်ကုန်မြို့တစ်မြို့တည်းသာ လည်ပတ်ပြီး သြဂုတ်လ ၂၂ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ အသက် ၃၅ နှစ်အရွယ် နာကာတာသည် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် စီးရီးအေကလပ် ငါးသင်းအပါအ၀င် ပရီးမီးယားလိဂ် ကလပ် ဘော်လ်တန်အသင်းတို့၌ ကစားခဲ့ဖူးပြီး အသက် ၃၀ အရွယ်တွင် အနားယူခဲ့သူဖြစ်သည်။

No comments:

Post a Comment