Thursday 23 August 2012

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင်လာရောက်မည်


ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်သည်မြန်မာနိုင်ငံသို့ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ပတ် သက်သော ကိစ္စများ ဆက်လက်ဆွေးနွေးရန်နှင့်နှစ်နိုင်ငံ သဘောတူထားသည့် ကတိက၀တ်များကို ဆက်လက်ဆွေးနွေးရန် စက်တင်ဘာလ အတွင်းလာ ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်ကိုကိုးကားကာသည်နေရှင်းသတင်းစာ ကဖော်ပြ သည်။

ထိုင်းဝန်ကြီးချုပ်သည်မြန်မာနိုင်ငံ၊နေပြည်တော်သို့နှစ်ရက်တာလာရောက်မည်ဖြစ်ပြီးရက်အတိအကျကိုမူပြောဆိုထားခြင်းမရှိသေးပေ။ဇူလိုင်လအတွင်းကထိုင်းနိုင်ငံသို့လာရောက်ခဲ့သောနိုင်ငံတော်သမ္မတဦးသိန်းစိန်၏ခရီးစဉ်အတွင်းနှစ်ဦးသဘောတူခဲ့သည့် ထားဝယ်ရေနက် ဆိပ်ကမ်း နှင့်ပတ်သက်သည့် သဘော တူညီချက်၃ရပ်၏ နောက်ဆက်တွဲ ကိစ္စရပ်များဆွေးနွေး သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

No comments:

Post a Comment