Thursday 23 August 2012

လူပျိုဘဝနေအိမ်ကို ဂျက်စတင် တင်းဘားလိတ်ခ် ရောင်းချရန်



ဂျက်စတင် တင်းဘားလိတ်ခ် အနေဖြင့် အိမ်ထောင်ပြုရန် ဆုံးဖြတ်ပြီးသည့်နောက် လူပျိုဆောင်ကို ရောင်းချတော့မည်ဟု သိရှိရသည်။ ဂျက်စတင်သည် ချစ်သူ ဂျက်ဆီကာဘေးလ်နှင့် စေ့စပ်ခဲ့ပြီးနောက် နယူးယော့ခ်ရှိ ၎င်းသီးသန့် နေထိုင်ခဲ့ ရာ လူပျိုဆောင်အား အရောင်းစာရင်း တင်ထားလိုက်ပြီ ဖြစ်သည်။ ဂျက်စတင်၏ ဇိမ်ခံနေအိမ်အတွက် ပေါက်ဈေးသည် ဒေါ်လာ (၇.၆၅)သန်း ရှိမည်ဖြစ်သည်။

ဂျက်စတင် တင်းဘားလိတ်ခ် အနေဖြင့် အိမ်ထောင်ပြုရန် ဆုံးဖြတ်ပြီးသည့်နောက် လူပျိုဆောင်ကို ရောင်းချတော့မည်ဟု သိရှိရသည်။ ဂျက်စတင်သည် ချစ်သူ ဂျက်ဆီကာဘေးလ်နှင့် စေ့စပ်ခဲ့ပြီးနောက် နယူးယော့ခ်ရှိ ၎င်းသီးသန့် နေထိုင်ခဲ့ ရာ လူပျိုဆောင်အား အရောင်းစာရင်း တင်ထားလိုက်ပြီ ဖြစ်သည်။ ဂျက်စတင်၏ ဇိမ်ခံနေအိမ် အတွက် ပေါက်ဈေးသည် ဒေါ်လာ (၇.၆၅)သန်း ရှိမည်ဖြစ်သည်။
အဆိုတော်ဘဝမှ ရုပ်ရှင်မင်းသား ဖြစ်လာသော ဂျက်စတင်သည် မက်ဟမ်တန် အနီးတွင် အိပ်ခန်း(၃)ခန်း၊ ရေချိုးခန်း (၃)ခန်းပါဝင်သော ဇိမ်ခံအိမ်ခန်းကို (၂၀၁၀)ပြည့်နှစ်က ဒေါ်လာ (၆.၅၆)သန်းဖြင့် ဝယ်ယူထားခဲ့သည်။ အဆိုပါ နေအိမ်သည် ခမ်းနားဆန်းကျယ်စွာ ပြင်ဆင်ထားပြီး မှန်ပြူတင်းပေါက် များမှတစ်ဆင့် လှပသော မက်ဟမ်တန် ရှုခင်းနှင့် အင်ပါယာစတိတ် အဆောက်အအုံတို့ကို လှမ်းမြင်နိုင်သည်။ ထို့အပြင် ဥယျာဉ်ငယ်လေး တစ်ခုနှင့် ပြင်ပမီးလင်းဖို နေရာတစ်ခုတို့ကိုလည်း ချစ်စဖွယ် ဖန်တီးထည့်သွင်းထားသည်။



ပင်မ ရေချိုးခန်း၏ ကြမ်းပြင်တွင် အပူပေး ကြွေပြားများ တပ်ဆင်ထားကြောင်း သိရသည်။ ဂျက်စတင်သည် ဟောလီးဝုဒ်တွင် အကောင်းစား စာရင်းဝင်အဖြစ် လူသိများသော အဆိုပါ နေအိမ် အား ရောင်းချရန် ယခုအခါ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဂျက်စတင်သည် ဂျက်ဆီကာအား ဝိုင်အိုမင်းတွင် ခရစ္စမတ် ကာလက လက်ထပ်ခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန် တွင် နာမည်ကျော် စုံတွဲသည် လက်ထပ်ပွဲနှင့် ပတ်သက်ပြီး ရက်တိတိကျကျ မကြေညာသေးဟုလည်း သိရှိရသည်။

No comments:

Post a Comment