Thursday 23 August 2012

ကချင်ပြည်နယ်၊ မန်စီမြို့ပေါ်ရှိ ၀န်ထမ်းများအား KIA မှ ခြိမ်းခြောက်




ကချင်ပြည်နယ်၊ မန်စီမြို့အနီးမှာရှိတဲ့ KIA အဖွဲ့ဝင်တွေဟာ မန်စီမြို့ပေါ်မှာရှိတဲ့ နယ်ဘက်ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စိုးရ၀န်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ၎င်းတို့ရဲ့ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးဖို့အတွက် ခြိမ်းခြောက်စာတွေ ပို့ထားတယ်လို့ အစိုးရဌာနဆိုင်ရာ ၀န်ထမ်း တစ်ဦး က ပြောကြားခဲ့ ပါတယ်။
          KIAတပ်တွေနဲ့  မြန်မာစစ်တပ်တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလျက်ရှိပြီး KIA အဖွဲ့ဟာ အကျအဆုံး များပြားနေတဲ့အပြင် ဒေသခံပြည်သူတွေရဲ့ အကူအညီကိုပါ မရရှိတဲ့အတွက် ယခုလို အရပ်ဘက်ဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ၎င်းတို့အဖွဲ့အစည်းရဲ့ အလုပ်ကိစ္စအချို့မှာ ကူညီဆောင်ရွက်ပေးမှုများ ရှိလာနိုင်ဖို့နဲ့  ထိန်းချုပ်နိုင်မှုတွေရှိလာဖို့အတွက် ဆောင်ရွက်တာဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment