Thursday 23 August 2012

ကာရိုးလ်အား ဈေးနှုန်းသက်သာစွာဖြင့် ရနိုင်မည်မဟုတ်ကြောင်း လီဗာပူးလ်မန်နေဂျာဆို

အန်ဒီကာရိုးလ်ကို ပြန်လည် ဝယ်ယူရာတွင် လျှော့လျှော့ပေါ့ပေါ့ ဈေးနှုန်းမျိုးဖြင့် ရနိုင်မည် မဟုတ်ဟု နယူးကာဆယ်လ် ယူနိုက်တက်အား ရည်ရွယ်ပြီး လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက သတိပေးခဲ့သည်။ ပြီးခဲ့သည့်နှစ်၊ ဇန်နဝါရီလက ကာရိုးလ်သည် နယူးကာဆယ်လ်မှ ပေါင်စတာလင် (၃၅)သန်းဖြင့် လီဗာပူးလ်သို့ ရောက်ရှိလာခဲ့သည်။
အန်ဒီကာရိုးလ်ကို ပြန်လည် ဝယ်ယူရာတွင် လျှော့လျှော့ပေါ့ပေါ့ ဈေးနှုန်းမျိုးဖြင့် ရနိုင်မည် မဟုတ်ဟု နယူးကာဆယ်လ် ယူနိုက်တက်အား ရည်ရွယ်ပြီး လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက သတိပေးခဲ့သည်။ ပြီးခဲ့သည့်နှစ်၊ ဇန်နဝါရီလက ကာရိုးလ်သည် နယူးကာဆယ်လ်မှ ပေါင်စတာလင် (၃၅)သန်းဖြင့် လီဗာပူးလ်သို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း လီဗာပူးလ် မန်နေဂျာသစ် ဘရန်ဒန် ရော့ဂျာ လက်ထက်တွင် အန်းဖီးလ်၌ အနာဂတ် မရေမရာ ဖြစ်လာခဲ့သည့် အင်္ဂလန် လက်ရွေးစင်အား နယူးကာဆယ်လ်က ပေါင်စတာလင် (၁၂)သန်းမျှသာ ပြောင်းရွှေ့ကြေး ပေးချေပြီး ပြန် လည် ခေါ်ယူရန် အလိုရှိနေသေည်။




သို့သော်လည်း လီဗာပူးလ်က ကာရိုးလ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် သန်း(၂၀) သတ်မှတ် ထားခဲ့သည်။ တိုက်စစ်အတွက် ကာရိုးလ်ကို အရန်အဖြစ်သာ သတ်မှတ်ထားပြီး လူးဝစ်ဆွာရက် ဇ်နှင့် ဖေဘီယို ဘော်ရီနီတို့အား အဓိက အားထားနေသည့် ရော့ဂျာက နယူးကာဆယ်လ် သည် လျှော့ဈေးဖြင့် ဝယ်ယူမှုဖြစ်စေ၊ အငှားကမ်းလှမ်းမှုဖြစ်စေ ပြုလုပ်လာပါက ကာရိုးလ်အား ရရှိရန် အခွင့်အလမ်း မရှိဟု သတိပေးခဲ့သည်။
"ဒီကစားသမားအတွက် ပြီးခဲ့တဲ့နှစ်က နယူးကာဆယ်လ်ဟာ ပေါင်စတာလင် (၃၅)သန်း ရသွားတယ်။ ခုချိန်မှာ ဈေးပေါပေါ ကမ်းလှမ်းတာမျိုး၊ အငှားခေါ်ဖို့ ကြိုးစားတာမျိုး လုပ်လာရင် ကျွန်တော်တို့ဘက်က စကားတောင် ပြောနေစရာ မလိုပါဘူး"ဟု ရော့ဂျာက ပြောဆိုခဲ့သည်။ ၎င်းက ဈေးကွက်မပိတ်မီ လီဗာပူးလ် အနေဖြင့် လူသစ်အချို့ ခေါ်ယူစေလိုကြောင်းလည်း ဖွင့်ဟခဲ့သည်။ "နောက်ထပ် ကစားသမားသစ် တချို့ကို ခေါ်ယူနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ဈေးကွက်ထဲမှာ လိုအပ်တဲ့ ပစ်မှတ်မျိုးကို လေ့လာပြီး အလေးအနက်လည်း ကြိုးစားနေတုန်းပါ"ဟု မြောက်အိုင်ယာလန်သား မန်နေဂျာက ပြောကြားသွားသည်။

No comments:

Post a Comment