
“မွေးနေ့မတိုင်ခင်ကတည်းက အပေါ်ပိုင်းလည်ချောင်းတွေ နာနေတယ်။ နှာခေါင်း ကလည်း နှာစေး၊ ချောင်းကလည်း တအား ဆိုးတယ်။ နေမကောင်း ဖြစ် တဲ့အချိန်မှာ မနားလိုက်ရဘူး။ သြဂုတ်လ ၁၁ ရက်နေ့က ကြော်ငြာရိုက်တာ ကလည်း ည ၁ဝ နာရီမှပြီးတယ်။ သြဂုတ်လ ၁၂ ရက်နေ့ မနက် အစောကြီး ၅ နာရီလေယာဉ်နဲ့ မန္တလေး သွားရတယ်။ ပွဲကလည်း လက်ခံပြီးသားဖြစ်တဲ့ အတွက် ဆိုလိုက်တယ်။ အဆိုတော် ဆိုတော့ ထုံးစံအတိုင်း စင်ပေါ်မှာ အားရပါးရဖျော်ဖြေတာပေါ့။ အဲဒီအချိန် မှာ နေမြန်မြန်ကောင်းချင် လို့ ဆေးတွေ သောက်ထားတာပဲ။ ဒါပေမဲ့ မကောင်းပါဘူး။ အနာဖြစ်နေတဲ့ လည်ချောင်းကို သုံးလိုက် မိသလိုဖြစ် တာပေါ့။ သီချင်း ၉ ပုဒ်ဆိုလိုက်တယ်။ အဲဒီ ညနေက စပြီး ချောင်းဆိုးတော့ သွေးစလေးတွေ၊ သွေးမျှင်လေးနည်းနည်း ပါလာတယ်။လည်ချောင်းနည်းနည်း ထိသွားတာဖြစ်မယ်” လို့ပြောပါတယ်။ ချစ်သုဝေက သြဂုတ်လ ၁ဝ ရက်နေ့မွေးနေ့မှာတော့ မွေးနေ့ပွဲ မလုပ်ဖြစ်ပေ မယ့် ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပရိသတ်များက အိမ်တိုင် ရာရောက် လာနှုတ်ဆက်ကာ မွေးနေ့ ဆုတောင်းပေးခဲ့ကြတဲ့ အတွက် ပျော်ခဲ့ရကြောင်း ပြောပါတယ်။ ချစ်သုဝေ က ဒါရိုက်တာထူးသာ ရိုက်ကူးမယ့် “ဟက်စကီး ချစ်သူ”ဇာတ်ကားကို နေတိုးနဲ့ ရိုက်ကူးမှာဖြစ်ပြီး မလေးရှားကိုလည်း ဖျော်ဖြေရေး သွားဖို့ရှိကြောင်း သိရပါတယ်။ ဖခင်ကို ကျန်းမာရေး စစ်ဆေး ပေးဖို့ ပေးထားတဲ့ကတိကို မလုပ်ပေးဖြစ်သေးတဲ့ အတွက် စက်တင်ဘာလ ပထမပတ်မှာတော့ မိသားစုကို အချိန်ပေးပြီး ဘန်ကောက်မှာတစ် မိသားစု လုံး ဆေးသွားစစ် မှာဖြစ်ကြောင်းပြောပါတယ်။ ဒီနှစ်ထဲမှာတော့ ချစ်သုဝေက ကျန်းမာရေး သိပ်မကောင်းတဲ့ အတွက် ကျန်းမာရေး စစ် ဆေးမှုပြုလုပ်မယ့် အကြောင်းကို “ထရီဇာပါ တစ်ခါတည်း ကျန်းမာ ရေး စစ်ဆေးမှု လုပ်လိုက်မယ်။ ဒီနှစ်ထဲမှာ တရှောင်ရှောင်နဲ့ ချူချာနေတယ်။ ကြိုသိထားတော့ လုပ်စရာရှိတာ လုပ်လို့ရတာပေါ့။ အဓိကက လည်ချောင်းလည်း စစ်ချင်တယ်။ နှာစေး တာ အမြဲဖြစ်တယ်။ လည်ချောင်းနာ၊ အာသီးယောင်တာ အမြဲဖြစ်တော့ စစ်ချင်တာပါ” လို့ပြောပါတယ်။ ချစ်သုဝေ က စက်တင်ဘာ ဒုတိယပတ်မှာတော့ ဒမ်ကီမိုရီရဲ့ Brand Ambassador အဖြစ်ဟောင်ကောင် ကို တစ်ပတ်ကြာ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။
No comments:
Post a Comment