Thursday 23 August 2012

iPad နှင့်တွဲဖက်အသုံးပြုနိုင်မည့် iTypewriter လက်နှိပ်စက်



တစ်ခေတ်တစ်ခါက ရုံးသုံး၊ အိမ်သုံး စာစီစာရိုက် စနစ်တွင် အလွန်ခေတ် စားခဲ့သော လက်နှိပ်စက်များကို တမ်းတ လွမ်းမောနေသူများအတွက် iTypewriterကို တီထွင်လိုက်ပြီ ဖြစ်သည်။ ယခုအခါ အလွန်နာမည်ကြီး အသုံးတွင်ကျယ်နေသည့် Tabletကွန်ပျူတာ အမျိုးအစား iPadနှင့် တွဲဖက် အသုံးပြုနိုင်မည့် အဆိုပါ လက်နှိပ်စက်လေးသည် ရိုက်နှိပ်လိုက် သမျှ စာများကို iPad၏ Touchscreen နည်းပညာနှင့် ချိတ်ဆက်ကာ စာရိုက်ပြီးသား ဖြစ်သွားစေခဲ့သည်။
တစ်ခေတ်တစ်ခါက ရုံးသုံး၊ အိမ်သုံး စာစီစာရိုက် စနစ်တွင် အလွန်ခေတ်စားခဲ့သော လက်နှိပ်စက်များကို တမ်းတ လွမ်းမောနေသူများအတွက် iTypewriterကို တီထွင်လိုက်ပြီ ဖြစ်သည်။ ယခုအခါ အလွန်နာမည်ကြီး အသုံးတွင်ကျယ်နေသည့် Tabletကွန်ပျူတာ အမျိုးအစား iPadနှင့် တွဲဖက် အသုံးပြုနိုင်မည့် အဆိုပါ လက်နှိပ်စက်လေးသည် ရိုက်နှိပ်လိုက်သမျှ စာများကို iPad၏ Touchscreen နည်းပညာနှင့် ချိတ်ဆက်ကာ စာရိုက်ပြီးသား ဖြစ်သွားစေခဲ့သည်။
ယင်းလက်နှိပ်စက်ပေါ် စာရိုက်လိုက်တိုင်း သေးငယ်သော ရိုက်တံလေး တစ်ခုသည် လက်နှိပ်စက်နှင့် ချိတ်ဆက်ထားသည့် iPadကို သွားရောက်ထိမိကာ သက်ဆိုင်ရာ စာလုံးကို ရိုက်ပေးမည်ဟု သိရှိရသည်။ ထို့ကြောင့် လက်နှိပ်စက်သံ တဂျောက်ဂျောက်မြည်မှ စာရိုက်ရန် အားရသူများအတွက် ခေတ်သစ်နည်း ပညာနှင့် ဂန္ထဝင် နည်းပညာဟောင်းတို့ကို ပေါင်းစပ် အသုံးပြုခွင့် ရလာမည်ဖြစ်သည်။ ယခုကိရိယာကို စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဂ် အနုပညာ ကောလိပ်မှ ထုတ်ကုန်ဒီဇိုင်းနှင့် စက်မှုအင်ဂျင်နီ ယာ ကျောင်းသား အော်စတင်ယန်းက တီထွင်ခဲ့ခြင်း ဖြစ်သည်။
ယန်းက "iTypewriterကို သုံးစွဲသူတွေ အနေနဲ့ ခေတ်ဟောင်းက လက်နှိပ်စက်ကို အသုံးပြုရတဲ့ အငွေ့အသက်တွေကို နောက်ဆုံးပေါ် နည်းပညာ အသုံးပြုပြီး ခံစားရရှိစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေ၊ ကွန်ပျူတာနဲ့ iPadကို အသုံးမပြုဖူးသေးတဲ့ သူတွေအတွက် ခုလက်နှိပ်စက်လေးက တော်တော် အဆင်ပြေပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ ဈေးကွက်ထဲတွင် အခြားသော ကွန်ပျုတာချိတ်ဆက် လက်နှိပ်စက် အချို့ကိုလည်း ရောင်းချနှင့်ပြီးဖြစ်ကြောင်း သတင်းများက ဆိုသည်။ PCကွန်ပျူတာ တစ်လုံးကို USBနှင့် ချိတ်ဆက်ကာ အသုံးပြုနိုင်သည့် လက်နှိပ်စက်မျိုးသည် ပေါင်စတာလင် (၇၀)ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment