Thursday 23 August 2012

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်စတုတ္ထ ပုံမှန် အစည်းအဝေး ဒသမနေ့ အစီအစဉ် (လျာထားချက်)


၁။ ပြည်ထောင်စု လွှတ်တော် နာယက နေရာယူခြင်း။
၂။ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်း နှင့် စတင် ကျင်းပကြောင်း ကြေငြာခြင်း။
၃။ ပြည်ထောင်စု လွှတ်တော် ဒသမနေ့ အစည်းအဝေး အစီအစဉ် ကြေငြာခြင်း။
၎။အစည်းအဝေး မတက်ရောက်နိုင်သော ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များအား ခွင့်ပန်ကြားခြင်း။
၅။နိုင်ငံတော် သမ္မတရုံး၏ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၁၀၇(၁)/၈/ သမ္မတရုံးဖြင့် ပေးပို့လာသော နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာကို နာယက က ဖတ်ကြားတင်ပြခြင်း နှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း။
၆။ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတက အဆိုပြုလာသော ပုဂိုလ်နှင့် ပတ်သက်၍ လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်း။
၇။ နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များနှင့်အတူ ပြန်လည် ပေး ပို့လာသော ၁၉၅၅ ခုနှစ် အစိုးရ ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ ပါအတိုင်း အပိုဒ်၊ အပိုဒ် ခွဲအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။
၈။ နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်များနှင့် အတူ ပြန်လည် ပေးပို့လာသော လူမှုဖူလုံရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာပါအတိုင်း အပိုဒ်၊ အပိုဒ်ခွဲအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

No comments:

Post a Comment