Thursday 23 August 2012

အာဆင်နယ်ကစားသမား အဲလက်စ်ဆောင်း ဘာစီလိုနာသို့ ပြောင်းရွှေ့

အာဆင်နယ် အသင်းမှ ကွင်းလယ် ကစားသမား အဲလက်စ်ဆောင်းသည် ယခုအခါ ဘာစီလိုနာ ကစားသမား ဘဝကို တရားဝင် ခံယူလိုက်ပြီ ဖြစ်သည်။ အသက်(၂၄)နှစ်ရှိ ကင်မရွန်း လက်ရွေးစင်အား ဘာစီလိုနာသို့ ပမာဏ မကြေညာသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရောင်းချလိုက်ပြီဟု လန်ဒန်ကလပ် က ကြေညာသည်၊

အာဆင်နယ် အသင်းမှ ကွင်းလယ် ကစားသမား အဲလက်စ်ဆောင်းသည် ယခုအခါ ဘာစီလိုနာ ကစားသမား ဘဝကို တရားဝင် ခံယူလိုက်ပြီ ဖြစ်သည်။ အသက်(၂၄)နှစ်ရှိ ကင်မရွန်း လက်ရွေးစင်အား ဘာစီလိုနာသို့ ပမာဏ မကြေညာသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရောင်းချလိုက်ပြီဟု လန်ဒန်ကလပ်က ကြေညာသည်။


သတင်းများကမူ ကွင်းလယ်ခံစစ် ကစားသမားအတွက် ဘာစီလိုနာသည် အာဆင်နယ်ထံ သို့ ပေါင်စတာလင် (၁၅)သန်းမျှ ပြောင်းရွှေ့ကြေး ပေးချေခဲ့ရမည်ဟု ခန့်မှန်း ဖော်ပြခဲ့ သည်။ ဆောင်း သည် နူးကမ့်ကွင်းကြီးတွင် အာဆင်နယ် အသင်းဖော်ဟောင်း ဆက်စ်ဖာဘရီဂက်စ်နှင့် ပြန်လည်ပေါင်းစပ် ကစားခွင့် ရလာမည်ဖြစ်သည်။


ဆောင်းက "ကျွန်တော်နဲ့ ကျွန်တော့် မိသားစု အတွက်တော့ နေ့ထူးနေ့မြတ် တစ်ခုပါ။ ဘာစီလိုနာလို ကမ္ဘာ့ အကောင်းဆုံး အသင်းမျိုးမှာ ကစားဖို့ဆိုတာ ကျွန်တော် ငယ်ငယ်ကတည်းက ဖြစ်ချင်တဲ့ ဆန္ဒမျိုးပါပဲ။ အသင်းက ရှေ့ဆက်ပြီး အောင်မြင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာစီလိုနာ ဟာ အောင်နိုင်မှုတွေနဲ့ အသားကျနေတဲ့ အသင်းပါ။ ကမ္ဘာပေါ်မှာ မရဖူးတဲ့ အောင်မြင်မှု မရှိသလောက် ဖြစ်နေတဲ့ အသင်းလို့ ဆိုရပါမယ်။ ကျွန်တော့်အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ အစွမ်းကုန် လုပ်ဆောင်ပြီး ကစားဖို့ အခွင့်အရေး ရသမျှ ကြိုးစားသွားပါမယ်"ဟု ပြောကြားသွားခဲ့သည်။

No comments:

Post a Comment