Thursday 23 August 2012

မန်ယူရှယ်ယာများကို ဘီလျံနာဆိုရော့စ် ဝယ်ယူ

ဘီလျံနာ ဂျော့ဂ်ျ ဆိုရော့စ်သည် အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်း မန်ချက်စတာ ယူနိုက်တက်၏ ရှယ်ယာအချို့ကို ဝယ်ယူလိုက်ကြောင်း AP သတင်းက ပြောကြားသည်။ ဆိုရော့စ်သည် မန်ယူ၏ရှယ်ယာ ၇ ဒသမ ၉ ရာခိုင်နှုန်းနီးပါးကို ဝယ်ယူလိုက်ခြင်းဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် Soros Fund Management ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ ၂၅ ဘီလျံရှိကြောင်း သိရသည်။
ဘီလျံနာ ဂျော့ဂ်ျ ဆိုရော့စ်သည် အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးကလပ်အသင်း မန်ချက်စတာ ယူနိုက်တက်၏ ရှယ်ယာအချို့ကို ဝယ်ယူလိုက်ကြောင်း AP သတင်းက ပြောကြားသည်။ ဆိုရော့စ်သည် မန်ယူ၏ရှယ်ယာ ၇ ဒသမ ၉ ရာခိုင်နှုန်းနီးပါးကို ဝယ်ယူလိုက်ခြင်းဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် Soros Fund Management ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ ၂၅ ဘီလျံရှိကြောင်း သိရသည်။ သက်တမ်း ၁၃၄ နှစ်ရှိပြီဖြစ်သော မန်ယူအသင်း၏ ရှယ်ယာများကို ယခုလအစောပိုင်းက နယူးယောက်ခ် စတော့အိတ်ချိန်းတွင် စတင်၍ ဈေးကွက်တင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

soros-manchester united 
မန်ယူအသင်းအား အမေရိကန်လူမျိုး ဂလေဇာမိသားစုက ၂၀၀၅ ခုနှစ်တွင် ဝယ်ယူ လိုက်ပြီးနောက် ကြွေးမြီ ပေါင်စတာလင် ၄၁၆ ဒသမ ၇ သန်း တင်ရှိနေကြောင်း ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ဂလေဇာမိသားစုသည် အသင်း၏ ကြွေးမြီတင်ရှိနေသည့် ပမာဏကို လျှော့ချပစ်နိုင်ရန် ရှယ်ယာများ ထုတ်ရောင်းခြင်းလည်း ဖြစ်သည်။ စတော့ဈေးကွက်တွင် စတင်ရောင်းချခဲ့သည့်နေ့က မန်ယူအသင်း၏ ရှယ်ယာတစ်ခုလျင် ၁၄ ဒေါ်လာဖြင့် ဈေးကွက်ပိတ်ပြီး အသင်း၏ဈေးကွက်တန်ဖိုးမှာ ၂ ဒသမ ၃ ဘီလျံဖြစ်ခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့ ဈေးကွက် ပိတ်ချိန်တွင်မူ မန်ယူ၏ရှယ်ယာတစ်ခုတန်ဖိုးမှာ ၁၃ ဒေါ်လာဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment