Thursday 23 August 2012

Twilight အထူးပွဲပြသရာသို့ ပက်တင်ဆန်နှင့် ခရစ္စတန်တို့ အတူတက်ရောက်မည်

ရောဘတ်ပက်တင်ဆန် အနေဖြင့် Twilight ဇာတ်ကား နောက်ဆုံးအပိုင်းကို အထူးပွဲ ပြသရာတွင် ခရစ္စတီယန် စတီးဝပ်နှင့်အတူတွဲ၍ တက်ရောက်မည်ဟု သိရှိရသည်။ ချစ်သူနှစ်ဦးအဖြစ် ကာလရှည်ကြာ တွဲခဲ့သော်လည်း ခရစ္စတန်က ရုပ်ရှင်ဒါရိုက်တာ တစ်ဦးနှင့် ဇာတ်လမ်းရှုပ်ခဲ့သဖြင် အသည်းကွဲခဲ့သော မင်းသားသည် ပြဿနာများနောက်ပိုင်း ပထမဆုံးအကြိမ် ခရစ္စတန်နှင့် မျက်နှာချင်း ပြန်ဆိုင်မည် ဖြစ်သည်။

ရောဘတ်ပက်တင်ဆန် အနေဖြင့် Twilight ဇာတ်ကား နောက်ဆုံးအပိုင်းကို အထူးပွဲ ပြသရာတွင် ခရစ္စတီယန် စတီးဝပ်နှင့်အတူတွဲ၍ တက်ရောက်မည်ဟု သိရှိရသည်။ ချစ်သူနှစ်ဦးအဖြစ် ကာလရှည်ကြာ တွဲခဲ့သော်လည်း ခရစ္စတန်က ရုပ်ရှင်ဒါရိုက်တာ တစ်ဦးနှင့် ဇာတ်လမ်းရှုပ်ခဲ့သဖြင် အသည်းကွဲခဲ့သော မင်းသားသည် ပြဿနာများနောက်ပိုင်း ပထမဆုံးအကြိမ် ခရစ္စတန်နှင့် မျက်နှာချင်း ပြန်ဆိုင်မည် ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် Twilight ဇာတ်ကားများ ရိုက်ကူးရင်း ချစ်သူဖြစ်ခဲ့ကြသည့်နောက် ခရစ္စတန်သည် Snow White and the Huntsman ဇာတ်ကားတွင် ဒါရိုက်တာ ရူးပတ်ဆန်းဒါးစ်နှင့် ချိတ်ခဲ့ခြင်းဖြစ်သည်။ ရူးပတ်သည် အိမ်ထောင်ရှင် တစ်ဦးလည်း ဖြစ်သည်။




ရောဘတ်သည် ယင်းကိစ္စနောက်ပိုင်း ခရစ္စတန်နှင့် လုံးဝ မျက်နှာချင်း မဆိုင်ခဲ့သော်လည်း နိုဝင်လဘာလ တွင် လော့စ်အန်ဂျလိစ်၌ Twilight Saga: Breaking Dawn Part IIကို ပွဲဦးထွက် ပြသမည်ဖြစ်ရာ ခရစ္စတန်နှင့်အတူ တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ အသက်(၂၆)နှစ်ရှိ ဟောလီးဝုဒ် မင်းသားနှင့် နီးစပ်သူများက "ရောဘတ်ဟာ ထုတ်လုပ်သူတွေကို အဲဒီပွဲ သူတက်မယ်လို့ အသိပေးခဲ့တယ်။ သူ့အတွက် အရှက်ရစရာတွေ ဖြစ်ခဲ့တာကို အဖတ်ဆည်ဖို့ ကော်ဇောနီပေါ် သူလမ်းလျှောက်ပါလိမ့်မယ်။ အမျိုးသမီး ပရိသတ် တချို့က သူ့ကို လှောင်ကြပြောင်ကြမှာပါ။ ဒါပေမဲ့ ရောဘတ်က ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ ဒီအခြေအနေမှာ သူ့စိတ်ဓာတ်ကို မြင့်မြင့်မားမား ထားတတ်ဖို့ လိုမှန်းသိပါတယ်"ဟု ပြောကြားခဲ့ကြသည်။

No comments:

Post a Comment