Monday 13 July 2015

အိမ်နီးချင်းနိုင်ငံများနှင့် ပဋိပက္ခဖြစ်နိုင်၍ သံလွင်မြစ်ရေကာတာ စီမံကိန်းများကို ကန့်ကွက်

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီ မံကိန်းများကြောင့် အိမ်နီးချင်း နိုင်ငံများ အချင်းချင်း ပဋိပက္ခဖြစ် စေနိုင်၍ သံလွင်မြစ်စီမံကိန်းများ ကို ကန့်ကွက်ကြောင်း သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက် က သတင်းထုတ်ပြန်သည်။

သံလွင်မြစ်သည် မြန်မာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ နယ်နိ မိတ်လမ်းကြောင်းများပေါ်တွင် ဖြတ်သန်းစီးဆင်းနေသော အ ပြည်ပြည်ဆိုင်ရာ မြစ်တစ်စင်းဖြစ် ၍ သက်ဆိုင်ရာနိုင်ငံများ၏ သံ လွင်မြစ်ကြောင်း ထိန်းသိမ်းရေး သဘောတူညီချက်မရှိဘဲနှင့် စီမံ ကိန်းအကောင်အထည်ဖော်ခြင်း သည် အိမ်နီးချင်းနိုင်ငံများ အချင်း ချင်း ပဋိပက္ခဖြစ်စေသည့် အတွက် သံလွင်ထိန်းသိမ်းရေး ကွန်ရက် နှင့် လူမှုအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သံလွင်ရေကာ တာ စီမံကိန်းများမှ ထွက်ရှိလာ သည့် လျှပ်စစ်စီမံကိန်းများကို ပြည်ပသို့ ရောင်းချမည်ဖြစ်သည့် အပြင် ပိုလျှံသော သံလွင်မြစ်ရေ များကို အခြားအရပ်ဒေသသို့ သွယ်တန်းပေးပို့မည့် အစီအစဉ် များမှာလည်း မျှတမှု မရှိဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
မိုးလေ၀သပညာရှင်များ၊ ငလျင်ကျွမ်းကျင်ပညာရှင်များ၏ လေ့လာဆန်းစစ်ချက်များအရ သံလွင်မြစ်ကြောင်းတစ်လျှောက် သည် ကြီးမားသော ငလျင်ပြတ် ရွေ့ကြောပေါ်တွင် ရှိနေ၍ ရေ ကာတာများ ပြိုကွဲပျက်စီးမှု အချိန်အခါမရွေး ဖြစ်ပွားလာပါက ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။

သံလွင်မြစ်ပေါ်တွင် မြန်မာ နိုင်ငံဘက်မှ ရေကာတာခြောက် ခု တည်ဆောက်မည်ဖြစ်ပြီး ယင်း စီမံကိန်းများသည် ပွင့်လင်းမြင် သာမှု မရှိဘဲ တိုင်းပြည်နှင့် ဒေသ ခံပြည်သူလူထုများအတွက် အကျိုးအမြတ်ခွဲဝေရာတွင် ရာခိုင်နှုန်းနည်းပါးသည့်အပြင် စီမံကိန်းရှိရာ ဒေသများ၌ နယ်မြေတည်ငြိမ်မှု မရှိ၍ စီမံကိန်းများ ရပ်ဆိုင်း ပေးရန် သံလွင်မြစ်ထိန်းသိမ်းရေးအဖွဲ့အစည်း များ က ကန့်ကွက်နေကြသည်။

7Day DAILY  

No comments:

Post a Comment