Monday 13 July 2015

တောင်ကြီး ညဈေးတန်းဆိုင်ခန်းများ စည်းကမ်းမဲ့အမှိုက်စွန့်ပြီး သန့်ရှင်းမှုနည်းပါက အရေးယူခံရမည်

ညဈေးတန်းနှင့် ညဈေးတန်းအနီး လမ်းဘေးတွင် စွန့်ပစ်ထားသည့် အမှိုက်များကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)
တောင်ကြီးမြို့ ဗိုလ် ချုပ်အောင်ဆန်းလမ်း တပင်ရွှေ ထီးလမ်းပေါ်တွင် ဖွင့်လှစ်ရောင်း ချနေသည့် ညဈေးတန်းဈေးဆိုင် များ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပြီး သန့်ရှင်းသပ်ရပ်မှုအားနည်းပါက စည်ပင်သာယာရေးဥပဒေပုဒ်မ များဖြင့် အရေးယူမည်ဟု တောင် ကြီးမြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဦးမြတ်သူက ပြောသည်။

‘‘ဆိုင်တွေကို သန့်ရှင်း အောင် ထားရမယ် ဆိုတာတွေကို စည်းကမ်းလည်း သတ်မှတ်ပေး ထားပြီးပါပြီ။ ဆိုးဆိုးရွားရွား အ မှိုက်ပစ်တာတွေရှိရင် ကျန်းမာ ရေးနဲ့ မညီညွတ်ဘူးဆိုရင် ဆိုင် ပိတ်သိမ်းတဲ့အထိ အရေးယူသွား မယ်’’ဟု ဦးမြတ်သူကပြောသည်။

တောင်ကြီးမြို့ စည်ပင်သာ ယာရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ မှ တာဝန်ရှိသူများက ညဈေးတန်းတွင် ရောင်းချနေသည့် ဈေးဆိုင်ခန်းများနှင့် ဇူလိုင်လဆန်းက ခေါ်ယူ တွေ့ဆုံထားပြီး ဆိုင်များအားလုံးသန့်ရှင်းသပ်ရပ်စွာ ရောင်းချ ရန်၊ အမှိုက်ပုံးများထားရှိရန် ပြော ဆိုထားသည်ဟု တောင်ကြီးမြို့ စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ ဖွင့်လှစ်နေသည့် ဈေးဆိုင်ခန်းများသည် ဆိုင်တစ် ဆိုင်တွင် အမှိုက်စွန့်ပစ်ရန် အ မှိုက်ပုံးတစ်ပုံးထားရှိရန် ကျန်းမာ ရေးနှင့်ညီညွတ်သည့် အစားအစာ များသာ ရောင်းချပေးရန် အသိ ပေးထားပြီးဖြစ်သည်ဟု ဆိုသည်။

တောင်ကြီးမြို့ရှိ ညဈေး တန်းတွင် ဒေသထွက်စားသောက် ဖွယ်ရာများ၊ လက်ဖက်ရည်ဆိုင် များ၊ စားသောက်ကုန်များရောင်း ချနေပြီး အနံ့အသက်ဆိုးများ လည်း ခံစားနေရသည်ဟု တောင် ကြီး ဒေသခံ ဦးစိုင်းလူက ပြော ကြားသည်။

‘‘လမ်းပေါ်မှာ ပိတ်ပြီး ဈေး ရောင်းတယ်။ နာရီစင်နားဆို အနံ့ အသက်အဆိုးဆုံးပဲ။ အစားဆိုင် တွေက ရေစီးရေလာမရှိဘဲ ဒီမှာပဲ ချက်၊ ဒီမှာပဲဆေးနဲ့ ကျန်းမာ ရေးနဲ့ကို မသင့်လျော်ဘူး’’ ဟု ဦး စိုင်းလူက ပြောသည်။

ညဈေးတန်းတွင် ရောင်းချ နေသည့် ဈေးဆိုင်ရှင်တစ်ဦးကမူ ၎င်းတို့အနေဖြင့် မွန်းလွဲပိုင်းမှသာ ဈေးခင်းချိန်ရရှိပြီး ယာယီသားငါး ဈေးပါ လာရောက်ဆောက်ထား ၍ အညှီနံ့များရရှိနေပြီး ဈေးဆိုင်အားလုံး ညစ်ပတ်နေခြင်း မဟုတ်ဟု ပြောသည်။

‘‘အရင်ကတော့ ရိုးရာအစား အစာတွေဖြစ်တဲ့ တိုဟူးကြော်တို့၊ ဟင်းထုပ်တို့ ဧည့်သည့်တွေလာ ရင် လမ်းလျှောက်ရင်းနဲ့ ညဈေး တန်းမှာ ဝင်စားဖြစ်တယ်။ အခု က အရမ်းညစ်ပတ်နေရတာမြင်ရတော့ ပြုပြင်သင့်နေပြီလို့ မြင် တယ်’’ဟု တောင်ကြီးမြို့ မချို မာဝင့်က ပြောသည်။
တောင်ကြီးမြို့ ညဈေးတန်း တွင် ရောင်းချနေသည့် ဈေးဆိုင် ခန်းပေါင်း ၄၀ ခန့်ရှိပြီး နေ့လယ် ၂ နာရီမှ ည ၁၁ နာရီအထိ ဖွင့် လှစ်ရောင်းချလျက် ရှိသည်။

7Day DAILY

No comments:

Post a Comment