Monday 13 July 2015

မူဆယ်ဆန် အဖမ်းအဆီးကြောင့် တရုတ်ကုန်သည်များထံမှ အကြွေး ဆုံးမည်ကို မြန်မာကုန်သည်များ စိုးရိမ်နေ

တရုတ်အစိုးရကတရား မ၀င်သွင်းကုန်သမားများကိုဖမ်း ဆီးမှုကြောင့် မြန်မာ ဆန်ကုန် သည်များအနေဖြင့် တရုတ်ကုန် သည်များထံတွင် ဆန်ဖိုးအကြွေး ယွမ်ငွေတစ်သန်းခန့် ဆုံးရှုံးမည် ကို စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။

တရုတ်အစိုးရသည် တင် သွင်းလာသော အစားအသောက် များ လုံခြုံရေးအတွက် တရားမ၀င် မှောင်ခိုတရုတ်ကုန်သည်၊ သွင်း ကုန်လုပ်ငန်းရှင် ၅၇ ဦးကိုဖမ်းဆီး ထားကာ ယခုဖမ်းဆီးမှုသည်စနစ် တကျဖမ်းဆီးခြင်းဖြစ်သည်။

လက်ရှိတရုတ်-မြန်မာငွေလဲ နှုန်းအရ ယွမ်ငွေတစ်သန်းမှာကျပ် ၁၈၁ သန်းတန်ဖိုးရှိကြောင်း သိရ သည်။ တရုတ်ဆန်ကုန်သည်များ သည် မြန်မာမှဆန်ကိုဝယ်ယူရာ တွင် အကြွေးစနစ်ဖြင့်သာ အများ ဆုံးဝယ်ယူပြီး ဆန်တင်ပို့ပြီး ၁၅ ရက်မှ တစ်လခန့်ကြာမှသာ ငွေ ပေးချေလေ့ရှိသည်။

‘‘ဒီအကြွေးတွေကပြန်ရမယ်၊ မရဘူးဆိုတာ အသေအချာပြော လို့တော့မရဘူး။ မြန်မာက၀ယ် ထားတဲ့ ကုန်သည်တွေကလည်း အဖမ်းခံရမှာ ကြောက်တော့ရှောင်နေရတယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ထို့ကြောင့် ပြည်တွင်းမှ ဆန် ရောင်းချလိုသူများသည် လတ်တ လောအခြေအနေကို စနစ်တကျ လေ့လာပြီးမှ လုပ်ကိုင်ကြရန်လို အပ်ကြောင်း မူဆယ်ကုန်သည် တစ်ဦးကပြောသည်။ ‘‘အရောင်း အ၀ယ်က တစ်ဦးလောက်ပဲ ရောင်းပေးနေတယ်။ ရောင်းတဲ့ ပုံစံကလည်း ငွေလက်ငင်းစနစ်နဲ့ ပဲရောင်းတယ်’’ဟု မူဆယ်နယ်စပ် မှကုန်သည်တစ်ဦးကပြောသည်။

တရုတ်အစိုးရ၏ ဖမ်းဆီးမှု ကြောင့် မူဆယ်ကုန်စည်ဒိုင်သို့ တရုတ်ကုန်သည်များ ဆန်လာ ရောက်ဝယ်ယူမှု လျော့နည်းသွား ပြီး တစ်ရက်လျှင်တစ်ဦးနှစ်ဦးသာ လာသော်လည်း ပြည်တွင်းမှဆန် တင်ပို့မှုမှာ နေ့စဉ်တန်ချိန် တစ် ထောင်ကျော်ရှိနေကြောင်းသိရ သည်။ ယခင်က တစ်ရက်လျှင် မူ ဆယ်ဆန်ကုန်စည်ဒိုင်သို့ တရုတ် ဆန်ကုန်သည် ၃၀ မှ ၅၀ ဦးကြား ပုံမှန်လာရောက်လေ့ရှိသည်။

ယင်းသို့ တင်ပို့မှုများသည် တရုတ်နိုင်ငံမှ အ၀ယ်များစွာ လျော့နည်းနေပြီး အကြွေးများ ပြန်လည်ရရှိရန်မသေချာချိန်တွင် မူဆယ်မှကုန်သည်များနှင့် ပြည် တွင်းမှကုန်သည်များကြားငွေပေး ငွေယူရှုပ်ထွေးလာမည်ကို စိုးရိမ် ရကြောင်း မူဆယ်ဆန်ကုန်သည် အချို့ကပြောသည်။

လက်ရှိတရုတ်နိုင်ငံမှ ဆန် ၀ယ်ယူမှုမရှိသဖြင့် ပြည်တွင်းဈေး ကွက်တွင် ဆန်တစ်အိတ်လျှင်ကျပ် နှစ်ထောင်ခန့်ဈေးကျဆင်းလာ ကြောင်း ဘုရင့်နောင်ကုန်စည် ဒိုင်မှ စုံစမ်းသိရသည်။

လက်ရှိ ဆန်ဈေးသည် ဧည့်မထ အမျိုးအစား ဆန်ကြမ်းရှယ်တစ်အိတ်လျှင် ၁၈,၀၀၀ ကျပ်ခန့်ရှိပြီး ယခင်က တစ်အိတ်လျှင်ကျပ် ၂၀,၀၀၀ ကျော် ဈေးရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

7Day DAILY 

No comments:

Post a Comment