Monday 13 July 2015

အဝေးသင် စတုတ္ထနှစ် အဖြေလွှာများ အဝေးသင်တက္ကသိုလ်များက တိုက်ရိုက်အကဲဖြတ်မည်

၂၀၁၆ ပညာသင်နှစ်မှစ၍ အဝေးသင် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအဖြေလွှာများနှင့် စာစဉ် (Assignment) များကို အဝေး သင်တက္ကသိုလ်များက တိုက်ရိုက် အကဲဖြတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သတင်းရရှိသည်။

လက်ရှိတွင် အဝေးသင် ကျောင်းသား၊ ကျောင်းသူများ၏ အဖြေလွှာနှင့် စာစဉ်များကို အဝေးသင်တက္ကသိုလ်နှင့် သက်ဆိုင် သော တစ်နိုင်ငံလုံးရှိ တက္ကသိုလ် ဌာနခွဲများမှ ဆရာ၊ ဆရာမများက တာဝန်ယူ အကဲဖြတ်ပေးနေ ကြောင်း သိရသည်။

‘‘အခုက ဌာနခွဲက ဆရာ၊ ဆရာမတွေ တာဝန်ယူထားတဲ့အ တွက် အဝေးသင်က တတ်နိုင်သ လောက် စတုတ္ထနှစ်ကို ကူပေး တာပါ။ ပြီးရင်လည်း စစ်ဆေးပြီး တဲ့ Assignment ကို ကျောင်းသားကို ပြန်ပြသွားမယ်’’ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဝေးသင် တက်ရောက် သော ကျောင်းသား၊ ကျောင်းသူ ဦးရေများသည့်အတွက် လာမည့် နှစ်တွင် အဝေးသင်တက္ကသိုလ်က အတန်း အားလုံးကို တိုက်ရိုက်အကဲဖြတ်ခြင်းမဆောင်ရွက်နိုင် သေးဘဲ စတုတ္ထနှစ်ကိုသာ စတင်အကဲဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအဝေးသင်တက္ကသိုလ် များက တစ်နိုင်ငံလုံးရှိ အဝေးသင် စတုတ္ထနှစ်အတန်းကို ၂၀၁၆ ပညာသင်နှစ်မှစ၍ တိုက်ရိုက်အ ကဲဖြတ်မည့်အကြောင်း ကျောင်းများ၌ ကြေညာခြင်းမရှိသေးဟု အဝေးသင် ကျောင်းသားအချို့ထံမှ သိရ သည်။ ဒဂုံတက္ကသိုလ် အဝေးသင်ဌာနခွဲမှ ဒုတိယနှစ် ကျောင်းသားတစ်ဦးက ‘‘ကျွန်တော်တို့က ဒုတိယနှစ်ပဲ ရှိသေးတဲ့အတွက် စတုတ္ထနှစ်တွေ ဖြေတာကို အဝေး သင်က တိုက်ရိုက်အကဲဖြတ်တဲ့ အခါမှာ အဆင်ပြေ၊ မပြေစောင့် ကြည့်ရမှာပေါ့။ အခုတော့ ဌာနခွဲ က စစ်တာလည်း အဆင်ပြေပါ တယ်’’ဟု ပြောသည်။

ထို့ပြင် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦး က ဌာနခွဲများတွင် အဝေးသင် တက္ကသိုလ်၏ ၂၀၁၆ ပညာသင် နှစ်အတွက် ပြောင်းလဲချက်များ ကို ကျောင်းသားများ သိရှိစေရန် မကြာမီ ကြေညာသွားမည်ဖြစ် ကြောင်း ပြောကြားသည်။

တစ်နိုင်ငံလုံး အနေဖြင့် ရန် ကုန်အဝေးသင် တက္ကသိုလ်တွင် အောက်မြန်မာပြည် အဝေးသင် ဌာနခွဲ ၁၅ ခုရှိပြီး မန္တလေးအဝေး သင်တက္ကသိုလ်တွင် အထက်မြန် မာပြည်အဝေးသင်ဌာနခွဲ ၂၀ ရှိ သည်ဟု သိရှိရသည်။

7Day DAILY

No comments:

Post a Comment