Monday 13 July 2015

ဒေါ်လာ ၅၀၀၀ တန် ပျားရည်ကြောင့် လူသတ်မှုဖြစ်ပွား

ရယ်လ်ကမ်ဘောလ်(၇၂နှစ်)ကို အိုရီဂွန်ပြည်နယ်တရားရုံးက လူသတ်မှုနဲ့ ထောင်ဒဏ်၂၅နှစ် ချမှတ်ခဲ့ပါတယ်။ ကမ်ဘောလ်ဟာ ပျားမွေးမြူရေး ခြံပိုင်ဆိုင်မှုနဲ့ အကျိုးခံစားခွင့်အတွက် အချင်း များခဲ့ရာက လီယွန်ကယ်လီကို သေနတ်နဲ့ပစ်သတ်ခဲ့ခြင်းဖြစ်ပါတယ်။


ကမ်ဘောလ်ဟာ တရားရုံးက စီရင်ချက်ချမှတ်ခဲ့ပြီးနောက်မှာတော့ ပြစ်ဒဏ်ချမှတ်မှုကို လျှော့ ပေါ့ပေးဖို့ အယူခံဝင်ခဲ့ပါတယ်။ ဒါပေမဲ့ တရားရုံးက တရားဥပဒေကြောင်းအရ သက်ညှာခွင့်မပေးနိုင်တဲ့ အတွက် ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ခြင်းမရှိခဲ့ပါဘူး။ အံ့အားသင့်ဖွယ်ပဲ စီရင်ချက်ချမှတ်ခဲ့ပြီးနောက်မှာ တရားသူကြီးက ယခုစီရင်ချက်ဟာ တရားမျှတမှုရှိတယ်လို့မထင်တဲ့အကြောင်းနဲ့ လူသတ်မှုနဲ့ စီရင်ချက် ချမှတ်ခံရမှုမှာလည်း ပုံမှန်မဟုတ်တဲ့အခြေအနေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တရားခံကမ်ဘောလ်ကလည်း ကယ်လီနဲ့ အချင်းများခဲ့ရာမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်လိုမှု ကြောင့် သေနတ်နဲ့ထုတ်ပစ်ခဲ့ရခြင်း ဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ရှေ့နေတွေကတော့ ကမ်ဘောလ်ရဲ့ ကယ်လီ(၆၃နှစ်)ကို သေနတ်နဲ့တုံ့ပြန်မှုဟာ ဒေါသနဲ့ မိုက်မဲစွာ တုံ့ပြန်မှုဖြစ်တယ်လို့ သတ် မှတ်ကြပါတယ်။

ပြဿနာရဲ့အစကတော့ ပျားမွေးမြူရေးခြံပိုင်ရှင်ဖြစ်တဲ့ စတန်းဘရောင်းရဲ့ အမွေလွှဲပြောင်းပေး မှု ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါတယ်။ ဘရောင်းဟာ ၄င်းရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ ပျားမွေးမြူရေးခြံကို သမီး ဖြစ်သူ ကက်သလင်း(၆၈နှစ်)အပါအဝင် မိသားစုဝင်တွေကို လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲ ကမ်ဘောလ်ရဲ့ ဇနီးဖြစ်သူ ကာရင်(၆ဝနှစ်)ကို လွှဲပေးခဲ့ပါတယ်။ သမီးဖြစ်သူ ကက်သလင်းကတော့ အသက် ၉ဝအရွယ် ရောက်ရှိနေတဲ့ ဖခင်ဘရောင်းဟာ စိတ်ပိုင်းဆိုင်ရာဝေဒနာတချို့ကို ခံစားနေရပြီး ၂ဝဝ၉ခုနှစ်ကစတင် ကာ ပျားမွေးမြူရေးခြံကို ဦးစီးလုပ်ကိုင်နေတဲ့ ကာရင်က အခွင့်ကောင်းယူအသုံးချခဲ့တယ်လို့ ယုံကြည်ခဲ့ ပါတယ်။ 

လူသတ်မှုဖြစ်ပွားစေတဲ့အထိ အငြင်းပွားမှုကတော့ ၂ဝ၁၃ခုနှစ် အောက်တိုဘာ ၆ ရက်မှာ ကမ်ဘောလ်၊ ကာရင်နဲ့ သားဖြစ်သူဒါမွန်ကာရိုး(၃၅နှစ်)တို့ဟာ ပျားမွေးမြူရေးခြံထဲက ဒေါ်လာ ၅ဝဝဝတန် တဲ့ ပျားရည်တွေကို သွားရောက်သယ်ယူစဉ်မှာ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ တရားရုံးကစစ်ဆေးရာမှာတော့ ကက်သလင်းဟာ အချင်းများမှုတွေကို တားဆီးပေးဖို့ ရဲဌာနကို ဖုန်းဆက်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရုတ်တရက်အချိန်မှာတော့ ကက်သလင်းဟာ သေနတ်သံသုံးချက်ကို ကြားခဲ့ရပြီး ခင်ပွန်းဖြစ်သူကယ်လီ သေနတ်နဲ့အပစ်ခံခဲ့ရတာကို သိရှိခဲ့ရပါတယ်။ သက်သေများအရ ကယ်လီက စတင်ပြီး ကမ်ဘောလ်ကို တွန်းထိုးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာ ကမ်ဘောလ်ဟာ လိုင်စင်နဲ့ကိုင်ဆောင်ထား တဲ့ ပစ္စတိုနဲ့ ထုတ်ပစ်ခဲ့ပါတယ်။

တရားရုံးမှာ ကမ်ဘောလ်ဟာ ''ကျွန်တော်က အသက် ၇ဝပါ။ သူက ကျွန်တော့်ဆီတိုက်ခိုက်ဖို့ လာနေပါတယ်။ ကျွန်တော် ဘာလုပ်ရမလဲ''လို့ ထွက်ဆိုခဲ့ပါတယ်။ ကမ်ဘောလ်ထွက်ဆိုတဲ့အချိန်မှာ ကက်သလင်းက ကမ်ဘောလ်ကို လူလိမ်၊ လူညာ၊ သူခိုးလို့ အော်ဟစ်ခဲ့ပါတယ်။

ကယ်လီဟာ သေနတ်ဒဏ်ရာကြောင့် အရေးပေါ်လူနာတင်ယာဉ်ပေါ်မှာပဲ သေဆုံးသွားခဲ့ပါ တယ်။

ရှေ့နေတွေက ကယ်လီဟာ ဒေါသတကြီး ခိုက်ရန်ဖြစ်ပွားတတ်သူဆိုတာကို လက်ခံခဲ့ပေမယ့် အခင်းဖြစ်ပွားချိန်မှာ ကမ်ဘောလ်ဟာ အရက်သောက်ထားတဲ့အတွက် လိုအပ်တာထက်ပိုပြီး တုံ့ပြန်မှု ရှိမရှိကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ ကယ်လီရဲ့ဇနီးဖြစ်သူ ကက်သလင်းကတော့ ကမ်ဘောလ် ပစ္စတို ကိုင်ထားတဲ့ပုံကိုသာ မြင်ယောင်နေမိပြီး နောက်တစ်ယောက် ဘယ်သူ့ကိုပစ်မလဲဆိုတာကိုသာ စဉ်းစား နေမိတယ်လို့ ဆိုပါတယ်။ လူသတ်မှုကို စစ်ဆေးနေချိန်အတွင်း ပျားခြံပိုင်ရှင် ဘရောင်းကလည်း မေလ မှာ ဆုံးပါးသွားခဲ့ပါတယ်။ ကက်သလင်းဟာ ကမ်ဘောလ်ကို အမူဖွင့်ထားခဲ့ရာမှာ ကမ်ဘောလ်ရဲ့ ရာ မောက်က နေအိမ်အပါအဝင် ပိုင်ဆိုင်မှုထဲက ဒေါ်လာတစ်သန်းလျော်ကြေးရရှိဖို့ တောင်းဆိုထားခဲ့ပါ တယ်။

တရားသူကြီးများက ဥပဒေကြောင်းအရ ကမ်ဘောလ်ကို ပြစ်ဒဏ်ချမှတ်မှုဟာပြင်းထန်လွန်း တယ်လို့ ယူဆကြပေမယ့် ရှေ့နေဂျွန်အယ်ဆော့ကတော့ ကမ်ဘောလ်ဟာ ¤င်းရဲ့ကျန်ရှိတဲ့ဘဝကို ထောင် တွင်းမှာ အဆုံးသတ်ရဖို့ရှိနေပြီး တရားမျှတတဲ့ဆုံးဖြတ်ချက်က ပြီးဆုံးသွားခဲ့ပြီလို့ ပြောကြားသွားခဲ့ပါတယ်။

Ref : GLOBE
Yangon Media Group

No comments:

Post a Comment