Monday 13 July 2015

ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ပြင်ဆင်ချက်များအပေါ် ဝေဖန်မှုများရှိ

ရန်ကုန်မြို့ ညမီးရောက်များအောက် ပြည့်တန်ဆာတစ်ဦး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ပြည့်တန်ဆာနှိပ်ကွပ် ရေးအက်ဥပဒေပြင်ဆင်သည့်ဥပ ဒေကြမ်းတွင် ပြည့်တန်ဆာများ၏ အခွင့်အရေးကိုကာကွယ်ပေးမည့် ပြင်ဆင်ချက်များမပါရှိဘဲ ပြစ် ဒဏ်များကိုသာ ပြောင်းလဲပြင် ဆင်ခဲ့မှုအပေါ် လွှတ်တော်ကိုယ် စားလှယ်အချို့နှင့် တရားလွှတ် တော်ရှေ့နေအချို့က ဝေဖန်မှု များ ရှိသည်။

ပြင်ဆင်လိုက်သည့်ဥပဒေ ကြမ်းတွင် ၁၉၄၉ ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေရှိ စကားလုံး အချို့နှင့် ထောင်ဒဏ်၊ ငွေဒဏ်တို့ ကို တိုးမြှင့်သတ်မှတ်ပြင်ဆင် လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ပြည့်တန်ဆာများ ဖမ်းဆီးရာတွင် အသွင်ယူဖမ်းဆီးနေခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေပြီး တရားလွှတ်တော်ရှေ့နေအချို့က လည်း အသွင်ယူဖမ်းဆီးခြင်းအပေါ် ကန့်ကွက်ထားသည်။

‘‘သူတို့မှာ စားစရာမရှိလို့ ပြည့်တန်ဆာလုပ်တာ။ ဒါကိုအ သွင်ယူ၊ ကာမကိုယူပြီးတော့မှ ဖမ်းတယ်ဆိုတာကတော့ မလုပ် သင့်ပါဘူး’’ဟု တရားလွှတ်တော် ရှေ့နေဦးကိုနီကပြောသည်။

နိုင်ငံတော်ကို ပုန်ကန်ရန်ကြံ စည်သည့်အမှုမျိုးတွင်ဖြစ်စေ၊ မူး ယစ်ဆေးဝါးအမှုမျိုးဖမ်းဆီးသည့် အခါတွင်ဖြစ်စေ ကြီးမားသည့်အ မှုမျိုးကို အသွင်ယူဖမ်းဆီးခြင်း လုပ်ဆောင်သင့်သော်လည်း ကြီး မားသည့်အမှုမျိုး မဟုတ်သည့် ပြည့်တန်ဆာအမှုကို အသွင်မယူ ဘဲ အခြားနည်းလမ်းများဖြင့်ဖမ်း ဆီးသင့်ကြောင်း ၎င်းက ဆက် လက်ပြောသည်။

‘‘အဓိက က ကျွန်တော်တို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပြီးတစ်ဦးချင်းဝင်ငွေနည်း နေလို့ ပြည့်တန်ဆာလုပ်ငန်းကပို ပြီးကြီးထွားလာတာ။ ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာပဲစဉ်းစားသင့်တယ်။ ပြဿနာရဲ့အရင်းအမြစ်ကိုမစဉ်းစားဘဲ ပြဿနာရဲ့နောက်ကလိုက်ဖြေရှင်းနေမယ်ဆိုပြီးမှာ မဟုတ်ဘူး’’ဟု ဦးကိုနီကဆက်လက်ပြောကြားသည်။

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ် ရေးဥပဒေတွင် ပြည့်တန်ဆာလုပ် ငန်းလုပ်ကိုင်ကျူးလွန်ပါက ပုဒ်မ ၁၃၊ ပုဒ်မခွဲ (၅)အရ တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ၁,၀၀၀ ကျပ် အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးကိုဖြစ်စေ စီရင်နိုင်စေရ မည်ဆိုသည့် စကားရပ်ကို တစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ၁၀၀,၀၀၀ ကျပ် ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်ဆိုသည့် စကား ရပ်ဖြင့် အစားထိုးရမည်ဖြစ် ကြောင်း ပြင်ဆင်သည့်ဥပဒေ ကြမ်း၌ ဖော်ပြထားသည်။

ထို့အပြင် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (၁)တွင်ပါရှိသော သုံးနှစ်အထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်စီရင် နိုင်စေရမည်ဆိုသည့် စကားရပ် ကို တစ်နှစ်ထက်မနည်း သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ် ရမည်ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ပြီး ယောက်ျားဖြစ်လျှင် ကြိမ်ဒဏ်လည်းစီရင်နိုင် သည်ဆိုသည့်စကားရပ်ကို ပယ် ဖျက်ရမည်ဖြစ်ကြောင်း ပြင်ဆင်သည့် ဥပဒေကြမ်း၌ ဖော်ပြ ထားသည်။

ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အထက်ပါ အချက်နှစ်ချက်အပါအဝင် စကား လုံးအသုံးအနှုန်းအချို့ကိုလည်း အစားထိုးပြင်ဆင်ထားသည်။

‘‘မြန်မာနိုင်ငံသည် အခြားနိုင် ငံများကဲ့သို့ ပြည့်တန်ဆာလုပ်ငန်း နှင့်ပတ်သက်၍ တရားဝင်လိုင် စင်ချထားပေးခြင်းမရှိသဖြင့် ပြည့် တန်ဆာအခွင့်အရေးကို ကာ ကွယ်ပေးရန်မဖြစ်နိုင်ကြောင်း၊ ပြည့်တန်ဆာလုပ်ငန်းပပျောက် စေရန် လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်သာလိုကြောင်းလွှတ် တော်ကိုယ်စားလှယ်ဦးကျော်က ပြောသည်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အနေအထားနဲ့ကြည့်ရင် သူတို့ တွေပပျောက်အောင်ဆောင်ရွက် ရမှာပဲ။ အဲဒီလိုလုပ်ဖို့က တစ်ဦး ချင်းဝင်ငွေကောင်းဖို့အလုပ်အ ကိုင်အခွင့်အလမ်းများဖို့လိုတယ်။ အခုက စီးပွားရေးအခြေအနေနိမ့် ကျနေလို့ ဖြစ်ရတာ’’ဟု ၎င်းက သုံးသပ်သည်။

ယခု ပြင်ဆင်ထားသည့် ဥပဒေကြမ်းတွင် ဝေါဟာရအသုံး အနှုန်းအချို့ကိုသာ ပြောင်းလဲ ထားပြီး ထူးထူးခြားခြားပြောင်းလဲ ပြင်ဆင်ခြင်းမျိုးမရှိကြောင်း၊ အ ချို့ပုဒ်မများတွင် ပြည့်တန်ဆာ လုပ်ကိုင်နေသူများအတွက် မဖြစ် မနေပြစ်ဒဏ်ကျခံရမည်ဆိုသည့် အချက်များပင်ပါဝင်လာကြောင်း လူထုကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဒေါက်တာစစ် နိုင်က ပြောသည်။

‘‘ခေတ်အလိုက် ဝေါဟာရ ပြောင်းတဲ့သဘောမျိုးပါပဲ။ အ သွင်ယူဖမ်းတာကတော့ မဖြစ် သင့်တဲ့ကိစ္စပါ။ ဒီကိစ္စက ဘယ်လို ပဲပပျောက်စေချင်ချင် ရှိလာတာ ပဲလေ။ အမြစ်ကိုမခုတ်ဘဲ အကိုင်းကိုခုတ်သလိုဖြစ်နေတယ်’’ ဟု ၎င်းက ဆိုသည်။

နိုင်ငံအတွက် အလွန်အရေး ကြီးသည့် အမှုမျိုးများတွင်သာ အသွင်ယူဖမ်းဆီးခြင်း လုပ် ဆောင်သင့်ပြီး လူ့ဂုဏ်သိက္ခာနှင့် ဆိုင်သည့် ယခုကဲ့သို့ အမှုများတွင် အသွင်ယူဖမ်းဆီးခြင်းမျိုးမပြုလုပ်သင့်ကြောင်း ဒေါက်စစ်နိုင်က ထောက်ပြပြောကြားသည်။

ပြည့်တန်ဆာများကို ရဲတပ် ဖွဲ့ဝင်များ အသွင်ယူဖမ်းဆီးခြင်း အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက‘‘ရဲတွေအသွင်ယူပြီး ဖမ်းဆီးတာနဲ့ပတ်သက်ပြီး အငြင်း ပွားစရာမရှိပါဘူး။ အသွင်ယူပြီး ဖမ်းပိုင်ခွင့်လည်းရှိတယ်။ အဲဒီလို ဖမ်းတာပိုလွယ်ပြီး ပိုထိရောက် တယ်’’ဟု ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည့်တန်ဆာများကိုအသွင်ယူ ဖမ်းဆီးခွင့်မရှိဘဲ ယင်းကဲ့သို့ ဖမ်းဆီးခြင်းမျိုးလည်းမပြုလုပ်ခဲ့ ကြောင်း ပြည့်တန်ဆာများကို အ သွင်ယူဖမ်းဆီးမည်ဆိုပါက ရဲသ တင်းပေးများအသွင်ယူ၍ ရဲတပ် ဖွဲ့က ၀င်ရောက်ဖမ်းဆီးခြင်းမျိုး သာရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦး ကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂၀၁၅ ဇန်န၀ါရီ ၁ရက်မှဇူ လိုင်လ ပထမပတ်အထိ ပြည့်တန် ဆာအမှုပေါင်း ၃၄၀ခန့်ဖမ်းဆီး ထားပြီး လှိုင်သာယာ၊ ကျောက်တံတားနှင့် တာမွေမြို့နယ်တို့တွင် အများဆုံးဖမ်းမိကြောင်း တိုင်းရဲ တပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment