Monday 13 July 2015

ပလက်ဝမြို့တွင် နိုင်ငံခြားသားခရီးသွားလာခွင့်ရရှိရန် မြို့ သစ် ဧရိယာ ဧက နှစ်ထောင်ခန့်  တိုးချဲ့မည်

ပလက်ဝမြို့မြင်ကွင်းတစ်ခုအားတွေ့ရစဉ်။ ဓာတ်ပုံ- TGH
ပလက်ဝမြို့တွင် နိုင်ငံခြားသားခရီးသွားလာခွင့်ရရှိ ရန်နှင့် မြို့ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြို့သစ်ဧရိယာ တိုးချဲ့ခြင်းစီမံကိန်း အကောင်အထည်ဖော်လုပ်ဆောင်မည် ဖြစ်ကြောင်း ချင်းပြည်နယ် သစ်တော နှင့် သတ္တုရေးရာဝန်ကြီး ဦးကျော် ငြိမ်းက ဆိုသည်။ 

လက်ရှိတွင် ပလက်ဝမြို့သို့နိုင်ငံ ခြားသားခရီးသွားလာခွင့် ကန့်သတ် ထားပြီး ပြည်တွင်းခရီးသွားများသာ သွားလာခွင့်ပေး ထားကြောင်းနှင့် ထိုကဲ့သို့ နိုင်ငံခြားသားခရီးသွားဝင် ရောက်ခွင့် တားမြစ် ထားခြင်းမှာ လုံခြုံရေးအပိုင်း လိုအပ်ချက်ရှိခြင်း၊ တည်း ခိုရန် အတွက် အဆင့်မြင့်ဟို တယ်များမရှိခြင်း၊ ကျန်းမာရေးအ တွက်လုံလောက်မှုမရှိခြင်းနှင့် ဆက် သွယ်ရေးနည်း ပညာအဆင် ပြေမှု မရှိ ခြင်း စသည့်အချက်တို့ကြောင့် တား မြစ်ထားခြင်းဖြစ်ကာ လိုအပ်ချက် များကို ဒေသခံပြည်သူများ၊ တာဝန် ရှိသူများအားလုံး ပူးပေါင်းပြီး လုပ် ဆောင်မည့်အပြင် မြို့သစ်ဧရိယာ ဧက ၂၀ဝ၀ ဝန်းကျင်တိုးချဲ့ဖော် ဆောင်သွား မည်ဖြစ်ကြောင်း သိရ သည်။

''ပလက်ဝမြို့ တိုးချဲ့ဖို့လုပ်နေ တယ်။ မြို့သစ်လို့လဲပြောလို့ရတယ်။အဲဒီမြို့သစ် အကောင်အထည် ဖော်တာနဲ့ နိုင်ငံခြားသား ခရီးသည် များ သွားလာခွင့်ရဖို့ အစိုးရကို တောင်းဆိုမယ်။ ၂၀၁၅-၂၀၁၆ မှာ မြေညှိ တာတွေအပြီးလုပ်ဖို့ စီစဉ် ထားတယ်။ လမ်းတွေလဲဖောက် နေတယ်။ ဒါတွေ အကောင်အထည် ဖော်ပြီးရင်တော့ နိုင်ငံခြားသား ခရီးသွားလာခွင့်လဲ တောင်းဆိုမယ်။ အရင်ကလဲ တောင်း ဆိုထား ပေမယ့် လိုအပ်ချက်တွေရှိလို့ ဖွင့်မပေးတာ လို့သိရတယ်။ ဒါကြောင့်ကိုယ့်ဘက် ကလဲလို အပ်ချက်တွေ ကို ပြီးမြောက် အောင်လုပ်ထားဖို့ လိုတယ်''ဟု သစ် တောနှင့် သတ္တုရေးရာဝ န် ကြီး က ဆက်လက်ဆိုသည်။

ပလက်ဝမြို့သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဝင်ရောက်သွား လာခွင့်ပြုပါက ယင်းမြို့လည်း ပိုမိုဖွံ့ဖြိုးတိုးတက်မှုရှိလာ မည့်အပြင် ဒေသခံတိုင်းရင်းသားများအတွက် လည်း စီးပွားရေး အခြေအနေ များ ပိုမို ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး မြန် မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဌ ဦးအောင်မြတ်ကျော်က ''နိုင်ငံ ခြားသား ခရီးသွားလာ ခွင့်ကန့်သတ် ထားတဲ့ နေရာဒေသတွေအကုန်လုံး ကို ခရီးသွား လာခွင့်ပြုဖို့အတွက်ဆို ရင် ကိုယ့်ဒေသကို ဖွံ့ဖြိုးအောင်အ ရင်ဆုံးလုပ်သင့်ပါတယ်။ ကိုယ့်ဒေသ ဖွံ့ဖြိုးပြီဆိုရင် ခရီးသွားလာခွင့်ရ အောင် လုပ်ဆောင်နိုင်မှာပါ။ ခရီး သွားကန့်သတ်ထား တာက အဲဒီနေရာ က လမ်းပန်းဆက်သွယ်ရေးကောင်းရဲ့ လား။ လုံခြုံရေးရောကောင်းရဲ့လား၊ ဆေးရုံဆေးပေးခန်းရော လုံလောက်  ရဲ့လား၊ နေဖို့၊ စားဖို့၊ တည်းဖို့ရောအ ဆင်ပြေရဲ့လား။ စတဲ့အချက်တွေအ များကြီး ရှိတယ်။ အဲဒါတွေအဆင် ပြေရင် ခရီးသွားလာခွင့်ကလဲသူ့အ လိုလိုဖြစ်လာမှာပါ။ ဘယ်နေရာ ဘယ်ဒေသပဲဖြစ်ဖြစ် ကိုယ့်ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်စေချင် ပါ တယ်။ ခရီးစဉ် အခက်အခဲ မရှိဘူး ဆိုရင် အနှေးနဲ့အမြန်ခရီးသွားလာ ခွင့်ရလာကြမယ်လို့ထင်ပါတယ်''ဟု သုံးသပ်ပြော ဆိုသည်။    

TGH
Democracytoday

No comments:

Post a Comment