Monday 13 July 2015

ရုံးထုတ်လာသည့် မူးယစ်အချုပ်သားကို သေနတ်ပြပြီး ရဲလက် မှ ခေါ်ဆောင် သွားသည့်ဖြစ်စဉ်တွင် အခါတော်ပေး သူ အမျိုးသားတစ်ဦး ကို အားပေးကူညီမှုဖြင့် ဖမ်းဝရမ်းထုတ်

တောင်ကြီး ခရိုင်တရားရုံးမှ ရုံးထုတ်လာသော မူးယစ်အချုပ်သားကို သေနတ်ပြကာ လမ်းခုလတ်တွင် ရဲလက်မှခေါ်ဆောင် သွားသည့် မှုခင်းဖြစ်စဉ်တွင် နေ့ရက် အချိန်ကောင်း ရွေးချယ်ပေးခဲ့သည့် ဒီမောဆိုမြို့နယ်မှ အခါတော်ပေး အမျိုးသားတစ်ဦးကို ပြစ်မှုကျူးလွန် သူများအား အားပေးကူညီမှုဖြင့် ဖမ်း ဆီးရန်အတွက် ဝရမ်းထုတ် ထား ကြောင်း ရွှေညောင် ရဲစခန်းမှ စခန်း မှူး ရဲအုပ်မင်းဒင်က ဒီမိုကရေစီတူဒေး သို့ ပြောသည်။ 

ဖမ်းဝရမ်းထုတ်ခံထားရသူ မှာ ကယားပြည်နယ် ဒီမောဆိုမြို့နယ်နေ ဦးမှိုင်း ဆိုသူဖြစ်ပြီး ၎င်းသည် အဆိုပါ ဖြစ်စဉ်တွင် ပြစ်မှုကျူး လွန်သူများ ကို နေ့ရက် အချိန်ရွေးချယ်ပေးပြီး အား ပေးကူညီမှုဖြင့် ဖမ်းဆီးရန်ဝရမ်းထုတ် ထားပြီး ၎င်းအပြင် ပြစ်မှုကျူးလွန်ရာ တွင် ပါဝင်ပတ်သက်သူနှစ်ဦးဖြစ်သည့် ဒီမောဆိုမြို့နေ ဦးသော့နှင့် ပေါလုတို့ နှစ်ဦးကိုလည်း ဖမ်းဝရမ်းထုတ် ထား ကြောင်း သိရသည်။

ရွှေညောင်ရဲစခန်းမှစခန်းမှူး ရဲ အုပ်မင်းဒင်က ''ဒီအမှုနဲ့ပတ်သက်ပြီး ထွက်ပြေးတရားခံတစ်ယောက် ထပ် တိုးတယ်။ သူက ဒီမောဆို မြို့နယ်မှာ နေ တာ။ ကိုယ်တိုင် ပါဝင်မကျူးလွန် ပေ မယ့် ပြစ်မှုကျူးလွန် မယ့်သူတွေကို ဘယ်နေ့၊ ဘယ်အချိန် ရက်ကောင်း တယ်၊ အကြံပေးတယ်၊ တိုင်ပင်တယ် စတာတွေလုပ်တယ်လို့ ဖမ်းဆီးရမိသူ တွေရဲ့စစ်ဆေး ချက်တွေ အရ သိလို့ ဖမ်းဝရမ်း ထုတ်တာ။ အခု သူကထွက် ပြေး တိမ်းရှောင်နေ တယ်။ အခုရှောင် တိမ်းနေတဲ့သုံးယောက်စလုံး ဒီမောဆို မြို့ကပဲ။ ဒီအမှုနဲ့ပတ် သက်ပြီး ထွက် ပြေးတိမ်းရှောင်နေတဲ့ အဲဒီသုံးယောက် ကို ဖမ်းဝရမ်းထုတ်ထားတယ်။ တရား ခံပြေးအဖြစ်ကြေညာဖို့လဲ လုပ်ဆောင် သွားမှာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး အခု ဖမ်းဆီးထားတာ စုစုပေါင်းခြောက် ယောက် ။ ကျန်သုံးယောက်က ထွက် ပြေး တိမ်းရှောင်နေ တယ်။ ဖမ်းဆီးမိ ထားတဲ့ ခြောက်ယောက်ကို ဇူလိုင် ၃ ရက်က တောင်ကြီး မှာ ရုံးထုတ်တယ်။ ဇူလိုင် ၂ဝရက် ဒုတိယအကြိမ်ရုံးထုတ် မယ်''ဟု ပြော သည်။

ဖြစ်စဉ်မှာ ဇွန် ၁၅ရက် ညနေ ၄ နာရီကျော်အချိန်တွင် တောင်ကြီး ခရိုင် တရား ရုံးမှ မယ(ပ) ၂၉/၁၄ မူး စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ဖြင့် စစ် ဆေး ခံနေ ရသော အချုပ်သား ခွန်နန်း အပါအဝင် မူးယစ်မှုဖြင့် တရားရင် ဆိုင်နေ ရသူ ကျားခုနစ်ဦး၊ မတစ်ဦးတို့ ကို ကလောမြို့မရဲစခန်းမှ တာဝန်ရှိ သူငါးဦးခြံရံလျက် တောင်ကြီးခရိုင် တရားရုံးမှ တောင်ကြီးမြို့ နယ် တောင် လေး လုံး အကျဉ်းထောင် တွင် ချုပ် နှောင်ရန်ခေါ်ဆောင် လာစဉ် တောင် ကြီးမြို့နယ် တောင်လေးလုံးရေနွေး ကျေးရွာအရောက်တွင် အချုပ် သား များတင်ဆောင်လာသည့် ယာဉ်အ နောက်မှပါလာသော မတ်တူးအဖြူ ရောင်ယာဉ်တစ်စီးသည် အချုပ်ယာဉ် ရှေ့ မှပိတ်ရပ် ၍ သေနတ် သုံးလက် ကိုင်ဆောင်ထားသော အမည်မသိ လူသုံးဦးက ယာဉ်ပေါ်ပါ တာဝန်ရှိ သူများကို ခြိမ်းခြောက်ကာ အချုပ် ကားပေါ်မှ မူးယစ်မှုဖြင့် အမှုရင် ဆိုင်နေရသူ ခွန်နန်းကို ခေါ်ဆောင် ပြီး မော်တော် ယာဉ်ဖြင့် ကလောမြို့ ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ဖမ်း ဆီးရမိသူ ခြောက်ဦးကို စစ်ဆေးချက်များအရ မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးခံခဲ့ရ သည့် ခွန်နန်းကို ကယ် တင် ရန် ခွန် နန်း၏ဖခင်က ၎င်းနှင့်ရင်းနှီးသူများ အား တိုင်ပင်ပြီး ရဲလက်မှကယ် ထုတ်ရန် တိုင်ပင်စီစဉ်ကာ သားဖြစ် သူကို ကယ်တင်နိုင်ပါက ငွေကျပ် သိန်း ၂၀၀ ပေးမည်ဟု ကတိပေး ထားကြောင်း ဖမ်းဆီးရမိထားသူ များအား စစ်ဆေးချက်များအရ သိရသည်ဟု ယင်းက ဆက်လက် ပြောကြားသည်။

KMZ
‎Democracytoday‬

No comments:

Post a Comment