Monday 13 July 2015

မုံရွာတွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး လူနှစ်ဦး ဒဏ်ရာရ

မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် ချိတ်ဆွဲပွတ်တိုက်ခဲ့၍ ယာဉ်တစ်စီး ကန်သာယာကန်အတွင်း ထိုးကျခဲ့ပြီး ယာဉ်ပေါ်ပါ လူနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၁ ရက် ည ၉ နာရီကျော်တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်းအတိုင်း အမည်မသိစုံစမ်းဆဲ မောင်းနှင်လာသော စူပါကာစတန်အဖြူရောင်နှင့် တိုယိုတာ အစိမ်းရောင်ယာဉ်တို့သည် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် မျက်နှာချင်းဆိုင် ချိတ်ဆွဲပွတ်တိုက်မိခြင်းဖြစ်သည်။

ကန်အတွင်း ပြုတ်ကျသွားသော တိုယိုတာ အစိမ်းရောင် ယာဉ်ပေါ်တွင် ပါလာသူနှစ်ဦးသည် ပွန်းပဲ့ဒဏ်ရာများရရှိ၍ မုံရွာပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် ဆေးဝါးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။ ‘‘ပြည်ထောင်စုလမ်းပေါ်မှာ မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် ချိတ်မိတိုက်မိပြီး အရှိန်မထိန်းနိုင်ဘဲ အစိမ်းရောင်တိုယို တာကားလေးက ကန်သာယာကန်ထဲ ထိုးကျသွားတယ်။ 

စူပါကာစတန်ကားကတော့ ကန်သာယာကန်ဘေးမှာ ကျန်နေတယ်။ ကန်ထဲကျသွားတဲ့ကားပေါ်က လူနာတွေကို ဆေးရုံအချိန်မီ ပို့ဆောင်ပေးခဲ့တယ်’’ဟု မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် သုမေဓ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment