Monday 13 July 2015

ပြည်တွင်းမှ ဆက်သွယ်ရေးအော်ပရေတာသုံးခုအား ၁၅နှစ်သာ လုပ်ကိုင်ခွင့်ပြုထားဟုဆို

လွင်ပြင် [ Photo - AFP ]
မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း (MPT)အပါအဝင် ပြည်တွင်းဆက်သွယ်ရေးဈေးကွက်တွင် လုပ်ကိုင်ခွင့်ပြုထားသည့် အော်ပရေတာ များအား လုပ်ငန်းလုပ်ကိုင်ခွင့် ၁၅နှစ် သာခွင့်ပြုထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ ဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းသန်း ကပြောဆိုလိုက်သည်။

လှိုင်မဲဆန္ဒနယ်မှ လွှတ်တော် အမတ်ဦးဝင်းမြင့်၏ဝန်ကြီးဌာနက ခွင့် ပြုထားသည့် ဆက်သွယ်ရေးအော်ပရေ တာမည်မျှရှိ၍ ¤င်းအော်ပရေတာတစ်ခု စီမှဝန်ကြီးဌာနသို့ နှစ်အလိုက် ပေးသွင်း ငွေမည်မျှဖြစ်ပြီး SIM ကတ်များ၊ ငွေဖြည့် ကတ်များရောင်းရငွေ၊ Internet ဝန် ဆောင်မှုမှ ရရှိငွေမည်မျှရှိသည်၊ နိုင်ငံ ခြားဖုန်းကုမ္ပဏီများကို ခွင့်ပြုထားသည့် သဘောတူညီချက်သည် မည်သည့်ကာလ အတွက်ဖြစ်သည်နှင့် မည်သို့သောအ ခွန်ကင်းလွတ်ခွင့်၊  သက်သာခွင့်ပေးသည် တို့ကို မေးခွန်းထုတ်ခဲ့ခြင်းအား ဒုဝန်ကြီး ကဖြေရှင်းရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒုဝန်ကြီး၏ ဖြေကြားချက်အ ရအူရီဒူးမြန်မာမှ ၁၅နှစ်အတွက် လှိုင်း နှုန်း အခွန်အခအမေရိကန်ဒေါ်လာ ၁ ဒသမ ဝ၁ဝဘီလီလျံအနက် ၇၅ရာခိုင် နှုန်းအထိ ပေးသွင်းပြီးဖြစ်ကြောင်းနှင့် တယ်လီနောမြန်မာမှရရှိမည့်အခွန်အခ အမေရိကန် ဒေါ်လာသန်း ၅ဝဝအနက်မှ ၇၅ရာခိုင်နှုန်းအထိပေးဆောင်ထားပြီး ကျန် ၂၅ရာခိုင်နှုန်းစီကို ယခု ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်းရရှိမည်ဖြစ် ကြောင်းသိရသည်။

သို့သော် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည်KSGM Co.,Ltd.နှင့် အကျိုးတူ ပူးပေါင်းပြီး ၂ဝ၁၄ခုနှစ် စက်တင်ဘာလမှ ၂ဝ၁၅ခုနှစ် ဇွန်လကုန် အထိ SIM ကတ်ပေါင်း ၈၆၆၉၂ဝဝကို ရောင်းချခဲ့ကာ ကော်မရှင်ခနုတ်ပြီး ရောင်း ရငွေ ကျပ် ၉ဒသမ ၁၅၄ဘီလီယံနှင့် ငွေ ဖြည့်ကတ်ရောင်းရငွေကျပ် ၅၇၄ဒသမ ၉၆၇ ဘီလီယံကိုရရှိခဲ့သော်လည်း လှိုင်း နှုန်း အခွန်အခပေးဆောင်ခြင်းမရှိသေးကြောင်း ဒုဝန်ကြီးကပြောသည်။

Yangon Media Group 

No comments:

Post a Comment