Monday 13 July 2015

ကျေးလက်ဒေသဖွံ့ဖြိုးရေးဥပဒေကို ရွေးကောက်ပွဲမတိုင်မီ ပြဋ္ဌာန်းရန် စီစဉ်

ကျေးလက်ဒေသရှိ လူနေအိမ်တစ်လုံး၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရေးဆွဲထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဥပဒေကို ရွေးကောက်ပွဲမတိုင်မီ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်ကပြောသည်။ 

ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းများကို စနစ်တကျဖြင့် မူဘောင်များချမှတ်ပြီး ကျေး လက်ဒေသဖွံ့ဖြိုးရေး ဥပဒေတစ် ရပ်အဖြစ် ထည့်သွင်းပြဋ္ဌာန်းနိုင် ရန် ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးဥပဒေကို ၎င်းတို့ဌာနက ဦးဆောင်ရေးဆွဲနေကြောင်း သတင်းရရှိ သည်။

ဥပဒေပထမ မူကြမ်းကို ဇွန် လ ၂၄ ရက်တွင် စတင်ဆွေးနွေးခဲ့ပြီး သြဂုတ်တွင် ဒုတိယ မူကြမ်းထွက်ရှိနိုင်ရန် ဆောင်ရွက်နေ ကြောင်း ဦးခင်ဇော်က ပြောသည်။

‘‘ကျွန်တော်တို့က ထွက်လာ တဲ့ မူကြမ်းကို စက်တင်ဘာ လောက်မှာ သက်ဆိုင်ရာ ရှေ့နေ ချုပ်ရုံးတင်ပြီးတော့ အကြံဉာဏ် တောင်းမယ်။ ရှေ့နေချုပ်ရုံးက ပေးလာတဲ့ အကြံဉာဏ်အပေါ်မှာ ကျွန်တော်တို့က ပြင်ဆင်ပြုပြင် ပြီးတော့မှ အစိုးရအဖွဲ့နဲ့ လွှတ် တော်ကိုတင်မယ်။ လွှတ်တော်အ တည်ပြုရင်တော့ ဒီဥပဒေအတည် ဖြစ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့တော့ မြန်အောင်တော့ လုပ်နေတယ်။ ဒီနှစ် ရွေးကောက် ပွဲမတိုင်ခင် ပြီးအောင်အတတ်နိုင် ဆုံးမြန်အောင် ဆောင်ရွက်နေပါ တယ်’’ဟု ဦးခင်ဇော်က ပြောသည်။

ကျေးလက်ဥပဒေ ဒုတိယ မူကြမ်းထွက်ရှိလာပါက သက် ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသ ကြီးများရှိ သက်ဆိုင်ရာပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျေးလက်ဒေသအဖွဲ့အစည်း များ၊ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများထံ ချပြကာ ဆွေးနွေး အကြံပြုချက်များ ရယူသွားမည် ဖြစ်ပြီး ရရှိလာသည့် အကြံပြုချက် များနှင့် စက်တင်ဘာတွင် ဒုတိယ မူကြမ်းကို ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ တင်ပြသွားမည်ဟု သိ ရသည်။

ယခုရေးဆွဲမည့် ဥပဒေတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များအတွင်း လုပ်ပိုင်ခွင့်ရောထွေး မှု မရှိစေ၍ ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပကာ ကျေးလက်ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု လျှော့ချရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့ဘဏ်မှ ပညာရှင်များ၊ NGO/CSO များ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်း များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၏ အတွေ့အကြုံများအပေါ် အခြေခံသည့် အကြံပြုချက်များ၊ သဘောထား အမြင်များ ရယူကာ ဆောင် ရွက်ရေးဆွဲသွားမည်ဟု မွေးရေ/ ကျေးလက်ဦးစီးဌာန ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

7Day DAILY 

No comments:

Post a Comment