Monday 13 July 2015

တစ်ရက်လုပ်ခ ကျပ် ၄,၀၀၀ ရရှိရေး အလုပ်သမား သုံးရာခန့် ဆန္ဒပြ

အနိမ့်ဆုံးလုပ်အားခ တစ်ရက်လျှင် ၄၀၀၀ ကျပ်ရရှိရန် လှိုင်သာယာ စက်မှု ဇုန်မှ စက်ရုံဝန်ထမ်းများ ဇူလိုင် ၁၂ ရက်က ဆန္ဒဖော်ထုတ်နေကြစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
တစ်နေ့အနည်းဆုံးလုပ် အားခ ကျပ်၎,၀၀၀ရရှိရန် လှိုင်သာယာမြို့နယ်ရှိစက်ရုံများတွင် အလုပ် လုပ်ကိုင်နေသောအလုပ်သမားများက ဇူလိုင် ၁၂ရက်၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

လှိုင်သာယာမြို့နယ်ရှိ စက် ရုံများတွင် လုပ်ကိုင်နေသောအ လုပ်သမား သုံးရာခန့်သည် တစ်နေ့အနည်းဆုံးလုပ်အားခ ကျပ်၎,၀၀၀ ရရှိရန် လှိုင်သာယာမြို့နယ်မီးခွက်ဈေး အောက်ထိပ်မှတ်တိုင်မှ မြို့နယ်အားကစားကွင်းအထိ ချီတက်လမ်းလျှောက်၍ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

‘‘အလုပ်ရှင်တွေက တစ်နေ့ လုပ်အားခ ၃,၆၀၀မပေးနိုင်ဘူးလို့ ဆန္ဒပြထားတယ်။ ဒါကသူတို့လုပ် ရမယ့်ဟာပဲလေ။ အလုပ်သမား တွေကလည်း တစ်နေ့လုပ်အားခ လေးထောင်ပေးပါလို့ တောင်းဆို တာ သူတို့ရပိုင်ခွင့်ပဲလေ။ ဒါကို အမျိုးသားကော်မတီက ဆုံးဖြတ် ပေးရမှာပါ။ အလုပ်သမားတွေမှာ အခုလက်ရှိရနေတာထက်များစွာ ရဖို့လိုအပ်နေပါတယ်။ အဲဒါ ကြောင့် သူတို့ရဲ့ မူလရည်မှန်း ချက်ဖြစ်တဲ့ တစ်နေ့လုပ်အားခ လေးထောင်ရရှိရေးပဲတောင်းဆို တာပါ’’ဟု အလုပ်သမားဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်သည့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ရှေ့နေဦးဌေးကပြောသည်။

အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခ ၃,၆၀၀ကျပ်၊ တစ် နာရီလုပ်အားခ ၄၅၀ကျပ်အဖြစ် အဆိုပြုနှုန်း သတ်မှတ်လိုက် ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသား ကော်မတီက ဇွန်လ ၂၉ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ထုတ်ပြန်ကြေညာပြီး နောက်ရက်တွင် အလုပ်ရှင်များ ဘက်မှ အဆိုပါတစ်ရက်လုပ်အား ခ ၃,၆၀၀ကျပ် သတ်မှတ်မှုကို မပေးနိုင်ကြောင်းနှင့် စက်ရုံများပိတ်သိမ်းမည်ဖြစ်ကြောင်း ကန့်ကွက်ထားသည်။

‘‘ကျွန်တော်တို့အနေနဲ့က အ ဆိုပြုနှုန်း ၃,၆၀၀ကျပ်ကိုလည်း လက်ခံနိုင်ပါတယ်။ အခုပါဝင်ဆ န္ဒပြရတယ်ဆိုတာကလည်း ရင် လောက်တင်ထားမှ ဒူးလောက်ရ မယ့်သဘောဖြစ်နေလို့ပါ’’ဟု ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်ခဲ့သူ လှိုင်သာယာစက်မှုဇုန်မှ အခြေခံ လုပ်သားကိုတင်စိုးပိုင်ကပြော သည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ အလုပ်သမား၊ အလုပ်ရှင်သုံးပွင့် ဆိုင်ပါဝင်သောအလုပ်ရုံဆွေးနွေး ပွဲကို ရန်ကုန်မြို့တွင် ဇွန်လ ၂၂ နှင့် ၂၃ရက်၌ ပြုလုပ်ခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ အဆိုပြုနှုန်းဆန္ဒခံယူခဲ့သည်။ ထိုစဉ်က အလုပ်သမားများက တစ်ရက်လုပ်ခ ကျပ်၎,၀၀၀နှင့် အလုပ်ရှင်များဘက်က ၂,၅၀၀ ကျပ်အဆိုပြုခဲ့ကြခြင်း ဖြစ်သည်။

‘‘အလုပ်သမားတွေတောင်း နေတဲ့တစ်နေ့၃,၆၀၀၊ ၄,၀၀၀ဆိုတာ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေအနေနဲ့ ပေးသင့်တယ်လို့ ထင်တယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ ကြည့်ရင်လည်း ဒီကဈေးနှုန်းက အနည်းဆုံးဖြစ်နေပါသေးတယ်’’ ဟု ရန်ကုန်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

လှိုင်သာယာမြို့နယ် စက်မှု ဇုန်များတွင် လုပ်ကိုင်နေသော အ လုပ်သမားများသည်တစ်နေ့လုပ် အားခ ကျပ်၅,၆၀၀ရရှိရန် ယခုနှစ် မေလ၁ရက်(မေဒေးနေ့)ကလည်း ဆန္ဒပြတောင်းဆိုထားသည်။

7Day DAILY

No comments:

Post a Comment