Monday 13 July 2015

လပွတ္တာတွင်လူကြီးချင်း နာကြည်းချက်ကြောင့် (၁၃) နှစ်အရွယ် မိန်းကလေးသတ်ဖြတ်ခံရ

လပွတ္တာမြို့တွင် ဇူလိုင် ၅ ရက်က အသတ်ခံခဲ့ရသည့် အ သက် (၁၃) နှစ်အရွယ် မိန်းက လေးငယ်မှာ လူကြီးချင်းနာကြည်း ချက်ကြောင့် သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး သတ်ဖြတ်ခဲ့သည့် သံသယ တရားခံကို ဇူလိုင်၉ ရက်က ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဧရာ ၀တီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လပွတ္တာအမှတ် (၁)အခြေခံ ပညာ အထက်တန်းကျောင်းမှ သတ္တမတန်းကျောင်းသူကို သတ် ဖြတ်သူဟု သံသယရှိသူအား တိုင်းမှုခင်းနှိမ်နင်းရေးအကူအဖွဲ့နှင့် နယ်မြေရဲတပ်ဖွဲ့တို့ ပူးပေါင်းဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ သံသယတရားခံမှာလပွတ္တာ မြို့ အမှတ်(၇) ရပ်ကွက်နေ ကုန် စိမ်းရောင်းသူ အသက်(၄၂)နှစ်အ ရွယ်ဦးကျော်သူရဆိုသူဖြစ်သည်။

‘‘သေဆုံးသူရဲ့ လက်ဝတ် လက်စားတွေကို လူသတ်သမား က ယူမသွားဘူး။ ဆေးစစ်ချက် တွေအရ သေဆုံးသူကလေးကို အဓမ္မပြုကျင့်ခဲ့တာ မတွေ့ရဘူး။ အဘွားကြီးရဲ့ကိုယ်မှာ ဓားဒဏ် ရာ နှစ်ချက်တွေ့တယ်။ ကလေး မှာတော့ ဓားဒဏ်ရာက ခြောက် ချက်။ ညာဘက်နံရိုးလည်း ကျိုး သွားတယ်။ သေဆုံးတဲ့ ကလေးနဲ့ ဒဏ်ရာရတဲ့အဘွားရဲ့ ဒဏ်ရာ တွေကိုကြည့်ပြီးတော့ သတ်တဲ့လူ က ဘယ်သန်ဆိုတာ ခန့်မှန်းလို့ရ တယ်။ ဒါကို ရဲပညာအရ ကွင်း ဆက်ဖော်ထုတ်ခဲ့ရာက သံသယရှိ သူကို ရက်တိုအတွင်းဖော်ထုတ် နိုင်ခဲ့တယ်’’ဟု တိုင်းမှု/ကူအဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဇူလိုင် ၅ ရက်ည မိုးသည်း ထန်စွာရွာသွန်းနေချိန်တွင် ကျန်း မာရေးချို့တဲ့နေသော အသက် (၈၃) နှစ်အရွယ် ဒေါ်ခင်သိန်း သည် ထူးခြားသည့်အသံကြားသ ဖြင့် အိပ်ရာမှအထလူသတ်သမား က ၎င်းကို ဓားဖြင့်ထိုးရာ ယာဘက်ရင်သားအောက်၌ ထိုးသွင်းဒဏ် ရာတစ်ချက်၊ လည်ပင်းတွင် ပြတ် ရှဒဏ်ရာများ ရရှိခဲ့သည်။

ဓားထိုးခံရမှုကြောင့် ဒေါ်ခင် သိန်းလဲကျသွားစဉ် အတူအိပ်နေ သည့် မြေးက နိုးလာပြီးအော်ဟစ် သောကြောင့် လူသတ်သမားက ဓားဖြင့်ဆက်လက်ထိုးခဲ့ရာ ဓား ဒဏ်ရာများဖြင့်ပင် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဒေါ်ခင်သိန်းမှာမူ အသက်မ သေဘဲ လပွတ္တာမြို့၊ ၂၃ မိုင်ဆေး ရုံတွင် အတွင်းလူနာအဖြစ် ဆေး ၀ါးကုသမှုခံယူနေကြောင်း သ တင်းရရှိသည်။

‘‘တကယ်တော့ လူသတ်သ မားက သေဆုံးသူကလေးရဲ့ ပ ထွေးနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်လောက် က စကားများကြတယ်။ ဒါကိုသူ က မကျေနပ်ဘူး။ ဒါကြောင့် အဲဒီ လူကို သတ်ဖို့လာရာက အဲဒီလူကို မသတ်မိဘဲ အဘွားအိုနဲ့ကလေး ကို ဓားနဲ့ထိုးရာက ကလေးသေ ဆုံးခဲ့တာ’’ဟု မှု/ကူအဖွဲ့မှ ရဲတပ် ဖွဲ့ဝင်က ပြောသည်။

‘‘ကျွန်တော်တို့မြို့က ပြည် သူတွေရဲ့ အသက်အိုးအိမ်အ တွက် စိုးရိမ်နေရတဲ့အခြေအနေ ဖြစ်နေတာပါ။ လူသတ်သမားက လည်း မပေါ်ဆိုတော့ ညလည်း မထွက်ရဲကြဘူး။ တော်တော့ကို စိုးရိမ်နေကြတာပါ။ မြို့ခံတွေက လူသတ်တရားခံ ဖမ်းပေးဖို့အ တွက် ဆန္ဒပြဖို့တောင် စီစဉ်နေ ကြတာ။ အခုလိုဖော်ထုတ်နိုင် တယ်ဆိုတော့လည်း စိတ်အေးရ တာပေါ့’’ဟု လပွတ္တာမြို့ခံ ဦးမြင့် အေးက ပြောသည်။

7Day DAILY

No comments:

Post a Comment