Monday 13 July 2015

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ရပ် ဆွေးနွေးပွဲအကြိုညှိနှိုင်းပွဲ ဇူလိုင် ၁၅ရက်တွင် ပြုလုပ်မည်

ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC)နှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာအဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းပွဲကို ဇူလိုင် ၁၅ရက်တွင် ချင်းမိုင်မြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

UPWCနှင့် SDတို့ ဇူလိုင်လ တတိယပတ်၌ ရန်ကုန်မြို့တွင် တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးတရားဝင်ဆွေးနွေး မည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲ မတိုင်မီ အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံ၍ ပြင်ဆင်ခြင်းဖြစ် ကြောင်းနှစ်ဖက်တာဝန်ရှိသူများ က ပြောသည်။

‘‘၀န်ကြီးဦးအောင်မင်းရှင်း လင်းတာတွေကို ပြန်တင်ပြမှာ ပါ’’ဟု မြန်မာငြိမ်းချမ်းရေး ပြန် လည်ထူထောင်ရေးဗဟိုဌာန(MPC)အကြီးတန်းအကြံပေးဦး လှမောင်ရွှေကပြောသည်။

UPWCနှင့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်အ ဖွဲ့တို့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)ချုပ်ဆိုနိုင် ရန် တစ်နှစ်ခွဲကျော်အတွင်း တရားဝင်ခုနစ်ကြိမ်တွေ့ဆုံခဲ့သည်။

7Day DAILY

No comments:

Post a Comment