Monday 13 July 2015

ရမည်းသင်းတွင် နိုင်ငံသားစိစစ်ရေးကတ် အမြန်မလုပ်ပေးဟုဆို၍ အုပ်ချုပ်ရေးမှူးတစ်ဦး ရိုက်နှက်ခံရ

မန္တလေးတိုင်း ရမည်း သင်းမြို့နယ် အိုင်တိုကျေးရွာအုပ် စုအတွင်းရှိကျေးရွာများတွင် နိုင်ငံ သားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးနေစဉ် အမြန်ပြုလုပ်ပေးခြင်း မရှိဟုဆိုပြီး ရွာသားတစ်ဦးကအုပ် ချုပ်ရေးမှူးကို ရိုက်နှက်မှုဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

အိုင်တိုကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးသည် မိုးပွင့်စီမံချက်အ ရ ဇူလိုင် ၁၀ ရက်က နိုင်ငံသားစိ စစ်ရေးကတ်ပြားများ ပြုလုပ်ပေး ပြီး ကျွန်းကျင်းကျေးရွာသို့ပြန်လာ ခဲ့သည်။

ထိုစဉ် တစ်ရွာတည်းနေသူ အသက် (၂၇) နှစ်အရွယ် အမျိုး သားသည် ၎င်း၏ဇနီးကိုနိုင်ငံသား စိစစ်ရေးကတ် အမြန်ပြုလုပ်ပေး ခြင်းမရှိဟုဆိုကာ ဆဲဆို၍ ၀ါးရင်း တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ် ကြောင်း ပျားစီနယ်မြေရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ်မင်းလွင်က ပြောသည်။

‘‘သူ့ရဲ့ဇနီးက လှည်းကူး ကျေးရွာဘက်မှာနေတာ ဒီမှာ လုပ်ချင်တာ။ နောက်ပြီးအချက် အလက်ကလည်း မပြည့်စုံလို့ အုပ်ချုပ်ရေးမှူးက ရှင်းပြတာကို လက်မခံဘူး။ သူများတွေအားလုံး ရပြီး သူပဲမရတာလားဆိုပြီး ရွာ အပြန်မှာ ရိုက်လိုက်တာပဲ’’ဟု ရဲ အုပ်မင်းလွင်ကပြောသည်။

ရိုက်နှက်ခံရမှုကြောင့် အုပ် ချုပ်ရေးမှူး၏ ဦးခေါင်း၊ နဖူးတို့ တွင် ပေါက်ပြဲဒဏ် ရာများရရှိခဲ့ပြီး ၎င်းကတရားလိုပြုလုပ်၍ ပျားစီ နယ်မြေရဲတပ်ဖွဲ့စခန်းတွင် တာ ၀န်ဝတ္တရားနှောင့်ယှက်မှုဖြင့် ဇူ လိုင် ၁၁ ရက်က အမှုဖွင့်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ သတင်းရရှိ သည်။

ကျူးလွန်သူဟုယူဆရသည့် အမျိုးသားမှာ ထွက်ပြေးတိမ်း ရှောင်နေကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးနေသည့် မိုးပွင့်အထူးစီမံချက်ကာလကို ၂၀၁၅ ဇန်န၀ါ ရီမှဇွန်လအထိ ပြုလုပ်ပေးမည် ဟု သတ်မှတ်ထားသော်လည်း ပြု လုပ်ရန်ကျန်ရှိသူများ မကျန်ရစ် စေရန် ဇူလိုင်အထိ ရက်တိုးမြှင့်၍ ပြုလုပ်ပေးနေကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ စုံစမ်းသိရသည်။

7Day DAILY

No comments:

Post a Comment