Monday 13 July 2015

လုယက်မှုများဆက်တိုက်ဖြစ်ပွားနေ၍ မန္တလေးတွင် လုံခြုံရေးတင်းကျပ်

ဇူလိုင်၁၂ရက်ညက မန္တလေးမြို့ပေါ်တွင် သွားလာနေသည့်ဆိုင်ကယ်များကို စစ်ဆေးနေစဉ် (ဓာတ်ပုံ−ဖြိုးဖြိုးဇော်)
မန္တလေးမြို့တွင် ညနေနှင့် ညအချိန်တို့၌ ဆိုင်ကယ်ဖြင့် လုယက်မှုများဆက်တိုက်ဖြစ်ပွားနေမှုကြောင့် မြို့နယ်တစ်ခုလျှင် လုံခြုံရေးဆောင်ရွက်မည့် အဖွဲ့ခွဲများထားရှိ၍ အင်အား ၆၀ ခန့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ညနေနှင့် ညအချိန်တို့တွင် နေ့စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးအပြင် မြို့နယ်တစ်မြို့နယ်လျှင် ရဲအရာရှိ တစ်ဦးဦးဆောင်၍ အဖွဲ့သုံးဖွဲ့ဖြင့် လူစည်ကားသည့် နေရာများ၊ မီးပွိုင့်လမ်းဆုံများတွင် စောင့်ကြည့်၍ လုံခြုံရေးဆောင်ရွက်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက ပြောသည်။

‘‘အမှုတွေက ဖြစ်တော့ဖြစ် နေတယ်။ ပေါ်ပေါက်တာတွေ လည်း ရှိတယ်။ လုံခြုံရေးကို ပုံမှန် ထက် ပိုမိုတင်းကျပ်တယ်။ သီး သန့်အဖွဲ့တွေနဲ့ ညပိုင်းမှာ ပိုပြီး စောင့်ကြည့်တာတွေလုပ်တယ်’’ ဟု ရဲမှူးကြီး ဟန်ထွန်းက ပြော သည်။

ထို့အပြင် လုယက်မှုကျူး လွန်သူအများစုသည် ဆိုင်ကယ် နံပါတ်မတပ်ဆင်ဘဲ ကျူးလွန်လေ့ ရှိသည့်အတွက် မြို့ပေါ်တွင် ယခု လဆန်းပိုင်းမှစတင်ပြီး နယ်မြေရဲ တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်၊ အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ နေ့လယ်နှင့် ညအချိန်တို့တွင် ပိတ်ဆို့ရှာ ဖွေစစ်ဆေးခြင်း၊ ယာဉ်/လမ်း စည်းကမ်းစစ်ဆေးခြင်းများ ဆောင်ရွက်နေပြီး နံပါတ်ပြားတပ်ဆင် မောင်းနှင်ခြင်းမရှိသည့် ဆိုင်ကယ် များကို စည်ပင်သာယာအက်ဥပ ဒေပုဒ်မ ၂၆ အရ အရေးယူဆောင် ခဲ့ကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲ မှူးကြီး သက်နိုင်က ပြောသည်။

‘‘အခုနောက်ပိုင်းမှာ လုတဲ့သူ တွေက Scopy ဆိုင်ကယ်တို့လို မျိုးတွေများတယ်။ ကျူးလွန်တဲ့သူ တွေကလည်း နံပါတ်ပြားမပါတဲ့ အတွက် စိစစ်တယ်။ အဲဒီလိုစိစစ် ရင်းကနေလည်း ဖမ်းဆီးရမိတာ တွေရှိတယ်’’ဟု ရဲမှူးကြီးသက်နိုင် က ပြောသည်။

အောင်မြေသာစံမြို့နယ်တွင် ဇူ လိုင် ၁၁ ရက် နေ့လယ် ၁၂ နာရီ အချိန်က ၁၂ လမ်း၊ ၇၄×၇၅ လမ်းကြားတွင် အမျိုးသမီးတစ်ဦးဆိုင် ကယ်မောင်းနှင်လာစဉ် ဆိုင်ကယ်ရှေ့တွင်ထည့်ထားသည့် ပိုက်ဆံအိတ်ကို နောက်မှကပ်လိုက်လာသည့် Tricker ဆိုင်ကယ်ဖြင့် အသက် (၂၄) နှစ်အရွယ်အမျိုး သားက ဆွဲယူထွက်ပြေးမှုဖြစ်ခဲ့ပြီး နယ်မြေလှည့်ကင်းဆောင်ရွက် နေသည့် အမှတ် (၂) နယ်မြေရဲတပ် ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါလုယူထွက်ပြေး သည့် အမျိုးသားကို စစ်ဆေးခဲ့ ရာ ၎င်းသည် ယခုလပိုင်းအတွင်း အောင်မြေသာစံမြို့နယ်နှင့် ချမ်း အေးသာစံမြို့နယ်တို့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးများထံမှ ပစ္စည်းလုယူမှုများ ကျူးလွန်ခဲ့သူဖြစ်ကြောင်း အမှတ် (၂) နယ်မြေရဲတပ်ဖွဲ့မှူးရုံးမှ နယ်ထိန်းတစ်ဦးက ပြောသည်။

‘‘ဒီရက်ပိုင်းမှာ မီးပွိုင့်တွေ၊ လမ်းဆုံလမ်းခွတွေမှာ မီးသတ်ရဲ တွေရှိတယ်။ ည ၁၀ နာရီလောက် ထိရှိတယ်။ အဲဒီလိုမျိုးလေးရှိ တော့ သွားရလာရတာလုံခြုံသလို ဖြစ်တယ်။ လုမယ့်သူဆိုရင်လည်း အဟန့်အတားဖြစ်သွားတာပေါ့’’ ဟု အလင်းသစ်နေ့အထူးသင်တန်းကျောင်းမှ ဆရာ ဦးမြတ်လင်း အောင်က ပြောသည်။

ပုသိမ်ကြီးမြို့နယ်တွင် ဇူလိုင်၁၀ ရက် ည ၁၂ နာရီအချိန်၌ တဲ ကုန်းကျေးရွာရှိနေအိမ်တွင် အိပ် ပျော်နေသည့် အမျိုးသားကို အမည်မသိအမျိုးသားနှစ်ဦးက ခန္ဓာကိုယ်ကို တက်ဖိ၍ ချုပ်နှောင် ကာ ဗီရိုထဲရှိ ငွေကျပ်၁၃၇ သိန်းကို လုယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

7Day DAILY 

No comments:

Post a Comment