Tuesday 3 February 2015

Super Bowl halftime ရှိုးမှာ တေးသံရှင်ကေတီပယ်ရီကထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ဖျော်ဖြေခဲ့

အရီဇိုးနားပြည်နယ် ဂလန်ဒယ် မှာရှိတဲ့ Univetsity of Phoenix အားကစားကွင်းမှာပြုလုပ်တဲ့ Super Bowl halftime ရှိုးပွဲမှာ တေးသံရှင် ကေတီပယ်ရီဟာ အကအလှများနဲ့ အတူ ထူးခြားတဲ့ ဖျော်ဖြေ တင်ဆက် မှုတွေ လုပ်ခဲ့ပါတယ်။

သူမရဲ့ အောင် မြင်ကျော်ကြားတဲ့ တေးသီချင်း Roar ကို ဖျော်ဖြေတဲ့အချိန်မှာတော့ သူမ ဟာ ကြီးမားပြီး စူးရဲသော မျက်လုံးများ ရှိသည့် ခြင်္သေ့ကြီးတစ်ကောင်ကို စီး နင်းကာ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

အသက် ၃ဝရွယ် ကေတီဟာ ရော့ခ်တေးသံရှင် လန်နီကရာဗစ်ဇ် နှင့်အတူ I Kissed A Girl တေးသီ ချင်းကို တွဲဖက်သီဆို ခဲ့ပါတယ်။ ပရိ သတ်အများအပြားက ကေတီရဲ့ထူး ခြားတဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို တစ်ခဲနက် အားပေးခဲ့ပါတယ်။ Super Bowl halftime ရှိုးကို NFL တံခွန် စိုက်ပြိုင်ပွဲအခမ်းအနားတွင် ပြုလုပ် ရခြင်းဖြစ်ပါတယ်။

ကေတီရဲ့ ဖျော်ဖြေတင်ဆက် မှုအပေါ် အငြင်းပွားမှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ လူမှုမီဒီယာတွေကလည်း သူမရဲ့ဖျော်ဖြေမှုကို အပြုသဘော ဆောင်တဲ့ရေးသားမှုတွေနဲ့ ချီးကျူး ရေးသားခဲ့ပါတယ်။ သူမဟာ ဖျော် ဖြေနေစဉ်အတောအတွင်း ဝတ်စုံသုံး စုံလဲလှယ်ခဲ့ပါတယ်။ 

ဧည့်သည်အဆိုရှင်မစ်စီအီလီယက်ကလည်း သူမရဲ့ နာမည်ကျော်တေးသီချင်းတွေဖြစ်တဲ့ Get Ur freak on နှင့် work it စတဲ့ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ကေတီဟာ သူမရဲ့ဖျော်ဖြေတင်ဆက် မှုတွေကို Fire work တေးသီချင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။

Ref : AFP
‎Democracytoday‬

No comments:

Post a Comment