Tuesday 3 February 2015

American နိုင်ငံ Santa Monica Beach မှာ Wedding လေး စီစဉ်ထားပါတယ်တဲ့

ဥက္ကာကျော်နဲ့ ဆုပန်ထွာတို့က ဇန်နဝါရီလ ၂၉ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာတော့ Santa Monica Beach မှာ Beach Wedding ပြုလုပ်သွားမှာ ဖြစ်ကြောင်း American နိုင်ငံမှာ ရောက်ရှိနေတဲ့ ကိုဥက္ကာကျော်က ပြောပြပါတယ်။ ” ဒီမှာ ကျွန်တော်တို့ လက်မထပ်ခင်မှာ အမေရိကန်တရားရုံးမှာရထားတဲ့ Divorce Paper ကို certified copy လုပ်ပြီး LA က လူကြီးများနဲ့ ပန်ပန်ကို ပြပါတယ်။ ဒီမှာလာပြီး လက်ထပ်ရတာက ကျွန်တော်က American Citizen ဖြစ်နေတာက တစ်ကြောင်း၊ American နိုင်ငံမှာက တစ်ယောက်ကို တရားဝင်ကွဲထားပြီးတာ သေချာမှ နောက်တစ်ယောက်ကို ထပ်ပြီး အိမ်ထောင်ပြု ခွင့်ရှိတယ်။ American နိုင်ငံမှာ ၂ဝ၁၄ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှာ ကျွန်တော်က တရားဝင်အရင်မိန်းမနဲ့ကွာရှင်းပြတ်စဲပြီး တရားသူကြီးဆီက တရားဝင်ကွာ ရှင်း ကြောင်းရခဲ့တယ်။ Case Number FAMRS 1300889 ကိုလည်း American နိုင်ငံမှာနေတဲ့ မည်သူမဆို San Bertino Superior Court of California မှာ လာေ ရာက်ကြည့်ရှုလို့ရကြောင်း ပြောပါတယ်။ ကျွန်တော်တို့က American နိုင်ငံမှာလာပြီးလက်ထပ်တယ်။ Wedding လုပ်မယ်ဆိုတာကလည်း ကျွန်တော့်ရဲ့ဂုဏ်သိက္ခာရော၊ ပန်ပန်ရဲ့ ဂုဏ်သိက္ခာအတွက်ပါ ပါပါတယ်။ 

ကျွန်တော်တို့နှစ်ယောက် American နိုင်ငံမှာ တရားဝင်လက်ထပ်တာ နှစ်ဦးသဘောတူလက်မှတ်ထိုးတာ World Wide ကြိုက်တဲ့ နိုင်ငံသွား၊ဇနီးမောင်နှံပဲ။ ဒီအတိုင်းပဲ American နိုင်ငံမှာ တရားရုံးတက် အမှုရင်ဆိုင်ပြီး နှစ်အရှည်ကြီးအမှုတွေ ဖြစ်ပြီးရထားတဲ့ Divorce ကလည်း World Wide ကြိုက်တဲ့ နိုင်ငံ သွားကွဲပြီးသားပဲ။ ကျွန်တော်တို့က Beach Wedding ကို ဖေဖော်ဝါရီလထဲမှာ Santa Monica Beach မှာ ကျင်းပမယ်။ အဲဒီလထဲမှာပဲ ကျွန်တော်နဲ့ ပန်ပန်က ဟာဝိုင်အီကို ဟန်နီးမွန်းသွားမယ်။ မြန်မာပြည်ကို ပြန်ရောက်တာနဲ့ မတ်လလောက်မှာ မင်္ဂလာပွဲကျင်းပမယ် ” လို့ ကိုဥက္ကာကျော်က သူ့ရဲ့မင်္ဂလာသတင်း ကို ပြောပြပါတယ်။

လွင်လွင်ထွန်း
Popular Journal 

No comments:

Post a Comment