Tuesday 3 February 2015

မင်္ဂလာဒုံတွင် ခရီးသည်မီနီဘတ်စ်ယာဉ်တစ်စီး မီးလောင်၊ ထိခိုက်ဒဏ်ရာရသူမရှိ

မီးလောင်ကျွမ်းသွားသော မီနီဘတ်စ်ယာဉ် (ဓာတ်ပုံ − ဖိုးတုတ်(လှည်းတန်း)) 
ရန်ကုန် - တိုက်ကြီးပြေးဆွဲသော ခရီးသည်တင်မီနီဘတ်စ်တစ်စီး မင်္ဂလာဒုံမြို့နယ် စာတိုက် မှတ်တိုင်အနီး ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် တစ်စီးလုံး နီးပါး မီးလောင်ခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်သွားသည့် အဆို ပါကားပေါ်တွင် ခရီးသည်အပြည့် ပါဝင်သော်လည်း အချိန်မီပြေး ဆင်းခဲ့၍ တစ်ဦးမျှ ဒဏ်ရာရရှိခဲ့ ခြင်းမရှိခဲ့ကြောင်း ကား မှတ်တိုင် အနီး ဈေးရောင်းသူ အမျိုးသမီး တစ်ဦးကဆိုသည်။

‘‘ပထမကားဘီးနားက မီးခိုး တွေထွက်လာတယ်။ နောက် တော့ ကားပေါ်က လူတွေလည်း အလုအယက် ပြေးဆင်းကြတာ။ ဘုန်းကြီးတွေတောင်ပါတယ်။ ကားကဂက်(စ်)ကားဆိုရင် ထပေါက်မှာကြောက်လို့ လူတွေ လည်း ပြေးကြတာ’’ဟု ၎င်းက ပြောသည်။

စတင်လောင်ကျွမ်းချိန်တွင် အနီးအနားရှိ လူအများစုမှာ ဂက်(စ်)ကားထင်၍် အနားသို့ မီးငြှိမ်းသတ်ရန် မသွား ရဲ သော်လည်း အချို့မှာ သဲများ၊ ရေများနှင့် ပတ်ဖျန်းပေးခဲ့ပြီး မင်္ဂလာဒုံမီးသတ်ဌာနမှ မီးသတ်ယာဉ် များနှင့် မင်္ဂလာဒုံစစ်တပ်မှ ရေသည်ကားများဝိုင်းဝန်းငြှိမ်းသတ် ပေးခဲ့ကြောင်း သိရသည်။

‘‘လောင်ကျွမ်းချိန်ကတော့ နာရီဝက်လောက်ကြာတယ်။ 

ဒဏ်ရာရသူတွေတော့မရှိပါဘူး။ စစ်ဆေးကြည့်တော့ ၀ိုင်ယာရှော့ခ်က ဖြစ်တာလို့တော့သိရပါတယ်။ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက် နေပါပြီ’’ဟု မင်္ဂလာဒုံရဲစခန်းမှ အမှုစစ်ဒုရဲအုပ်တစ်ဦးက ပြော သည်။

အထက်ပါနေရာတွင် ယခု ကဲ့သို့ မီးလောင်ကျွမ်းမှုမျိုးမဖြစ်ဖူး သော်လည်း လမ်းကွေ့များတွင် ယာဉ်တိုက် မှုများမကြာခဏဖြစ်ပွားလေ့ရှိပြီး လမ်းလယ်ဘလောက်တုံးများချထားပြီးနောက်ပိုင်းတွင်ယာဉ် မတော်တဆ မှုများ လျော့နည်းသွားကြောင်း သိရသည်။

7Day DAILY 

No comments:

Post a Comment