Tuesday 3 February 2015

မအူပင်-ဒလပြေးဆွဲသည့် ပန်းရိုးမယာဉ်ဘရိတ်ပေါက်၊ လမ်းဘေးသစ်ပင်ဝင်တိုက်၍ လေးဦးသေဆုံး

ယာဉ်ပေါ်ပါရှိသူများကို လူနာတင်ယာဉ်ဖြင့် သယ်ယူရန် စီစဉ်နေစဉ် (ဓာတ်ပုံ − မအူပင်သတင်းပုံရိပ်)
မအူပင်-ဒလပြေးဆွဲ သော ပန်းရိုးမအမြန်မော်တော် ယာဉ်သည် ဇန်န၀ါရီ ၂ရက် နေ့ လယ် ၃နာရီခွဲခန့်တွင် မအူပင်မြို့ သို့ အသွား မအူပင်တွံတေး ကား လမ်း မလက်တိုကျေးရွာသို့အ ရောက်၌ ဘရိတ်ပေါက်ကာ လမ်းဘေးသစ်ပင်နှင့်ဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။

လမ်းဘေးသစ်ပင်ဝင်တိုက် ရာဒဏ်ရာပြင်းထန်စွာရရှိသူများ ပြားပြီး အခင်းဖြစ်ရာနေရာတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးသွားကာ မအူပင် ဆေးရုံအရောက်၌ တစ်ဦးထပ် မံသေဆုံးကြောင်း မအူပင်ကရုဏာလူမှုကူညီရေးအသင်းမှ ကို သန်းထွေးကဆိုသည်။

‘‘အဲဒီနေရာမှာ ပွဲချင်းပြီးဆုံး တာသုံးယောက်ပါ။ ဆေးရုံမှာဆုံး တာတော့ ဒုတိယနှစ်ကျောင်းသား လေးပါ။ ကားတံခါးနဲ့ ညပ်နေလို့ မနည်း ဆွဲထုတ်လာရတယ်။ နောက်ထပ် ဆွဲထုတ်ပြီးသယ်လာ ရတဲ့ သူတွေလည်း ရှိပါတယ်’’ဟု ၎င်းကဆက်ပြောသည်။

မအူပင်ဆေးရုံတွင် တက် ရောက်ကုသနေသည့်လူနာများ အနက်အမျိုးသားနှစ်ဦးမှာ စိုးရိမ်ရ သည့်အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ဆက်လက်ပို့ ဆောင်နေပြီး မအူပင်ဆေးရုံတွင် အမျိုးသားသုံးဦးနှင့် အမျိုး သမီးတစ်ဦးဆက်လက်ကုသနေကြောင်း ကူညီလုပ်ကိုင်ပေးသူ အချို့က ဆိုသည်။ ‘‘ကားတွေက ဒီလမ်းတွေမှာ မကြာခဏ တိုက်မှုတွေဖြစ်ကြ တယ်။ လမ်းကမဆိုးပေမယ့် လမ်း ကျဉ်းတော့ ဘေးချပြီး မရပ်ချင်ဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ်က လည်း ခုလိုမှောက်ဖူးသေးတယ်။ အဲဒီတုန်းကလည်း သေတာပဲ’’ဟု ဒေသခံအချို့ကပြောသည်။

လက်ရှိ ပြေးဆွဲနေသော ယာဉ်လိုင်းများသည် ခရီးသည်ရရှိရန် အပြိုင်အဆိုင် မောင်းနှင်ကြပြီး အချို့ ယာဉ်မောင်းသမားများမှာ သောက်စား မူးယစ်ပြီး မောင်းနှင်သူများလည်းရှိသည်ဟုဆိုသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှု နှင့်ပတ်သက်၍ မအူပင်ရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေပြီး ယာဉ်ပေါ်တွင် ခရီးသည် အမျိုးသား ကိုးဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင် ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment