Tuesday 3 February 2015

အရေးပေါ်အခြေအနေ သတိပေးချက်ကြောင့် ရန်ကုန်မြို့လယ် အထပ် ၂၀ မြင့် ဆာကူရာတာဝါမှ လူများ ဝရုန်းသုန်း ကား ဆင်းပြေးခဲ့ရ

ရန်ကုန်မြို့လယ်မှ အထပ် ၂ဝရှိ ဆာကူရာတာ ဝါ တွင် ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ပိုင်းက အရေးပေါ် အခြေအနေ အချက်ပြကိရိယာမှ သတိပေးချက်ကြောင့် တာဝါပေါ်မှလူများ ကြောက်ရွံ့ထိတ် လန့်ပြီး ဝရုန်းသုန်းကားဆင်းပြေးခဲ့ ရသည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ သည်ဟု ကျောက် တံတားရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းတင်က ပြောသည်။

ဆာကူရာတာဝါ ၁၉ လွှာရှိ အရေးပေါ် အချက်ပေး မီးအလန်း ခလုတ်တွင် ရေမတော် တဆဝင်ရောက်ခဲ့ သောကြောင့် ယင်းကဲ့သို့ အရေး ပေါ် အသံမြည်ရခြင်းဖြစ်သည်ဟု ယင်း၏ပြောကြားချက်အရ သိရသည်။ 

ကျောက်တံတားရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဝင်းတင်က ''အခြေအနေ ကတော့ အေးအေး ဆေးဆေးဖြစ် သွားပါပြီ။ မီးအလန်းခလုတ် ကို ရေထိ လို့ အခုလို လူတွေရုတ်ရုတ်သဲသဲ နဲ့ ဆင်းပြေးကြတာပါ။ မွန်းလွဲ ၃ နာရီလောက် ကဖြစ်တာပါ''ဟု ပြောသည်။

ယင်းနှင့်ပတ်သက် ၍ ဆာကူရာတာဝါတွင် ဖွင့်လှစ်ထားသည့် စား သောက် ဆိုင်မှ အမျိုးသမီးတစ်ဦးက ''ရုတ်ရုတ်သဲသဲဖြစ်သွားတာက ၁၅ မိနစ်လောက်ပဲ ကြာတာပါ။ မီးအလန်းခလုတ်ထဲကို ရေမတော်တဆ ဝင် သွားလို့ဖြစ်တာပါ။ အခုလက်ရှိတော့ ကျွန်မတို့ဆိုင်လဲ ဖွင့်ထားပါ တယ်။ အခြေအနေက အားလုံး အေးအေးဆေးဆေး ဖြစ်သွားပါပြီ''ဟု ပြောသည်။ 

ဆာကူရာတာဝါ သည် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် နိုင်ငံခြား ဧည့်သည်များ နေ့စဉ်ဝင်ထွက်သွား လာမှုများသည့်နေရာတစ် ခု လည်း ဖြစ်သည်။ 

KMZ
‎Democracytoday‬ 

No comments:

Post a Comment