Tuesday 3 February 2015

မွန်ပြည်နယ်၊ ခေါဇာမြို့တွင် ဒေါ်လာ ၁၂သန်းတန် အပန်းဖြေစခန်း တည်ဆောက်မည်

မွန်ပြည်နယ်၊ ခေါဇာမြို့တွင် ကန်ဒေါ်လာ ၁၂သန်းတန် အပန်းဖြေစခန်းတည် ဆောက်ရန် မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် စီမံကိန်းအကောင်အထည် ဖော်မည့် ကုမ္ပဏီတို့ ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ရေးမြို့နယ်နှင့် ၁၇ မိုင်ခန့်ကွာ ဝေးသည့် ကဗျာဝ ကျေးရွာအနီးမှ တောင်ဘက် မကျည်းချောင်းဝအထိ ရှစ်မိုင်ခန့်ရှည်လျားသည့် ပင်လယ်ကမ်းခြေတွင် အဆိုပါ အပန်းဖြေစခန်းကို တည်ဆောက်မည် ဖြစ် ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

''ကုမ္ပဏီဘက်ကတင်ပြတာ ကတော့ စီမံကိန်းပထမအဆင့်မှာ ကို အမေရိကန်ဒေါ်လာ ၁၂သန်းလျာ ထားတယ်။ ပြီးတော့ တိုးချဲ့မှုတွေ ထပ်လုပ်သွားမယ်ပြောပါတယ်။ ဒီစီ မံကိန်းက ဒေသခံအကျိုးစီးပွားတွေ လဲ ဖြစ်ထွန်းနိုင်တယ်။ ခရီးသွားလုပ် ငန်းတွေလဲ ဖွံ့ဖြိုးတိုးတက်စေနိုင်တဲ့ အတွက် ပြည်နယ်အစိုးရ အနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီသွားမှာ ပါ''ဟု ၎င်းက ပြောသည်။

စီမံကိန်းအကောင်အထည်ဖော် မည့် Aurun Company Limited သည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီမှ စတင်လေ့လာခဲ့ပြီး အစီရင်ခံစာအား ပြည်နယ်အစိုးရထံ ပြန်လည်တင်ပြ ထားပြီးဖြစ်ကြောင်း သိရသည်။ စီမံကိန်းတွင် အဆင့်မြင့်အ ခန်းပေါင်း ၁၂ဝကျော်ပါဝင်မည်ဖြစ် ပြီး ဝန်ထမ်း အိမ်ရာများ၊ ဟိုတယ်များ၊ ကားပါကင်များထည့် သွင်း တည်ဆောက် မည်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံသူများကိုပါ ဖိတ်ခေါ်ပြီး အထပ်မြင့်အဆောက် အအုံနှင့် သဘာဝခရီးသွားလုပ်ငန်း များကိုပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။

ကဗျာဝကမ်းခြေသည် ရေးမြို့ နယ်အတွင်း အလှဆုံးကမ်းခြေတစ်ခု ဖြစ်ပြီး ယခင်က လမ်းပန်းဆက်သွယ် ရေး မကောင်းခြင်းနှင့် ရေးမြို့နှင့် အ လှမ်းဝေးသောကြောင့် သွားရောက်အ ပန်းဖြေသူနည်းပါးသည်။

‎Democracytoday‬

No comments:

Post a Comment