Tuesday 3 February 2015

ဗြိတိန်တွင် ကလေးအဝလွန်မှုဖြစ်နှုန်းတန့်နေ

ကလေးမျာအဝလွန်မှုနှုန်း မြင့်တက် လျက်ရှိကြောင်း၊ ကလေးသုံးယောက်လျှင် တစ်ယောက်အဝလွန် နေကြောင်း၊ အသက် ၁၁ နှစ်မှ ၁၉နှစ်အရွယ်တွင် အဝလွန်မှုနှုန်း အတက်အကျမရှိဘဲ တန့်နေကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြနေသည်။
အင်္ဂလန်တွင် ၁၉၉၄ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း အဝလွန်ခြင်းနှုန်း မှန်မှန်တိုး မြင့်နေသည်ကို လေ့လာ တွေ့ရှိရကြောင်း၊ သို့ သော် လွန်ခဲ့သော ဆယ်စုနှစ်၌ အဝလွန် ခြင်းနှုန်း ၃၀ ရာခိုင်နှုန်းခန့်တွင်တန့်နေ ကြောင်း လေ့လာတွေ့ရှိရသည်ဟုဆိုသည်။

သို့သော်ငြားလည်း အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း အဝလွန်သည့်နှုန်းသည် မြင့်တက်လျက်ရှိသည်ဟု The King's College London မှ သုတေသီများကဆို သည်။ သို့ရာတွင် ထိုအခြေအနေမျှဖြင့် မိမိ ဘာသာမိမိကျေနပ်မနေသင့်ကြောင်း အင်္ဂလန်ပြည် သူ့ကျန်းမာရေးဌာနကဆိုသည်။

ဗြိတိန်တွင် ကလေးများအဝလွန်ခြင်းသည် နှလုံးရောဂါ၊ ဆီးချိုအမျိုးအစား-၂၊ ကင်ဆာရောဂါနှင့် မြုံခြင်း တို့ကဲ့သို့ပင် ကျန်း မာရေးဆိုင်ရာ ပြသနာဖြစ်နေသည်ဟု ကျွမ်း ကျင်သူများက ယုံကြည်နေကြသည်။

ယူကေတွင်အဝလွန်သော လူဦးရေ သည် လွန်ခဲ့သော ၂၅ နှစ်အတွင်း သုံးဆ တိုးလာသည်ဟု ကျန်းမာရေး ကျွမ်းကျင်သူ များကဆိုသည်။ ထို ၂၅ နှစ်တာကာလအ တွင်း ကလေးများအဝလွန်နှုန်းသည် မြင့် တက်လျက်ရှိသည်။ ယခုအခါ ယူကေတွင် ကလေးသုံးဦး လျှင် တစ်ဦးနှုန်းသာ အဝလွန်ခြင်းဖြစ်သည်။ ယင်း မှာ ကလေးငါးဦးလျှင် တစ်ဦးနှုန်း အဝ လွန်နှုန်းရှိနေရာမှ မြင့်တက်လာခြင်းဖြစ် ကြောင်း သိရသည်။

သို့သော် မကြာသေးမီကရသည့် တခြားသတင်းအချက်အလက်များအရဆိုလျှင် ယူကေတွင် ယခုအခါ ကလေး အဝလွန်နှုန်း တန့်နေသည် သို့မဟုတ် အနည်းငယ်ကျနေသည်။

Ref : BBC
‎Democracytoday‬

No comments:

Post a Comment