Tuesday 3 February 2015

ထိပ်တန်းသံတမန်တစ်ဦးလွှတ်ပေးရေး ဖိတ်ကြားသည်ကိုအမေရိကန်က ငြင်းပယ်ဟု မြောက်ကိုရီးယားကဆို

မြောက်ကိုရီးယားသို့ ထိပ်တန်း သံတမန်တစ်ဦး စေလွှတ်ပေးရန် ဖိတ်ကြားသည်ကို အမေရိကန်ပြည် ထောင်စုက ငြင်းပယ် သည်ဟုမြောက် ကိုရီးယားက ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားလိုက်သည်။

ယင်းမှာမြောက် ကိုရီးယား၏ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးကိစ္စနှင့် ပတ်သက်၍ သောင်မတင် ရေ မကျဖြစ်နေသည်ကို မြောက်ကိုရီးယားအပေါ် အပြစ် ဖို့ချရန် အမေရိကန်၏ကြိုးပမ်းချက် ဖြစ်သည်ဟု မြောက်ကိုရီးယားက စွပ်စွဲလိုက်သည်။

တိုကျိုနှင့် ပေကျင်းတို့တွင်လွန် ခဲ့သော သီတင်းပတ်၌ မြောက်ကိုရီး ယား၏ နျူကလီးယား အစီအစဉ် ကိစ္စဆိုင်ရာ ခြောက်နိုင် ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲ၏အ စိတ်အပိုင်းအဖြစ် ခြောက်နိုင်ငံတို့ မှ အရာရှိများနှင့်မြောက်ကိုရီးယား မှ ဆန်ကင်မ်တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။ မြောက်ကိုရီးယား၏ နျူက လီးယားအစီအစဉ်ကိစ္စပြီးပြတ်ရေး ကို မြောက်ကိုရီးယားက အလေးအနက်ထားကြောင်း ပြရမည်ဟု အဆို ပါ အစည်းအဝေးတွင် ဆန်ကင်မ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဆွေးနွေး ဖက် ဆန်ကင်မ်နှင့် တွေ့ဆုံရန်ဆန္ဒ ရှိသည်ဟု သူ၏အာရှခရီးတွင်ကင်မ် ဆန်က ပြောကြားခဲ့ သကဲ့သို့ပင် ကျွန်ုပ် တို့က ကင်မ်ဆန်ကို မြောက်ကိုရီး ယားသို့ လာရောက် လည်ပတ် ရန် ကျွန်ုပ်တို့က ဖိတ်ကြားပါသည်ဟု ဆန်ကင်မ်ကဆိုကြောင်း မြောက်ကို ရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အမည်မဖော်လိုသော ပြောရေးဆိုခွင့်ရှိသူက ပြောကြား သည်ကို ကိုး ကား၍ မြောက်ကိုရီးယား၏ KCNA ကဖော်ပြသည်။

သို့ရာတွင် မြောက် ကိုရီးယားက အလေးအနက်ထား၍ ဖိတ်ကြားသည်ကို အမေရိကန်က အလေးအနက် မထားကြောင်း၊ ယင်း မှာ မြောက်ကိုရီးယား၏ နျူကလီး ယားအစီအစဉ်ကိစ္စ သောင်မတင် ရေမကျဖြစ်နေ သည်ကို မြောက်ကို ရီးယားအပေါ်အပြစ်ဖို့ရန် အမေရိကန်က ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယား၏ မရိုးသားသော သဘောထားကြောင့် ဆွေးနွေးရေးနှင့် ဆက်သွယ်ရေးတို့မှာ အကောင်အထည်ပေါ် မလာရခြင်းဖြစ်ကြောင်း အပြစ်ဖို့ရန် အမေရိကန်ကကြိုးပမ်း ခြင်းဖြစ်ကြောင်း မစ္စတာဆန်ကင်မ် ကပြော သည်ဟု KCNA ကဖော်ပြ သည်။

အမေရိကန်နှင့် မြောက်ကိုရီး ယားတို့ တွေ့ဆုံဆွေးနွေးရန်စီစဉ် ထားသည်ဆိုသော သတင်းအမေရိကန် တွင် ဖြစ်နေသည်ကို အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုသည်။

Ref : The Straits Times
‎Democracytoday‬

No comments:

Post a Comment