Tuesday 3 February 2015

ဗိုလ်ကြီးတစ်ဦးကို မူးယစ်ဆေးမှုဖြင့် ဘားအံ မြို့မရဲစခန်းတွင် ဖမ်းဆီး

ဘားအံမြို့အခြေစိုက် အစိုးရတပ်မတော်ခြေမြန်တပ် ရင်းအမှတ် (၂၀၁)မှဗိုလ်ကြီးတစ် ဦးကို မူးယစ်ဆေး အမှုဖြင့် ဘား အံမြို့မရဲစခန်းကဖမ်းဆီးလိုက် ကြောင်းသတင်းရရှိသည်။

ဘားအံမြို့ရွှေဘားအံတည်း ခိုခန်းတွင်တည်းခိုနေစဉ် အဆိုပါ တပ်မတော်အရာရှိကို စိတ်ကြွ ဆေးပြား အနည်းငယ်လက်ဝယ် တွေ့ရှိ၍ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘တခြားသူကိုမိတာကနေ ဘယ်ဆီကရတာလဲလို့သူ့အခန်း ကိုလိုက်ပြီးတော့မှ သူကရောင်း တာပေါ့လို့ ဆိုတယ်’’ဟုအဆိုပါ ရဲအရာရှိကပြောသည်။ ဇန်နဝါရီ ၃၁ ရက်က ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်း၏ မိခင်တပ်ရင်းက ထပ်မံစစ်ဆေး ရန်ပြန်လည်ခေါ်ယူသွားပြီဖြစ် ကြောင်း သတင်းရရှိသည်။ ဘားအံမြို့မ စခန်းရဲတပ်ဖွဲ့ဝင်များက ဘားအံမြို့ပေါ်မှ အမျိုးသားတစ် ဦးကို ဇန်နဝါရီ ၃၁ ရက်နံနက်က ဖမ်းဆီး ခဲ့ပြီး နောက် အဆိုပါ တပ်မတော်အရာရှိကို ယင်းနေ့ည၌ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ထို့ပြင် အဆိုပါအမှုနှင့် ပတ်သက်၍ အရပ်သားသုံးဦးကိုပါ ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၄ ရက်က ရှမ်း ပြည်နယ်နမ့်ခမ်းမြို့တွင် မူးယစ် ဆေးရောင်းချသည့်ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဒေသခံများက ဖမ်းဆီး ခဲ့သည့်အမှု ဖြစ်ပွားခဲ့သေးသည်။မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးအတွက် အရပ် ဘက် အဖွဲ့အစည်းများက အင်တိုက်အားတိုက်လုပ်ဆောင်နေချိန်တွင် အစိုးရ တာဝန်ရှိသူများကိုယ်တိုင် မူး ယစ်ဆေးရောင်းဝယ်သုံးစွဲမှု၌ ယ ခုကဲ့သို့ပါဝင်ပတ်သက်နေခြင်း ကြောင့် ၎င်းတို့၏လုပ်ဆောင်မှုများ အတွက်ပါ ထိခိုက်မှုရှိနေကြောင်းကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ KBCသည် ရှမ်းနှင့်ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများက ဒေသတွင်း အစိုးရတာဝန်ရှိသူများ နှင့် ပူးပေါင်းလုပ်ဆောင်နေသည်။

7Day Daily 

No comments:

Post a Comment