Wednesday 24 December 2014

စာပေဟောပြောပွဲများကို တားမြစ်ခြင်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်ဟုဆို

စာပေဟောပြောပွဲများနှင့် ဟောပြောသူ စာရေးဆရာများကို တားမြစ်ခြင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့် ကိုပိတ်ပင် ရာကျ သည်ဟု  Pen Myanmar က ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန် လိုက်သည်။

စာပေဟောပြောပွဲများနှင့် ဟောပြောသူ စာရေးဆရာများကို တားမြစ်ဆန့်ကျင်သည့် အပြုအမူများကို အစိုးရအဖွဲ့ဝင်မဟုတ်ဘဲ လူထုအချို့က ပြုလုပ်နေသည်ဟုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ယင်းအပြင် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်သည် ကမ္ဘာ့နိုင်ငံအသီးသီးက လက်မှတ် ထိုးထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေ ညာစာတမ်းပါ မွေးရာပါလူ့အခွင့်အရေးဖြစ် သဖြင့် အစိုးရကဖြစ် စေ၊ မည်သည့် အဖွဲ့အစည်း လူတစ်ဦး တစ်ယောက် ကဖြစ်စေ တားမြစ်ခြင်းငှာ မသင့်လျော်ပါ ဟုလည်း   ထောက်ပြ ထားသည်။

Pen Myanmar ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် စာရေး ဆရာမ မသီတာ(စမ်းချောင်း)  “အဖွဲ့တွေရဲ့တရား လက်လွတ် လုပ်နေတာ ကိုအစိုးရက မဟန့်တားနိုင် တာ မတရားခံနေရတဲ့လူတွေ သိချင်တာ၊ သိပိုင်ခွင့်ကို မဖြည့်ဆည်းနိုင်ဘဲနဲ့ ခံနေရတဲ့ လူထုတွေ ဒီလူတွေရဲ့ အခွင့်အရေးကို မကာကွယ်ပေးနိုင် ဘူးဆိုတာက အစိုးရရဲ့ အားနည်းချက်တွေဖြစ်တယ်” ဟုလည်း မဇ္ဈိမကို ပြောသည်။

အဖွဲ့အစည်းများနှင့် လူထုအချို့က စာပေဟောပြောပွဲများနှင့် ဟောပြောသူများကို လိုက်လံ တားမြစ်နေခြင်း အတွက် အသိပညာပေးရန် အစိုးရတွင် တာဝန် ရှိသည် ဟုလည်း ၎င်းက ပြောသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ကို တန်ဖိုးထားသော အားဖြင့်မည်သည့် စာရေး ဆရာနှင့် စာပေဟော ပြောပွဲကို မဆိုတား မြစ်ခြင်းမပြု ပါရန်လည်း Pen Myanmar က အနူးအညွတ် ပန်ကြား လိုက်ကြောင်း ထုတ်ပြန်ထားသည်။

စာပေဟောပြောပွဲများနှင့် ဟောပြောသူများကို လိုက်လံတားမြစ်နေသည့် အဖွဲ့အစည်း၊ လူထုအချို့ ကိုတား မြစ်မှု မလုပ်ခြင်းသည် အစိုးရ၏ ပုံရိပ်ကို ထိခိုက်ေ စ သည်ဟု မသီတာ(စမ်းချောင်း)ကပြောသည်။

စာပေ ဟောပြောသူ စာရေး ဆရာများ ဘက်ကလည်း ဘာသာ တစ်ခုနှင့် တစ်ခုထိ ခိုက်စေသည့် အပြုအမူ အပြော အဆိုများကို သတိ ထားရန် လိုသည်ဟု စာပေဟောပြောပွဲများ ဟောပြောနေသည့် စာရေးဆရာ မောင်သာချိုက ပြောသည်။

၎င်းက “အရေးကြီးဆုံးက မတူညီတဲ့ လူမျိုးစုတွေ ဘာသာရေး အယူအဆ တွေကို ထိခိုက်အောင် မပြော ဆိုဖို့ ဟော ပြောသူတွေဘက်က လိုက်နာ သင့်ပါတယ်။

ဟောပြောရင်းလေသံမာကျော သွားတာမျိုး တို့ကအစ သတိထား သင့်ပါတယ်။ စာပေချည်း သက်သက် ဟောပြောတဲ့ စာရေးဆရာ ကိုတော့တားမြစ် တာတွေ မရှိပါ ဘူး။ အခုက ဘာသာရေးနဲ့ ပက်သက်တဲ့ ပွဲတွေကို နယ်တွေမှာ လိုက်လံ တားမြစ်တာပါ” ဟုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က ချောင်းဦးမြို့နယ် သုံးပန်လှ ကျးရွာတွင် ပြုလုပ်ခဲ့သည့် စာပေဟော ပြောပွဲတွင် ဦးထင်လင်းဦး ၏ဟောပြောချက် အချို့ သည် ဘာသာ၊ သာသနာကိုစော်ကားသည် ဟူသောစွပ် စွဲချက်ဖြင့် ၎င်းကို တရားစွဲဆိုပြီး မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment